NEWS

အလုပ်သမားတွေကိုဖိနှိပ်ပြီး နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်လုပ်နေတဲ့စက်ရုံမှာ စံချိန်တောင်းတဲ့အတိုင်းမရပါက အလုပ်မှထုတ်ပယ်တာတွေပြုလုပ်နေဟုဆို

CoverLogo
1.3K Views

FSBN,USA,BLACK SQUAD စတဲ့နိုင်ငံတကာအမှတ်တံဆိပ်တွေကို CMP စနစ်နဲ့ချုပ်လုပ်နေတဲ့ MYANMAR TIANNAN GARMENT CO,LTD    အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို စံချိန်တောင်းထားတဲ့အတိုင်းမရပါက ဥပဒေမဲ့  အလုပ်မှထုတ်ပယ်တဲ့အထိပါ ပြုလုပ်နေလို့ အခက်အခဲကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့စက်ရုံလုပ်သားတွေကပြောပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှာ  ဖွင့်လှစ်ထားပြီး အလုပ်သမား ၆၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ မှာ အလုပ်သမားတွေအတွက် ဥပဒေပါ ခံစားခွင့်တွေဆုံးရှုံးနေရသလို အလုပ်မှ ဥပဒေမဲ့ထုတ်ပယ်တာတွေပြုလုပ်နေတာတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့လဲသိရပါတယ်။

စက်ရုံမှာ အားကစားဝတ်စုံများချုပ်လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လမှာ လုပ်ငန်းစတင်လည်ပတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာအလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေမရရှိတာ ရှောင်တခင်ခွင့်ယူပါက ငွေကြေးဖြတ်တောက်တာ အလုပ််တစ်ရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ်နှင့် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် အပါ စုစုပေါင်း ၁၄၈၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

ဒါ့အပြင် နေမကောင်းလို့ ခွင့်ရက်ပျက်လျှင် တနင်္ဂနွေနေ့အတွက် ပိုက်ဆံဖြတ်တောက်ခံရတယ်လို့လဲဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ တရုတ်အမျိုးသမီးမှ တိုက်ရိုက်အုပ်ချုပ်တာတွေပြုလုပ်နေပြီး ယင်းကိုယ်တိုင် အထည်စံချိန်တွေ မတရားတောင်းခံတာ စံချိန်မပေးနိုင်ပါက အလုပ်ထွက်ခိုင်းတာတွေပြုလုပ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အလုပ်သမားတစ်ယောက်ကို တစ်နာရီကို အထည် ၅၀ တောင်းတာပါ စံချိန်မပေးနိုင်ရင် အလုပ်ကထွက်ဆိုပြီး ခြိမ်းခြောက်တာတွေလုပ်တယ် လိုင်းစူပါ လီတာတွေကိုလည်း အလုပ်သမားတွေဆီက စံချိန်ရအောင်မတောင်းနိုင်လို့ဆိုပြီး လစာ လျှော့ပေးတာတွေ လုပ်တယ် မရရင် ထပ်လျှော့မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလမှာလည်း စံချိန်အထည်မပေးနိုင်တဲ့ လိုင်းတစ်လိုင်းက အလုပ်သမား ၃၀ ကျော်ကို ဥပဒေမဲ့ အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

စက်ရုံတွင်းမှာ နေ့စားအလုပ်သမားတွေ ခိုင်းစေတာရှိပြီး နံနက် ၇ နာရီ ၃၀ မှ ညနေ ၄ နာရီ ၃၀ ထိ တစ်နာရီလျင် ၅၀၀ ကျပ်နှုန်းနဲ့ ခိုင်းစေနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။

"သူတို့ မလိုချင်တဲ့လူဆို ချက်ချင်းတန်းထုတ်ပစ်လိုက်တာ EC စာချုပ်လည်း ချုပ်မထားတော့ ထုတ်ချင်တဲ့ တဖက်သက်စည်းကမ်းတွေထုတ်ပြီး ဝမ်တိမ်လက်မှတ် ထိုးခိုင်းတာတွေလုပ်တယ် ခိုင်းတာလဲ ဥပဒေမဲ့ အလုပ်ထုတ်တာလဲ ဥပဒေမဲ့ပဲ"လို့ အလုပ်သမားတစ်ဦးပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့  ယခုကဲ့သို့ ဥပဒေမဲ့ အလုပ်ထုတ်ပယ်တာ နိုင်ငံခြားသားမှ တိုက်ရိုက်အုပ်ချုပ်တာ တွေမပြုလုပ်ဖို့  ခွင့်ခံစားခွင့်တွေပေးဖို့ နဲ့ EC စာချုပ်မချုပ်ဘဲ တဖက်သက်စည်းကမ်းချက်တွေ မထုတ်ဖို့ တောင်းဆိုလို တယ်လို့ သိရပါတယ်။

#MyanamrLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026