NEWS

အလုပ်သမားတစ်ထောင်ကျော်ရှိတဲ့ ကျင့်ကျန့်ထုန်လီ အထည်ချုပ်စက်ရုံလုပ်သားများ တစ်နေ့လုပ်ခ ၅၆၀၀ ကျပ်ရရှိသည်အထိတောင်းဆိုမယ်ဟုဆို

CoverLogo
888 Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် နဝဒေးမင်းကြီးလမ်း က Zhejiang Tongli  အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တစ်နေ့လုပ်ခကျပ်၅၆၀၀ ရရှိသည်အထိ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

" တောင်းဆိုထားတဲ့အချက်တွေက ၁၁ချက်တောင်းဆိုထားတာ။ တောင်းဆိုထားတဲ့အထဲမှာက  ဥပဒေနဲ့ပတ်သက်တဲ့ အချက်တွေကအဆင်ပြေတယ်။ အကျိုးစီးပွားနဲ့ပတ်သက်တာကျတော့ တောင်းဆိုထားတာက ဒေးကြေး၅၆၀၀ အချိန်ပိုကတော့ဒေးကြေးတိုးသလိုတိုးရမှာ၊ နောက်တောင်းဆိုထားတာက  နှစ်ကြေး စက်ရုံမှာက ABC ဆိုတဲ့ ဂရိတ်ကြေးမရှိဘူး။ ဒေးကြေးနှစ်ကြေးရက်မှန်ကြေး အခြားဟာမရှိဘူး။ အလုပ်သမားကတောင်းဆိုထားတာက  ABC ဂရိတ်ကြေးပေးဖို့ A သမားကိုငါးသောင်း B သမားကိုလေးသောင်း C သမားကိုသုံးသောင်းဆိုပြီးတောင်းထားတယ်။ ဒီလောက်တော့  သူတို့မပေးနိုင်ဘူး။ လျှော့ပြီးပြန်ပေးမယ်ဆိုပြီးငွေအမောင့်ကိုတော့ပြန်ပြောမယ်ဆိုပြီး အဆင်ပြေသွာတယ်။ 
နှစ်ကြေးကိုလည်းသုံးလကနေစပြီးတောင်းထားတယ်။ သုံးလကိုငါးထောင် တစ်နှစ်ကိုတစ်သောင်း နှစ်နှစ်သမားကိုနှစ်သောင်းအလုပ်သမားကတောင်းထားတာ။ စက်ရုံဘက်ကသူတို့မပေးနိုင်ဘူး။ သုံးလကနေစပြီး သုံးလကိုသုံးထောင် ခြောက်လကို၅ထောင်အဲလိုဆိုပြီးလုပ်လိုက်တာ  ညှိလိုက်တာ နှစ်ကြေးကကိုလည်းသူတို့စဉ်းစားမယ်။ မနက်ဖြန် ဇွန် ၇ ရက်နေ့မှာလက်ဆွေးနွေးမယ်” လို့ပြောလာတယ်လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားစုစုပေါင်း ၁၅၄၀ ဦးဖြင့် H&M အမှတ်တံဆိပ်တွေကို ချုပ်လုပ်လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်ကာ ၂၀၁၅ ဇူလိုင်က စတင်စက်ရုံဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။  

လက်ရှိမှာတော့ အလုပ်သမားတွေက

၁။ အလုပ်သမားများရဲ့ လုပ်ခလစာနဲ့ ကုန်စျေးနှုန်းမှာ လက်ရှိရရှိနေသောဒေးကြေးနဲ့ ကိုက်ညီမှုမရှိခြင်း၊ တစ်ချို့သောစက်ရုံများတွင်လည်း ဒေးကြေများတိုးမြင့်ပေးနေသောကြောင့်   ဒေးကြေး၅၆၀၀ ကျပ်ပေးရန်။

၂။လုပ်သက်နှစ်အလိုက်  ၆လပြည့်ပြီးတစ်နှစ်အတွင်းအလုပ်သမားများကို  ၅၀၀၀ကျပ်၊ တစ်နှစ်ပြည့်ပြီးနှစ်နှစ်အတွင်းအအလုပ်သမားများကို  ၁၀၀၀၀ကျပ်၊ နှစ်နှစ်ပြည့်ပြီးသုံးနှစ်အတွင်းအလုပ်သမားများကို  ၂၀၀၀၀ကျပ်၊ သုံးနှစ်ပြည့်ပြီးလေးနှစ်အတွင်းအလုပ်သမားများကို  ၃၀၀၀၀ကျပ်၊လေးနှစ်အထက်အလုပ်သမားကို ၄၀၀၀၀ကျပ်ပေးရန်။

၃။ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုအလိုက်  ကျွမ်းကျင်ကြေးအဖြစ် A(50000) B(40000) C(30000)အဖြစ် သတ်မှတ်ပေးရန်။ 
အလုပ်သမားများ ချုပ်လုပ်နိုင်တဲ့ စံချိန်များအတိုင်း အထည်ဆုကြေးပေးရန်။

၄။ အလုပ်သမားများက ခွင့်များယူလျှင်  စက်ရုံဘက်မှ ရက်မှန်ကြေးမဖြတ်တောက်ရန်၊ ဖြတ်တောက်မည်ဆိုပါက ရှေ့၁၅ရက် နောက်၁၅ရက် ခွဲ၍ဖြတ်တောက်ရန်။

၅။ စက်ရုံထဲမှာ သန့်ရှင်းမှုမရှိခြင်း၊  အိမ်သာတံခါးများမကောင်းခြင်း၊ မိလ္လာပြည့်နေခြင်းများရှိနေခြင်းကြောင့် အလုပ်ရှင်မှ ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ပေးရန်။

၆။ စက်ရုံမှ ထမင်းစားဆောင်များသည်  လူဦးရေနှင့် ခုံမျှတလုံလောက်မှုမရှိခြင်းတို့ကြောင့်               အလုပ်သမားများ အောက်ကြမ်းပြင်တွင် ထမင်းထိုင်စားရခြင်းများရှိနေသဖြင့်အလုပ်ရှင်အနေဖြင့်  လူဦးရေနှင့်ခုံ လုံလောက်အောင်ပြုလုပ်ပေးရန်  စတဲ့တောင်းဆိုချက်များအပါအဝင်

တောင်းဆိုချက်၁၁ချက်ကို   အဆိုပါအလုပ်သမားများကတောင်းဆိုခဲ့ရာ  မနေ့ကဇွန်လ၅ရက်နေ့က ညှိနှိုင်းဆွေးနွေးမှုကြောင့် တောင်းဆိုမှုအချို့ပြေလည်မှုရရှိထားပြီး ကျန်ရှိနေတဲ့တောင်းဆိုချက် ၁၊ တောင်းဆိုချက်၂နဲ့ တောင်ဆိုချက်၄ တို့အတွက်  ဇွန်လ ၇ ရက်နေ့မှာ ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူညီမှုရရှိထားတာဖြစ်တယ်လို့ အလုပ်သမားများထံမှ သိရပါတယ်။

အလုပ်သမားကတောင်းဆိုထားတဲ့ ၅၆၀၀ ကျပ်ကိုတော့ သူတို့ဘယ်လိုမှမေပေးနိုင်ဘူးလို့ပြောဆိုထားတာကြောင့် အလုပ်သမားများကလည်း  ဒေးကြေး၅၆၀၀ရရှိသည်အထိ လုပ်ငန်းခွင်အတွင်း အလုပ်ရပ်နားကာ တောင်းဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026