NEWS

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ပုဒ်မ ၁၇(၁)နဲ့ စတင်ရုံးထုတ်

CoverLogo
1.5K Views

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-Tusf ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဦးသက်နှင်းအောင်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးပြီး တစ်နှစ်ကျော်အကြာမှာ  မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် က တရားရုံးမှာ စတင်ရုံးထုတ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လက ရန်ကုန် တောင်ဒဂုံမြို့နယ်က MICS-TUsF အဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာကြောင့် ကိုသက်နှင်းအောင် တိမ်းရှောင်ခဲ့ ရပြီး အဲဒီနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“ခုက သထုံမြို့နယ် ဈေးမသွယ် ထောင်မှာရောက်နေတယ် ခုသူ့ကို ပေါင်မြို့နယ် တရားရုံးမှာ ၁၇ (၁) နဲ့ အရပ်ဖက်တရားရုံးမှာစပြီးတော့အမှုစစ်နေပြီ လို့ကြားရပါတယ်”လို့ MICS-TUsF ရဲ့ အထွေထွေလက်ထောက်အတွင်းရေးမှူး (၁) ကိုနေလင်းအောင်က ပြောပါတယ်။

ကိုသက်နှင်းအောင် ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှုရှိတယ်လို့ သိရပါတယ်။

“ကျန်းမာရေးကတော့ ကောင်းတယ် ဒါပေမယ့်လို့ ခုချိန်ထိ ဘာပုဒ်မတွေပါသေးလည်းတိတိကျကျမသိရသေးဘူးပေါ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်နှစ်ကျော်ကြာပြီ ခုချိန်ထိလည်း ရုံးထုတ်တာဆိုတော့ တော်တော်လေးစိုးရိမ်ရပါတယ် နောက်တခုက ကိုသက်နှင်းအောင်က အလုပ်သမားခေါင်းဆောင်ပဲလုပ်တာ တခြားကျူးလွန်ခဲ့တာ ဘာမှ မရှိဘူး အဲ့တာကိုအခုလိုဖြစ်တော့ စိုးရိမ်တာပေါ့” လို့ယင်းက ပြောဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး  အကျပ်အတည်း တွေကြားမှာ လုပ်သမားတွေလည်း ကျပ်တည်းနေကြပြီး  အလုပ်သမားအရေး ကျွမ်းကျင်နားလည်တဲ့ သူတွေ အလုပ်သမားတွေကို ကူညီပံ့ပိုးနေတဲ့ လူတွေကို အခုလို ဖမ်းဆီးထန်းသိမ်းထားတာက  ဘယ်သူ့အတွက်မှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ အလုပ်သမားသမားအရေးလှုပ်ရှားသူ ကိုနေလင်းအောင်က သုံးသပ်ပြောဆိုပါတယ်။

“ပြောချင်တာကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေ ကို ပြန်လွှတ်ပေးဖို့လိုတယ် ဒီခေါင်းဆောင်တွေအနေနဲ့ လွတ်လွတ်လပ်လပ် သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင် ခွင့်ပြန်ပေးဖို့လိုတယ် အရပ်သားအစိုးရဖြစ်လာမှလည်း ဒါတွေက ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်
အမြန်ဆုံး အရပ်သားအစိုးရပေါ်ပေါက်လာဖို့လည်း ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်” လို့ အခုဖြစ်စဉ်အပေါ် ကိုနေလင်းအောင်ကပြောဆိုပါတယ်။

ကိုသက်နှင်းအောင်တို့လို အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက် အလုပ်သမားအရေး လုပ်ဆောင်ရာမှာ လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်လို့ မရတော့ပေမယ့် တတ်နိုင်သလာက် အကူအညီပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ လည်း သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ အလုပ်သမားရေး ကူညီဆောင်ရွက်ရတာတွေက အဆင်ပြေမှုမရှိတော့တာကြောင့် လက်ရှိမှာ အလုပ်ရှင် အလုပ်သမား အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးတာပြုလုပ်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

“လွတ်လွတ်လပ်လပ်ရပ်တည်ခွင့်မရှိတော့ဘူး ဘာဖြစ်လို့ လည်းဆိုတော့ ကျတော်တို့ ခေါင်းဆောင်ကိုလည်း ဖမ်းဆိးထိန်းသိမ်းခံထားရတယ် ရုံးတွေကိုလည်း ဝင်ပြီးတော့ရှာဖွေတာတွေ  စီးနင်းတာတွေခံထားရတဲ့အခါမှာ အခုချိန်မှာ ကျွန်တော်တို့အနေနဲ့ လွပ်လပ်ပွင့်လင်းစွာ အလုပ်လုံးဝလုပ်လို့ မရတော့ဘူး ခိုးကြောင်ခိုးဝှက် အလုပ်လုပ်နေရတယ် အဲ့အနေအထားမှာရှိတယ် နောက်တခုကတော့ လက်ရှိအလုပ်သမားရေးအခြေအနေက အလုပ်သမားခေါင်းဆောင်တွေ မရှိတော့တဲ့အခါမှာတော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာပေါ့ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အလုပ်သမားတွေကို တတ်နိုင်သလောက် အကူအညီပေးတဲ့လုပ်ငန်းစဉ်တွေကိုလုပ်နေတယ် သုံးပွင့်ဆိုင် လက်တွဲပြီးတော့တော့ အလုပ်မလုပ်တော့ဘူး” လို့ ကိုနေလင်းအောင်က ပြောဆိုပါတယ်။

လက်ရှိမှာ ကိုသက်နှင်းအောင် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဆီကိုလည်း ဆက်သွယ်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

 


Related posts

Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ
Nov 15, 2025
Cover
Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း
Nov 15, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Nov 13, 2025
Cover
Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်
Nov 12, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025