NEWS

အလုပ်သမားကိုယ်စားလှယ်ရှေ့နေများအား လက်မခံသည့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်မှု အလုပ်သမားများ နစ်နာရ

CoverLogo
1K Views

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားနှစ်ဦးရဲ့ ကိုယ်စားလှယ်တွေကို လက်မခံခဲ့ဘဲ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်မှုကြောင့် အလုပ်သမား အမျိုးသမီးနှစ်ဦး နစ်နာခဲ့ရတယ်လို့ ကူညီရေး လုပ်ဆောင်ပေးနေသူ တဦး က ပြောပါတယ်။ 

 

“စစ်ဆေးခဲ့တုန်းက လုပ်ငန်းရှင်ဘက်က ရှေ့နေလက်မှတ်ကိုင်ဆောင်ထားသူလည်း မဟုတ်၊ မန်နေဂျာ လည်း မဟုတ်ဘူး၊ ကိုယ်စားလှယ်လွှဲစာ အပြည့်အစုံလည်း မပါတဲ့ လုပ်ငန်းရှင်ကိုယ်စားလှယ်ကို ခုံသမာဓိအဖွဲ့က လက်ခံ တယ်။ အလုပ်သမားဘက်က တရားဝင် ရှေ့နေလိုင်စင်နဲ့ ရှေ့နေ အလုပ်သမားကိုယ်စာလှယ်ကိုတော့ လက်မခံ ခဲ့ဘူး။ အဲဒီ စစ်ဆေးတော့ အလုပ်သမားတွေက ဘယ်လို ဖြေရှင်းရမလဲ။ ဒါက ခုံသမာဓိအဖွဲ့က ဘက်လိုက်တာ၊ လုပ်ငန်းရှင်နဲ့ ပေါင်းပြီး အလုပ်သမားကို အနိုင်ကျင့်တာလို့ပဲ ပြောချင်ပါတယ်” လို့ ကူညီရေး အဖွဲ့ဝင်တဦးက ပြောပါတယ် ။ 

MLA UNIFORM နဲ့ တခြားအမှတ်တံဆိပ်ချုပ်နေပြီး အမှတ် ၁၄၅ ၊ ပြင်စည်မင်းသားကြီးလမ်း၊ ရွှေပြည်သာ စက်မှုဇုန် (၃)က Myanmar Lucky Phoenix International Co.,Ltd အထည်ချုပ် စက်ရုံကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးအဖွဲ့က ဝင်ရောက် စစ်ဆေးပြီး မဆောင်းသဇင်အပါ နှစ်ဦးကို အချိန်ပိုကြေး ရမရ မေးမြန်းခဲ့ရာမှာ အချိန်ပိုကြေး မရရှိကြောင်းကို အမှန်တိုင်း ထွက်ဆိုခဲ့တာကြောင့် စက်ရုံဘက်က နိုဝင်ဘာလ ၁၉ ရက်မှာ အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီအတွက် အလုပ်သမားနှစ်ဦးက ဖြေရှင်းမှု အဆင့်ဆင့်ဆောင်ရွက် ခဲ့ပေမဲ့ ပြေလည်မှုမရခဲ့တာကြောင့် ခုံသမာဓိအဖွဲ့ကို တင်ပြ ဆုံးဖြတ်ပေးဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။ 

 

ရန်ကုန်တိုင်းခုံသမာဓိအဖွဲ့မှာ ဖြေရှင်းရာမှာ ခွင့်ပြုထားတဲ့ ရှေ့နေအဖွဲ့တွေပဲ လိုက်ပါဆောင်ရွက်ခွင့် ရှိတယ်ဆိုပြီး ခုံအဖွဲ့ရဲ့ အလုပ်ရှင်ကိုယ်စားလှယ်ဘက်က ပြောကြားလို့ အလုပ်သမားနှစ်ဦးရဲ့ ကိုယ်စားလှယ် ရှေ့နေတွေမပါဘဲ လို့ တဖက်သတ် စစ်ဆေးမေးမြန်း ဆောင်ရွက်ခဲ့ပါတယ်။ 

 

“ဆုံးဖြတ်ချက်ချတော့ တောင်းဆိုလွှာနဲ့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ထွက်ဆိုချက်တွေကို ပစ်ပယ်ပြီး အလုပ်သမား ကိုယ်စားလှယ်မပါဘဲ အလုပ်သမားကိုပဲ လိုရာမေး ဆုံးဖြတ်ခဲ့တာ။ ပြောချင်တာက အလုပ်သမား ကိုယ်စားလှယ် ရှေ့နေတွေမပါဘဲ မျှတတဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်လား ဆိုတာမျိုးပါ” လို့ ကူညီရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။  

အလုပ်သမား ၂ ဦးက “ကြားကာလနစ်နာကြေးနှင့် အလုပ်ပြန်ခန့်ပေးဖို့ ” တောင်းဆိုထားပေမဲ့ စစ်ဆေးချိန်မှာ ကိုယ်စားလှယ်မပါတဲ့ အလုပ်သမားတွေက “ ကြားကာလနစ်နာကြေးပေးမှ အလုပ်ပြန်ဆင်းမည်” လို့ ပြောတယ်ဆိုပြီး ခုံအဖွဲက သုံးသပ်ခဲ့တာဖြစ်ပါတယ်။ 

“ ဆုံးဖြတ်တော့ “အလုပ်သမားများအနေဖြင့် ကြားကာလ နစ်နာကြေးမရပါက ပြန်လည်မလုပ်လိုကြသဖြင့်” ဆိုပြီး သုံးသပ်တာပေါ့ ။ ပြီးတော့ “အလုပ်သမားဒေါ်ဆောင်းသဇင်အပါ (၂) ဦးအား နို့တစ်ကြေး၊ ကြားကာလ နစ်နာကြေး ပေးစရာမလိုကြောင်းဆိုပြီး ဆုံးဖြတ်တယ် ။ အချိန်ပိုကြေးမပေးတာကို မပေးဘူး ပြောတော့ အလုပ် ထုတ်တယ်။ ပြဿနာက စက်ရုံ ပြဿနာ ။ အလုပ်ထုတ်တော့ လုပ်ခတွေ နစ်နာရတယ်။ ခုံအဖွဲ့ရောက်တော့ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို လက်မခံဘဲ ကြားကာလ နစ်နာကြေးပေးစရာ မလိုဘူးလို့ ဆုံးဖြတ်တယ်။ အလုပ်သမားတွေ ဘယ်လောက်နစ်နာလဲ။ စဉ်းစားသာကြည့် ။” လို့ ပြောပါတယ်။ 

 

ဒီဆုံးဖြတ်ချက်ကို ရန်ကုန်တိုင်း ခုံသမာဓိအဖွဲ့မှာ လုပ်ငန်းရှင် ကိုယ်စားလှယ်သုံးဦး၊ အစိုးရဌာနကိုယ်စားလှယ် သုံးဦး နဲ့ အလုပ်သမားကိုယ်စားလှယ် နှစ်ဦး တို့က လက်မှတ်ထိုးထားတာကြောင့် ခုံသမာဓိအဖွဲ့ရဲ့ ဖွဲ့စည်းပုံ ကလည်း ဝေဖန်စရာဖြစ်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026