NEWS

အလုပ်လျှောက်ပါက ငွေကြေးတောင်းခံ၊ လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက်ကျူးလွန်နေ

CoverLogo
961 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် - ရှိ ACE APPAREL  အထည်ချုပ်စက်ရုံမှာ အလုပ်လာလျှောက်သူတွေထံက ကြီးကြပ်သူအချို့က ငွေကြေးတောင်းခံတာ လုပ်ငန်းခွင်အတွင်းမှာ ကိုယ်ထိလက်ရောက်ကျူးလွန်တာ လူမှုဖူလုံရေး ခံစားခွင့်တွေမရတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။ 

လိုင်းမန်နေဂျာ တစ်ဦးမှ အလုပ်သမားများ အလုပ်လာလျှောက်ပါက ငွေကြေးတောင်းခံတာတွေရှိပြီး စက်လိုင်းထဲမှ အလုပ်သမားများအပေါ်မှာလည်း ရိုင်းစိုင်းကာ ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေလုပ်နေတယ် လို့ အလုပ်သမားတွေကပြောပါတယ်။

"L.B7 က မန်နေဂျာ ဒေါ်--- က အလုပ်လိုတဲ့သူတွေကို ပိုက်ဆံ ယူပြီးအလုပ်သွင်းပေးတယ်။ပြီးရင်အကြောင်းအမျိုးမျိုးပြပြီး အလုပ်ပြန်ထုတ်တယ်။ ဝန်ထမ်းတွေအပေါ်လည်း ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုရုံသာမက ကိုယ်ထိလက်ရောက်လဲအမြဲလုပ်တယ် ။ သူမကျေနပ်ရင်မကျေနပ်သလို စိတ်မကြည်ရင်မကြည်သလို ဝန်ထမ်းတွေကို အလုပ်ဖြုတ်ချင်တိုင်းဖြုတ်တယ်"လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတိုင်းထည့်ဝင်၊ ခံစားခွင့်ရှိတဲ့ လူမှုဖူလုံရေးခံစားခွင့်တွေမရတာ ဥပဒေပါ ခွင့်ခံစားခွင့်တွေမရတာနဲ့ အချိန်ပိုအဓမ္မခိုင်းစေတာတွေ ရှိနေတာကြောင့် နစ်နာမှုတွေဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။

"လူမူဖူလုံရေးကတ်ကိုလည်း ၄လ ကျော်မှ ထုတ်ပေးတယ် ။ ကျန်းမာရေးမကောင်းလို့ ဥပဒေပါခွင့်တင်ရင် လိုင်းမန်နေဂျာက ဆူဆဲတယ်။ လူမူဖူလုံရေး ဆေးခွင့် တင်ရင်လည်း ဒေးကြေးထဲကဖြတ်တယ် လမဖကို လစဥ် နှစ်ထောင်ကျော်သွင်းနေရပြီး လမဖကလည်းပြန်ရတာမျိုးမရှိဘူး ။ညနေဘက် အချိန်ပို ot ခေါ်ရင်လည်း အလုပ်ဆင်းခါနီးမှ လက်မှတ်အတင်းလိုက်ထိုးခိုင်းတယ်။  လက်မှတ်မထိုးရင် ot မဆင်းရင် လိုင်း မန်နေဂျာကပြောဆိုလုပ်တယ်။ တစ်ခါတလေ ၄ခွဲကနေ ၈နာရီထိ အနားမပေးဘဲ ot ဆက်ဆင်းရတယ်  တနဂ်နွေ ot ခေါ်လို့ မဆင်းရင် လိုင်းမန်နေဂျာက ဝမ်တိန်ထိုးခိုင်းတယ် " လို့အဆိုပါ စက်ရုံ မှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

အဆိုပါစက်ရုံဟာ  ကိုရီးယားနိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၁၀၀၀ ခန့်နဲ့ blue summer brand ကို ချုပ်လုပ်နေတာဖြစ်ပါတယ်။အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေက တောာင်းဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026