NEWS

အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဆွေးနွေးရာမှာ အလုပ်ရှင်က ရဲနဲ့စစ်တပ်ကိုခေါ်ယူ

CoverLogo
916 Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဖန်ချက်ဝန်ဦးရွှေအိုးလမ်းမှာဖွင့်လှစ်ထားတဲ့ Beaume International Garment မှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေဆွေးနွေးရာမှာ အလုပ်ရှင်ဘက်က ရဲနဲ့စစ်တပ်ခေါ်ယူခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံဟာ POPULAR International Garment နဲ့ ဝန်းတခုထဲမှာဖွင့်လှစ်ထားတာဖြစ်ပြီး Beaume International Garment အနေနဲ့ ထပ်မံဖွင့်လှစ်ကာ ယခင်စက်ရုံအလုပ်သမားတွေကို ပြောင်းလဲလုပ်ကိုင်စေပြီး ၂ ရုံလုံးမှာရောထွေးလုပ်ကိုင်နေရတာ ၃ နှစ်ကျော် ရှိပြီလို့ အလုပ်သမားကပြောပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေအနေနဲ့ မည်သည့်စက်ရုံတွင် အတည်တကျလုပ်ကိုင်ရမည်ကို သိရှိလိုတာ ယခင်စက်ရုံတွင် လုပ်ကိုင်ခဲ့သော လုပ်သက်များကို ထပ်ပေါင်းသတ်မှတ်ပေးတာမရှိလို့ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အလုပ်ရှင် အလုပ်သမား ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုဆွေးနွေးရာမှာ အလုပ်ရှင်ဘက်က ရဲနဲ့ စစ်တပ်ကိုခေါ်ယူခဲ့ပြီး ည ၉ နာရီအချိန်ထိ ရှင်းလင်းခဲ့ကြပေမဲ့ ရလာဒ်ထွက်မလာဘူးလို့ အလုပ်သမားကပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေကို စက်ရုံ ၂ ရုံတွင် ရောထွေးခိုင်းစေနေပြီး အထည်စံချိန် အဆမတန်တောင်းခံတာ အထည်ချုပ်လုပ်သားတစ်ဦးကို အထည်စံချိန် တစ်နာရီလျင် ၅၀ မှ ၆၀ ထိ သတ်မှတ်တောင်းခံတာ စံချိန်တောင်းရာမှာ ဆဲဆို အော်ဟစ် တဲ့ စူပါ အောစူပါတို့ကြောင့် စိုးရိမ်စိတ်တွေနဲ့ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေဖြေရှင်းပေးတာမရှိဘူးလို့ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း လုပ်သက် ၈ လမှ ၉ လအထိ  ရှိသည့် အကူ နေ့စားအလုပ်သမားတွေရှိပြီး အလုပ်ပါးလျင် အလုပ်မှ ထုတ်ပယ်ခြင်း အလုပ်ရှိလျင် ခိုင်းစေခြင်းများပြုလုပ်တာ အတည်ပြုဝန်ထမ်းအဖြစ်ခန့်အပ်တာမရှိဘဲ ဒေးကြေး ၄၈၀၀ ကျပ် အိုတီ တစ်နာရီ ၆၀၀ ကျပ်နဲ့ ခိုင်းစေနေလို့ နစ်နာမှုတွေ ရှိနေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

ထပ်မံပြီး အသက် ၁၈ နှစ်အောက် လူငယ် လူရွယ် လုပ်သားတွေကို ကျန်းမာရေးနှင့်မညီညွတ်သော နေရာများတွင် ခိုင်းစေနေပြီး လုပ်ငန်းခွင်ထဲမှာ အနံ့ဆိုးများ ညှော်နံ့ များအကြားလုပ်ကိုင်နေရပြီး အန္တရာယ်မကင်းသော လုပ်ငန်းခွင်ဖြစ်နေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

ဥပဒေပါ ခံစားခွင့်ဖြစ်တဲ့  ရှောင်တခင်ခွင့် ခွင့်တွေ မရလို့ အလုပ် တစ်ရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၂၇၀၀၀ ကျပ် ဖြတ်တောက်ခံရပြီး အော်ဒါ အရေးကြီးတဲ့အကြောင်းပြချက်နဲ့ အောနိုက် အောလင်း အချိန်ပိုတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ခိုင်းစေပြီး ငြင်းဆန်ပါက ခွဲခြားဆက်ဆံခြင်း ဖိအားပေးဆင်းခိုင်းတာတွေ ပြုလုပ်ကျုးလွန်လျက်ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့  Popular စက်ရုံတွင်လုပ်ခဲ့သောလုပ်သက်များကို Beaume စက်ရုံတွင် တရားဝင်လုပ်သက်ဆက်ပေးရန် ဥပဒေပါ ခွင့်ခံစားခွင့်များ ပေးရန် အချိန်ပို အောလင်းအောနိုက်များကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖိအားပေးဆင်းခိုင်းခြင်း မပြုလုပ်ရန် လုပ်ငန်းခွင်ထဲအနံ့ဆိုးများထွက်ပေါ်နေမှုကို ရှင်းလင်းပေးရန် လုပ်သက် ၃ ကျော်တဲ့ အနေ့စားအလုပ်သမားတွေကို အတည်ပြုခန့်အပ်ပေးဖို့နဲ့ ဒေးကြေး အိုတီကြေးများ အပြည့်အဝပေးချေရန် အထည်စံချိန်တောင်းခံရမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာတောင်းခံရန် အလုပ်ရှင် အလုပ်သမားဆွေးနွေးချိန်မှာ အလုပ်နှင့်မသက်ဆိုင်သော ရဲနှင့် စစ်သားများကိုလုပ်ငန်းခွင်ထဲခေါ်ယူခြင်းမပြုရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး I’Z FRONTIER၊ THE TOUGH၊ Beaume၊ Royal Mail စတဲ့အမှတ်တံဆိပ် အနွေးထည်၊ ဂျာကင်ထည်၊ ဂျာကင်ဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေကို အလုပ်သမား ၁၁၀၀  ကျော်နဲ့ ချုပ်လုပ်နေတာလို့ သိရပါတယ်။

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026