NEWS

အလုပ်ဗီဇာသက်တမ်းတိုးလုပ်ဆောင်ရမယ့် မြန်မာလုပ်သား ၁ ဒသမ ၈ သန်း အတွက် ထိုင်းအစိုးရက နေထိုင်ခွင့် ၆လ ထပ်တိုးပေး

CoverLogo
421 Views
 
ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း တိုး လုပ်ဆောင်ရန် စောင့်ဆိုင်းနေတဲ့ မြန်မာလုပ်သား ၁ဒသမ ၈သန်း အတွက် ယာယီ နေထိုင် အလုပ်လုပ်ခွင့် ကို ထိုင်းအစိုးရက ၆လ ထပ်မံ သက်တမ်းတိုးပေးလိုက်တယ်လို့ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြား အလုပ်သမား များ နေထိုင် အလုပ်လုပ်ခွင့်သက်တမ်းတိုးရေးကိစ္စနဲ့စပ်လျဉ်းတဲ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ ပြီးနောက် မြန်မာလုပ်သားတွေ အတွက် သက်တမ်းတိုးလုပ်ငန်းစဉ် ကာလနောက်ထပ် ၆လ ထပ်မံ တိုးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ အလုပ်လုပ်ကိုင်ခွင့် ဗီဇာကုန်ဆုံးခဲ့တဲ့ မြန်မာလုပ်သားတွေ အတွက်ထပ်မံသက်တမ်းတိုး လုပ်ငန်းစဉ် တွေ လုပ်ဆောင်ရန် ထိုင်းအစိုးရက လာမည့် ဩဂုတ် ၁၃ ရက်နေအထိ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့ပေမယ့် စစ်ကောင်စီဘက် မှ အတည်ပြုချက် စောင့်နေရသဖြင့် မြန်မာလုပ်သားတွေ သက်တမ်း တိုးလုပ်ငန်းစဉ် အချိန်မှီ လုပ်နိုင်ရန် ထိုင်းအစိုးရက နောက်ထပ် ၆လ ထပ်မံ တိုးပေးတာ ဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
အခုလို ၆လ ထပ်မံ သက်တမ်း တိုးပေးတဲ့ အတွက် မြန်မာအလုပ်သမား သက်တမ်းတိုးလုပ်ဆောင်ထားသူတွေ အနေနဲ့ ဩဂုတ် ၁၄ ရက်မှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ထပ်မံ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
 
အလုပ်ဗီဇာသက်တမ်းတိုးရန်စောင့်ဆိုင်းနေသူတွေ အနေဖြင့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုထားတဲ့ ခြောက်လာတာကာလအတွင်း ကျန်းမာရေးစစ်ဆေးရန်၊ လိုအပ်တဲ့ အာမခံဝယ်ရန်၊ လိုအပ်သည့်စာရွက်စာတမ်းများ ပြင်ဆင်ထားရန်စတဲ့ လုပ်ငန်းစဉ် တွေ ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အလုပ်လုပ်ခွင့်သက်တမ်းတိုးပေးချိန်ရောက်ရှိလာပါက မိမိတို့၏ ပတ်စပို့စ် သို့မဟုတ် CI စာအုပ်တွေရဲ့ လက်ကျန်သက်တမ်း မှာ အနည်းဆုံးခြောက်လ ရှိရမှာ ဖြစ်ပြီး သက်တမ်းကုန်ဆုံးခါနီးပါက ကြိုတင်သက်တမ်းတိုးထားဖို့ လိုတယ်လို့ ဆိုပါတယ်။
 
မြန်မာသံရုံး ဗန်ကောက် အနေနဲ့ လည်း ယခုဇွန်လ အတွင်းမှာ CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ်အတွက် စခန်းများ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026