NEWS

အလုပ်ပိတ်ရက် မပေးဘဲ တစ်ဖက်သတ် ခိုင်းစေ

CoverLogo
709 Views
တရုတ်နိုင်ငံသားပိုင် LITA MYANMAR Co.,ltd မှာ အလုပ်ရှင်ဘက်က တရားဝင် အလုပ်ပိတ်ရက်တွေကို အနားမ ပေးတဲ့အပြင် အစားထိုး အလုပ်ဆင်းရက်နဲ့ အချိန်ပိုဆင်းရက်တွေကို တိတိကျကျ သတ်မှတ်ပြောဆိုတာမရှိဘဲ တစ်ဖက်သတ် ခိုင်းစေတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
ဒီစက်ရုံကို ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၄) ၊ စက်ဆရာဦးထွန်းလမ်းမှာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါ တယ်။ လူဦးရေ (၈၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂမရှိဘဲ ချိုးဖောက်တာ တွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
စက်ရုံမှာ BURTLE၊ URBAN RESEARCH DOORS၊ Golden Bear၊ စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။
“အခုလည်း အလုပ်ပိတ်ရက်နဲ့ အစားထိုးဆင်းရမယ့်ရက်တွေကို စက်ရုံ၊ အလုပ်ရုံတွေပါ ပါတယ်ဆိုပြီး တစ်ခြားရုံ တွေ (၃) ရက်၊ (၄) ရက်ပိတ်လည်း ကျွန်မတို့စက်ရုံမှာ မပိတ်ပေးပါဘူး။ တပေါင်းလပြည့်နေ့ ပြက္ခဒိန်ထဲက အတိုင်း တစ်ရက်ဘဲပိတ်ပေးမယ် တိုင်ချင်တဲ့နေရာတိုင်လို့ အလုပ်ရှင်ဘက်က ပြောပါတယ်။ ရက်စားတွေကိုလည်း ဘယ် ရက်အတွက် ခေါ်နေလဲဆိုတာကို အလုပ်သမားတွေကို မပြောပါဘူး။ အလုပ်ရှင်သဘောအတိုင်း အလုပ်သမားတွေ က လုပ်ပေးနေရပါတယ်။ အလုပ်ခေါ်ရင်တော့ အွန်လိုင်းပေါ်ကနေ လစာအများကြီးပေးမယ်ဆိုပြီး ခေါ်ပါတယ်။ အ လုပ်ရလို့ လစာထုတ်ရင်တော့ မှန်းထားသလောက်ကို လစာကမရပါဘူး။ အဲဒါကြောင့်လည်း အလုပ်ထဲမှာ လူမမြဲပါ ဘူး။ မြဲနေတာဆိုလို့ မသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ အလုပ်သင်တွေ၊ အလုပ်လာလျှောက်တဲ့သူတွေပဲ ရှိပါ တယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
အချိန်ပိုနာရီခေါ်ယူရာမှာ စနေနေ့ကိုလည်း ညနေ (၆) နာရီခွဲအထိ အမြဲခေါ်တဲ့အပြင် တနင်္ဂနွေနေ့တွေကိုလည်း ရက်စားဆင်းရသလို၊ အချိန်ပိုအိုတီ ဆင်းရသလိုနဲ့ တရားဝင်ချပြတာမရှိဘဲ ခိုင်းစေနေပါတယ်။ ဥပဒပါ ခွင့်ခံစားခွင့်တွေ မရတာကို တိုင်ကြားတာတွေ အကြိမ်ကြိမ် လုပ်ဆောင်နေပေမယ့် မရသေးလို့ လူမှုဖူလုံရေး ထည့်ဝင်ကြေးတွေ လစဉ်တိုင်း ကျပ်(၃၀၀၀) နီးပါး ဖြတ်တောက်ခံနေရပေမယ့် ခံစားခွင့် မပေးဘူးလို့ သိရပါတယ်။
ဥပဒေပါ ခွင့်ခံစားခွင့်တွေ မရတာကြောင့် တစ်ရက်ပျက်ပါက ဒေးကြေး (၇၈၀၀) ကျပ်နဲ့ ရက်မှန်ကြေး (၂၅၀၀၀) ကျပ် ဖြတ်တောက်ခံနေရတာပဲ ဖြစ်ပါတယ်။
“အရင်ကတည်းက စက်ရုံမှာ ဥပဒေမဲ့ အလုပ်ထုတ်တာတွေက ခဏခဏ လုပ်ပါတယ်။ ရှေ့လကလည်း Packing ဌာနက အလုပ်သမားတစ်ဦးကို လူလျှော့တာဆိုပြီး အလုပ်ထဲဝင်မခံဘဲနဲ့ Notice ကြေးပေးပြီး တစ်ယောက်တည်း ကို အလုပ်ဖြုတ်ပါတယ်။ တစ်ခုခုဆို ပြောရဲဆိုရဲရှိတဲ့သူတွေကို အလုပ်ကထုတ်တာ ခဏခဏ လုပ်ပါတယ်။ အခွင့်အရေး ချိုးဖောက်လို့ အလုပ်သမားရုံးက လာစစ်တဲ့သူတွေကလည်း စက်ရုံဘက်ကို အလုပ်ထုတ်ဖို့ အကြံပေး ပြီး ပိုက်ဆံယူပြီး ပြန်ကြပါတယ်။ အလုပ်သမားတွေကို ဒေးကြေးပေးတာမမျှတလို့ စုပေါင်းတောင်းဆိုတုန်းက လည်း အင်းစိန်အလုပ်သမားရုံးက စက်ရုံဘက်ကကာပြီး ပြောပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
ဒီလိုလုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်တာတွေ လုပ်ဆောင်နေတာကြောင့် စက်ရုံအလုပ်သမားတွေက ကူညီဖြေရှင်း ပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေက စနေ၊ တနင်္ဂနွေနေ့တွေကို အပတ်တိုင်း အချိန်ပိုမခေါ်ဖို့၊ အလုပ်သမားရုံးက ထိရောက် စွာ စစ်ဆေးပြီး အရေးယူပေးဖို့၊ ဥပဒေပါခွင့်ရက်တွေ ခံစားခွင့်ရဖို့နဲ့ အကြောင်းပြချက် မခိုင်လုံဘဲ အလုပ်မထုတ်ဖို့ စတာတွေကို လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026