NEWS

အလုပ်ထွက်တဲ့ အလုပ်သမားအပေါ် လုပ်ခလစာ အပြည့်မပေးဘဲ ခေါင်းပုံဖြတ်နေ

CoverLogo
849 Views

ဒဂုံ မြို့သစ် အရှေ့ပိုင်းမြို့နယ်၊ သမိန်ဗရမ်းလမ်း၊ ဒဂုံတက္ကသိုလ် အနီး၊ အမှတ်(- ) မှာ ဖွင့်လှစ်ထားတဲ့ AYY Garment စက်ရုံက အလုပ်သမားခေါင်းဆောင်တွေဟာ  အလုပ်ထွက်သွားတဲ့  အလုပ်သမားတွေအပေါ် လုပ်ခလစာခေါင်းပုံဖြတ်တာတွေပြုလုပ်နေတယ်လို့  အလုပ်သမားထံက သိရပါတယ်။ 

"ကျွန်တော်က AYY အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့သူပါ။ကျွန်တော်က၂၁ ရက်နေ့ ၈ လပိုင်း ၂၀၂၄ မှာစဝင်ခဲ့ပါတယ်။ကျွန်တော်၂ ရက်နေ့ထိအလုပ်ဆင်းပါတယ်။၅ ရက်နေ့လစာသွားထုတ်တော့ လုံခြုံရေးက ၁၀ ရက်နေ့မှ လစာထုတ်လို့ရမယ်လို့ပြောပါတယ်။ကျွန်တော်တို့က၂ ရက်နေ့ထိ ဆင်းတဲ့အတွက် ကျွန်တော်တို့တွေ ဒီနေ့ထုတ်ပေးပါလို့ပြောတော့ ခဏစောင့်ဆိုပြီးတော့ ပြန်ထွက်လာတော့ ၆ရက်နေ့မှာပြန်လာခဲ့လို့ပြောတယ်။ ၆ရက်နေ့သွားတော့တခါ လုံခြုံရေးကဘယ်သူပြောလိုက်လို့ပြန်လာလဲပေါ့။၁၀ ရက်နေ့မှထုတ်ပေးမှာလို့ပြောတယ်။HR ကလည်းထွက်လာပါတယ်ထွက်လာပြီးတော့တရုတ်ကပိုက်ဆံသိမ်းထားလို့ဆိုပြီးတော့ကျွန်တော်တို့ ၁၀ ရက်နေ့မှာပြန်လာဖို့ပြောတယ်။ကျွန်တော်တို့တွေလည်းမရဘူးဆိုတော့ အကြာကြီးပဲ အချိန်ကုန်ခံပြီးတော့စောင့်နေခဲ့တယ်။စက်ရုံရှေ့မှာစောင့်နေတော့ တရုတ်ကခြံရှေ့မှာ မစောင့်နဲ့  ဟိုဘက်နေရာမှာသွားစောင့်လို့ပြောပါတယ်" လို့ အလုပ်သမားကဆိုပါတယ်။ 

အလုပ်သမားတွေက လုပ်ခလစာထုတ်ရန်လာပေမဲ့  လုပ်ခလစာမထုတ်ပေးခြင်း ၊ ခေါင်းဆောင်များမှ လုပ်ခလစာ ခေါင်းပုံဖြတ်ခြင်း၊ အထည်ကြေးများမပေးခြင်း" စေသာ လုပ်ငန်းခွင် ချိုးဖောက်မှုများကို ပြုလုပ်နေလို့ လုပ်ခလစာရရှိဖို့အလုပ်သမားရုံးကို ဖုန်းဆက်သွယ်တောင်းခဲ့ရာ တနင်္ဂနွေပိတ်ရက်ခကိုနှုတ် ပြီး လစာကို၉ရက်စာထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 
                   
"ကျနော်တို့က လစာမထုတ်ပေးဘူးဆိုတော့အလုပ်သမားရုံးကို ဖုန်းဆက်ပြီးတော့တောင်းခိုင်းပါတယ်။ အဲ့တော့မှခဏစောင့်ဆိုပြီးတော့ စက်ရုံထဲမဝင်ရပါဘူး။HR ထွက်လာမပေးဘဲ နဲ့ လိုင်းစူပါကိုထွက်လာပြီးပေးခိုင်းပါတယ်။ပေးတော့ လစာက၂၁ ရက်နေ့ကနေ ဆင်းတဲ့အတွက် တနင်္ဂနွေနေ့ခကို ဖျက်ပြီးတော့ ၉ ရက်ခပဲပေးပါတယ်။အထည်ကြေး တွေမပေးပါဘူး အထည်ကြေးတွေကို မန်နေဂျာယူထားတာပါ။လစာက ၉ ရက်ခကို ၁၀၄၀၀၀ ရပါတယ်။အထည်ကြေးနဲ့ ချုပ်တဲ့စက်ရုံဖြစ်တယ်အတွက်အထည်ကြေး ကိုမန်နေဂျာ ကတလိုင်းကို တစ်ခါရပါတယ်။လိုင်းက(၁၁)လိုင်းရှိတယ်အတွက် သူက(၁၁)လိုင်းခရပြီး အလုပ်ထွက်သွားတဲ့အလုပ်သမားတွေမှာ နစ်နာမှုတွေ ဖြစ်ပေါ်နေတယ် လို့ အလုပ်သမားကဆိုပါတယ်။ 

အဆိုပါစက်ရုံမှာ အထည်ကြေးကို မန်နေဂျာက တစ်သိန်းရပြီး all super နဲ့  superက  ၅သောင်း၊ လီတာ၅သောင်း၊ကျန်တာကိုလိုင်းသားတွေကို မန်နေဂျာခွဲပေးပေမဲ့  ဂရိတ်ချင်းတူပေမယ့် လစာချင်းမတူဘဲ ခွဲခြားပေးချေမှုတွေရှိနေတာလို့လည်းပြောပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026