NEWS

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၇ ဦး ညှိနှိုင်းရေးမှအပြန် သမဂ္ဂအတွင်းရေးမှူး အမျိုးသမီးတစ်ဦးကိုဖမ်းဆီးသွား

CoverLogo
1.4K Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Hosheng Myanmar အထည်ချုပ်စက်ရုံက  အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံရပြီး အလုပ်သမားသမဂ္ဂအတွင်းရေးမှူး မသူသူစံဖမ်းဆီးခံခဲ့ရတယ်လို့ သိရတယ်။

"သူသူစံရဲ့ဖုန်းကိုလဲသိမ်းထားတယ် စစ်တပ်က သတင်းတင်တဲ့အထဲမှာ ဗိုလ်မှူးရဲ့ပုံပါသွားလို့ ဖမ်းတာလို့ပြောပါတယ် ထွေအုပ်ရုံးအပေါက်မှာတခါတည်ခေါ်သွားတာပါ"လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

ယနေ့ ဇွန် ၁၄ ရက် ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ သွားရောက်ညှိနှိုင်းပြီးအပြန် မသူသူစံကို အရပ်ဝတ်နဲ့ရဲတွေ ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

“ ရွှေပြည်သာ ထွေအုပ်ရုံးမှာ ညှိနှိုင်းဖို့ခေါ်ထားတာပါ အပြန်မှာ မသူသူစံကို အရပ်ဝတ်နဲ့လူနှစ်ယောက်က ကားပေါ်ကနေခေါ်သွားတာ မျက်နှာတော့အရမ်းမတွေ့ရဘူး မှန်အမဲဆိုတော့" လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

" ခေါ်တဲ့အချိန်မှာ မသူသူစံက တစ်ယောက်ထဲမလိုက်ချင်ဘူးငြင်းတော့ မေသူမင်း ကိုပါခေါ်တယ် ခေါ်သွားတဲ့ မေသူမင်းကို ရွှေပြည်သာ ထွေအုပ်ရုံးအနီးက ရဲစခန်း တစ်ခုမှာ မေသူမင်းကို ထားခဲ့တယ်"လို့ သိရပါတယ်။

နေ့လယ် ၁၂ နာရီဝန်းကျင်ကတည်းက မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်​ပြီး ယခုအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့အလုပ်သမား ၇ ဦးကို ဇွန်လ ၁၀ ရက်နေ့က အလုပ်ထုတ်လိုက်တာဖြစ်ပြီး Hosheng စက်ရုံရဲ့ ထုတ်ပြန်စာမှာတော့ အဆိုပါ အလုပ်သမား ၇ ယောက်ကို စက်ရုံတွင်းတည်ငြိမ်နေသောအနေအထား ကို ဆူပူမှုဖြစ်ပေါ်စေရန် ရည်ရွယ် ၍ သွေးထိုးလှုံ့ဆော်ခြင်း၊ စက်ရုံမှူးအား ခြိမ်းခြောက်ပြောဆိုခြင်း ကုန်ထုတ်လုပ်မှုကျဆင်းစေရန် တမင်လုပ်ဆောင်ခြင်းတို့ကြောင့် အလုပ်မှထုတ်ပယ်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါအလုပ်သမား သမဂ္ဂခေါင်းဆောင်  ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ  စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

Hosheng Myanmar စက်ရုံမှ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ZARA နဲ့ Inditex တို့ချုပ်လုပ်တာဖြစ်ပါတယ်။

#MyanmarLabourNews 
Photo-မသူသူစံအားတွေ့ရစဥ်။


Related posts

Cover
အွန်လိုင်းမှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယားသို့ တရားမဝင်သွားမည့် မြန်မာ ၁၆ ဦး ထိုင်းတွင် အဖမ်းခံရ
Jan 12, 2026
Cover
Golden Five Myanmar အထည်ချုပ် လုပ်သား ၃၀၀ ကျော် တောင်းဆိုမှု ပြုလုပ်နေ
Jan 12, 2026
Cover
လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တောင်းဆိုမှု ညှိနှိုင်း အဆင်ပြေ
Jan 11, 2026
Cover
Sen yu အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်း အဆင်မပြေ
Jan 11, 2026
Cover
ရှိရှောင်ကွေ့ အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား အလုပ်ထုတ်
Jan 11, 2026
Cover
JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်
Jan 11, 2026