NEWS

အလုပ်ချိန် ၁၀ နာရီအတွက် အထည် ၇၀၀ စံချိန်သတ်မှတ်တောင်းခံ၊ ခွင့်ခံစားခွင့်မရဘဲ လုပ်ကိုင်နေရ

CoverLogo
787 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် YOYIKA GARMENT စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော်နဲ့ natural plus၊ as-ideal စတဲ့အမှတ်တံဆိပ် အင်္ကျီတွေချုပ်လုပ်နေတာဖြစ်ပြီး အလုပ်ချိန် ၁၀ နာရီအတွက် အထည်စံချိန် ၇၀၀ သတ်မှတ်တောင်းခံနေတာကြောင့် အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ ပမာဏကို သာသတ်မှတ်တောင်းခံစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စက်လိုင်းတစ်လိုင်းမှာ အလုပ်သမား အယောက် ၄၀ လောက်ရှိတယ် အလုပ်ချိန် ၁၀ နာရီကို လိုင်းပေါက်အထည် ၇၀၀ တောင်းခံပါတယ် အလုပ်ရှင်ဘက်ကတောင်းတဲ့အထည်စံချိန်မရရင် အောစူပါ စူပါတွေက စက်လိုင်းထိပ်ကနေပြီး အသံကျယ်ကျယ်နဲ့ အော်ဆဲပါတယ် အဲ့လိုဆဲပြီး အထည်တောင်းလို့ အသည်းအသန်ချုပ်ရင်း ပဲကျတာတွေရှိရင် ဝမ်တိမ်ထိုးခိုင်းပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာလည်း နေ့စားအအလုပ်သမားတွေရှိပြီး လုပ်သက် ၆ လရှိပေမဲ့ အတည်ပြုဝန်ထမ်းမခန့်အပ်ဘဲ နေ့စားအဖြစ်သာ ခိုင်းစေပြီး ဒေးကြေး ၃၆၀၀ ကျပ်သာပေးချေပြီး အလုပ်လုပ်ကိုင်ရာမှာ  အခြားအလုပ်သမားတွေနည်းတူလုပ်ကိုင်နေရတာဖြစ်လို့ နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတိုင်း ခံစားခွင့်ရှိတဲ့ ဥပဒေပါ ခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် ဆေးခွင့်များခံစားခွင့်မရဘဲ လူမှုဖူလုံရေးကြေးထည့်ဝင်ရပြီး ခံစားခွင့်တွေဆုံးရှုံးနေတာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့အလုပ်သမားကပြောပါတယ်။

အလုပ်သမားတစ်ယောက်အနေဖြင့် ဖျားနာ ခွင့်ယူပါက ခွင့်မရဘဲ တရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၃၅၀၀၀ ကျပ် ဖြတ်တောက်ခံနေရလို့ နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စက်လိုင်းအတွင်းမှာလည်း သန့်ရှင်းရေး ဝန်ထမ်းမထားရှိဘဲ အထည်ချုပ်လုပ်သားတွေမှ အလှည့်ကျသန့်ရှင်းရေး လုပ်ဆောင်ပေးနေရသေးတယ်လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိတဲ့ ခွင့်ရက်များ လူမှုဖူလုံရေးခံစားခွင့်များပေးရန် လုပ်သက် ၃ လကျော်ပြီးသော နေ့စားအလုပ်သမားများအား အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်နှင့် ဒေးကြေး ၄၈၀၀ ကျပ် ပေးရန်  လုပ်ငန်းခွင်အတွင်း အောစူပါ စူပါ ဝန်ထမ်းများမှ အထည်စံချိန်တောင်းခံရာမှာ အလုပ်သမားများကို အော်ဟစ်ခြင်း ဆဲဆိုခြင်းမပြုလုပ်ရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။
 

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026