NEWS

အမြဲတမ်းဝန်ထမ်းကို အလုပ်ကနေ ရပ်စဲပါက အလုပ်ထုတ်နစ်နာကြေး မပေးလိုတဲ့ ပြဿနာတွေရှိလာ

CoverLogo
4.4K Views

ဥပဒေအရ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းပြည့်ပြီးတဲ့ အလုပ်သမားကို အလုပ်ကနေ ရပ်စဲလိုပါက အလုပ်ရှင်ဘက်က အလုပ်ထုတ်နစ်နာကြေး မပေးလိုတဲ့ ပြဿနာတွေရှိလာတယ်လို့ အလုပ်သမားအရေးကူညီနေသူတွေက ပြောပါတယ်။

လတ်တလောမှာ အလုပ်သမားတချို့ကို အလုပ်ရှင်တချို့က အမြဲတမ်းဝန်ထမ်းအဖြစ်ကနေ တစ်နှစ်ချင်းသာ စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်လာတာ ဖြစ်ပြီး ဒီအခြေအနေဟာ အလုပ်သမားတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးရနိုင်တဲ့ အခြေအနေတစ်ရပ်ဖြစ်နေတယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။

အလုပ်သမားအင်အားစုများအဖွဲ့က တာဝန်ရှိသူတစ်ဦးက"သူက ဘယ်နေရာတွေမှာ စာချုပ်ကို ရပ်စဲလို့ရလဲဆိုတဲ့ခါကျတော့ လုပ်ငန်း ဆက်ပြီးတော့ မလည်ပတ်နိုင်တော့ဘူးပေါ့နော်၊ လုပ်ငန်းရပ်ဆဲမယ်ဆိုတဲ့ အခြေအနေတစ်ခုမှာ စာချုပ်ရပ်ဆဲနိုင်တယ်၊နောက်တစ်ခုက အလုပ်သမားက စာချုပ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်တယ်ပေါ့နော်၊ စာချုပ်ပါ ကြီးလေးသောပြစ်မှု၊ သာမန်ပြစ်မှုပေါ့၊ အဲ့လိုပြစ်မှုမျိုးတွေကို ကျူးလွန်တဲ့အခါမှာ ကြီးလေးသောပြစ်မှုဆိုရင် တစ်ကြိမ်ပေါ့နော်၊ သာမန်ပြစ်မှုဆိုလို့ရှိရင် တစ်နှစ်အတွင်းမှာ လေးကြိမ်ပေါ့၊ အဲ့လိုကျူးလွန်တယ်ဆိုရင် သူက စာချုပ်ရပ်ဆဲလို့ရတယ်၊ သူက အလုပ်က ထုတ်ပယ်လို့ရတယ်ပါ့နော်၊ အဲ့ဒီစာချုပ်ပါ စည်းကမ်းချက်တွေ ကိုချိုးဖောက်လို့ အလုပ်ထုပ်ခံရတယ်၊ စာချုပ်ရပ်ဆဲခံရတယ်ဆိုရင်တော့ သူက ဘာခံစားခွင့်မှ မရတော့ဘူး၊ ဒီ နစ်နာကြေးတို့ ဘာတို့ပေါ့နော်၊ စသဖြင့် အဲ့ဒါတွေမရတော့ဘူး၊ သူ့ရဲ့ လုပ်ခကျန်ငွေတော့ သူရမယ်၊လုပ်သက်ခွင့်ကြေးတို့ သူ့ရဲ့လုပ်ခကျန်ငွေတို့တော့ သူရမယ်၊အလုပ်ထုတ်နစ်နာကြေးကတော့ သူမရတော့ဘူးပေါ့နော်။"

"နောက်တစ်မျိုးကတော့ အလုပ်ရှင်ဘက်က ရပ်တာပေါ့၊ စာချုပ်ကို အလုပ်ရှင်ဘက်က လုပ်ငန်းဆက်ပြီးတော့ မလည်ပတ်နိုင်တော့လို့ ရပ်တာပေါ့နော်၊ အဲ့လိုတွေရပ်တဲ့ ပုံစံမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့  အလုပ်ရပ်စဲ နစ်နာကြေးပေးရမယ်၊ အလုပ်သမားကို သူဆက်ပြီးတော့ မလည်ပတ်နိုင်တော့လို့ စာချုပ်ကို ရပ်စဲရမယ်ဆိုလို့ရှိရင်ပေါ့၊ အဲ့လို အခြေအနေမျိုးမှာ ဆိုလို့ရှိရင်တော့ သူက၊ တချို့ကျတော့ အခုဖြစ်နေတယ်၊စာချုပ်သက်တမ်း တစ်နှစ်ပြည့်သွားတာပေါ့၊တစ်နှစ်ပြည့်သွားပြီ၊ ဆက်မချုပ်တော့ဘူး၊ အလုပ်သမားမှာလည်း ဘာအပြစ်မှတော့မရှိဘူး၊ အလုပ်ရှင်က လူလျှော့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စာချုပ်ဆက်မချုပ်တော့ဘူးပေါ့နော်၊ လူလျှော့တာလည်းဖြစ်နိုင်တယ်၊ သူ့လုပ်ငန်း အပြီးပိတ်သိမ်းတာလည်းဖြစ်နိုင်တယ်ပေါ့နော်၊ အဲ့လို အခြေအနေမျိုးတွေမှာ စာချုပ်သက်တမ်းပြည့်သွားရင် သူက ဒီအလုပ်ထုတ်နစ်နာကြေး ပေးစရာမလိုတော့ဘူးဆိုတဲ့ ပြဿနာမျိုးတွေ ကျွန်တော်တို့ ကြားတော့ကြားနေရပြီ" လို့ Myanmar Labour News ကိုပြောပါတယ်။

စာချုပ်သက်တမ်းကိုတော့ အလုပ်ရှင်နဲ့ အလုပ်သမားသဘောတူတဲ့ အခြေအနေပေါ်မှာ မူတည်ကာ တစ်နှစ်၊ နှစ်နှစ် စာ ချုပ်ဆိုကြပြီး ဘယ်နှစ်နှစ်အထိ ချုပ်ဆိုရမယ်ဆိုတဲ့ သက်တမ်းကိုတော့ ဥပဒေအရ ကန့်သတ်ထားတာမရှိဘူးလို့ သိရပါတယ်။

"စာချုပ်သက်တမ်းနဲ့ပတ်သက်လို့ကတော့ ဥပ‌ဒေမှာ တိတိကျကျ ပြောထားတာမရှိဘူး၊ ဒါပေမယ့် သူက တစ်ခုရှိတာက ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ နဲ့ စာချုပ်သက်တမ်းကို ရပ်စဲလို့မရဘူးပေါ့နော်၊ စာချုပ်သက်တမ်း ဆက်မတိုးပဲနေလို့ မရဘူးဆိုတဲ့ အချက်တော့ရှိတယ်၊ စာချုပ်ထဲမှာလည်း ပါပါတယ်၊ အဲ့ဒီအချက်ကလေ စာချုပ်ပါ ၂၁ချက်ထဲလည်း ပါတယ် အီးစီစာချုပ်၊ ဒီ သက်တမ်းတိုးတဲ့နေရာမှာ အကြောင်းပြချက်ခိုင်လုံမှု မရှိပဲနဲ့ ဒီစာချုပ်ကို ရပ်စဲလို့မရဘူးဆိုတဲ့ တစ်ချက် ပါတယ်ပေါ့နော်"လို့ အလုပ်သမားအင်အားစုများအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဥပဒေအရ စာချုပ်ရပ်စဲနိုင်တဲ့ အ‌ချက်ဟာ အလုပ်ရှင်ဘက်က လုပ်ငန်းဆက်လက်မလည်ပတ်နိုင်တော့တာနဲ့ အလုပ်သမားဘက်က စာချုပ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့ အခြေအနေမျိုးမှာမှ စာချုပ်ရပ်စဲနိုင်တယ်လို့ သိရပါတယ်။

အလုပ်သမားဘက်က စည်းကမ်းချက်ချိုးဖောက်ထားတာ မရှိဘဲနဲ့ စာချုပ်ကိုရပ်ဆိုင်းမယ် ဆိုပါက အလုပ်ထုတ်နစ်နာကြေးပေးရမှာ ဖြစ်သလို  အလုပ်သမားဘက်က ရစရာ ကျန်ငွေ၊ လုပ်သက်ခွင့်ရက်တွေကျန်ပါက လုပ်သက်ခွင့် ကြေး စတာတွေကိုလည်း တစ်ခါထဲ ရှင်းပေးရမယ်လို့ သိရပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026