NEWS

အမျိုးသမီးအလုပ်သမား အပေါ်ကိုယ်ထိလက်ရောက်ကျူးလွန်လို့ ဖြေရှင်းပေးရန် တောင်းဆိုတဲ့ အလုပ်သမားတွေ အလုပ်ထုတ်ခံရ

CoverLogo
692 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်လမ်းရှိ (CHARIS COMPANY LLMITED )ပန်းပုထုတ်လုပ်တဲ့ စက်ရုံမှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူး လွန်မှုဖြစ်ပွားခဲ့ပြီး ဖြေရှင်းပေးရန် ဆန္ဒပြတောင်းဆိုတဲ့  အလုပ်သမားတွေကို  စက်ရုံက အလုပ်ထုတ်လိုက်တာကြောင့် နစ်နာခဲ့ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အောက်တိုဘာ၂၁ ရက်နေ့က အလုပ်သမားတွေရဲ့ ဆုကြေးပေးရမှာကို  ၃၁ ရက်နေ့ထိ ဆုကြေးမရလို့ ပေးဖို့အခါခါ ပြောတာကို စက်ရုံဘက်က နေ့​ရွှေ့ည​​ရွှေ့ လုပ်နေလို့ အလုပ်သမားတွေက ဆုကြေးမရရင်အိုတီမဆင်းပဲပြန်ကြမယ်ဆိုပြီး  စက်ရုံအပြင်ထွက်ဖို့ အခြားလူတွေကိုစောင့်နေတာ တရုတ်ဆရာက ညီမကိုနောက်ကလိုက်ဆွဲပြီးစောင့်တွန်းတယ်။  နောက်ထပ် အလုပ်သမားအမျိုးသမီးတဦးကလဲ ညီမကိုလဲလိုက်ဆွဲပြီးခြံစည်းရိုးနားမှာစောင့်တွန်းချလိုက်တာ။ ထိုင်လျှက်လဲကျသွားတယ် နောက်နေ့မှာ ညီမတို့ ၂ ဦးကို ဝမ်တိန်ထိုးခိုင်းတယ်။  ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ အလုပ်သမား ဘက်က​နေ ( အလုပ်သမား WCC ) တွေက ဝင်ပြောပေးတယ် WCC တွေကိုပါ အိုတီမခေါ်တော့ဘူးလို့ အပိတ်ခံရတယ်"လို့  ကျူးလွန်ခံရတဲ့ အမျိုးသမီးအလုပ်သမားက ပြောဆိုထားပါတယ်။  

ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့အခြေအနေကို ကာယကံရှင် အလုပ်သမားတွေက  တရုတ်နိုင်ငံသား ဒါရိုက်တာ  Mr . wang xiao Jun မှ အမျိုးသမီးအလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး  ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ တရုတ်နိုင်ငံသားကိုအလုပ်ထုတ်ပေးဖို့အပြင် အခြားတောင်းဆိုမှုများပါတဲ့ တောင်းဆိုချက် (၁၇)ချက်ဖြင့် နို၀င်ဘာ ၆ ရက်နေ့မှာ အလုပ်သမားများမှစုပေါင်းတောင်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။  

အဲဒီလိုတောင်းဆိုပြီးနောက်ရက် နို၀င်ဘာ ၇ရက်နေ့မှာတော့   ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့ အလုပ်သမားတွေနဲ့  WCC ဝင်တွေကိုအလုပ်ထုတ်ပယ်တယ်ဆိုပြီး ၇.၁၁.၂၀၂၄ ရက်စွဲဖြင့် စက်ရုံဘက်မှ ကြော်ငြာစာကပ်အသိပေးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါကြေငြာစာအရ ၀န်ထမ်းများအားဆက်သွယ်စု​ဝေးစေကာ အလုပ်ချိန်လုပ်ငန်းခွင်အတွင်းအလုပ်လုပ်ကိုင်ခြင်းမရှိဘဲ တာ၀န်ကျရာနေရာမှထွက်ခွာခြင်း၊ စု​ဝေးခြင်းများပြုလုပ်ကာဆူပူဆန္ဒပြမှုများဖြစ်ပွားအောင် ကိုယ်တိုင်ဦးဆောင်လှုံ့ဆော်ဆန္ဒပြခြင်း၊ ကုမ္ပဏီနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများထိခိုက်အောင်ပြုလုပ်ခြင်းတို့ကြောင့် အလုပ်ရှင်ဘက်မှအလုပ်သမား ၄ ဦးကို အလုပ်တာ၀န်မှရပ်စဲ လိုက်ကြောင်း အသိပေးကြေငြာထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီအခြေအနေတွေ နဲ့ပတ်သက်ပြီး  အများပြည်သူများနှင့် မိမိတို့ ထုတ်လုပ်ပေးနေသည့် ကုတ်အမှတ်တံဆိပ်တွေ သက်ဆိုင်သူတွေ အမြန်ဆုံးကူညီဖြေရှင်းပေးပါရန် အလုပ်သမားတွေက မြန်မာနိုင်ငံအထွေထွေအလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ် -FGWM သို့ အကူညီတောင်းခံလာတာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါ(ချားရစ်ခ်)ပန်းပုထုတ်တဲ့ စက်ရုံဟာ  ၂၀၂၄ ဇူလိုင်လ ၅ ရက်နေ့က အလုပ်သမားများစုပေါင်းပြီး တောင်းဆိုချက်အချက် (၅) ချက် ​တောင်းဆိုမှုပြုလုပ်ခဲ့ပြီး အလုပ်ရှင် အလုပ်သမား နှစ်ဖက်ညှိနှိုင်းစာချုပ်ချုပ်ဆိုခဲ့ရာ အဆိုပါစာချုပ်တွင် ချုပ်ဆိုထားတဲ့အချက်များကို အလုပ်ရှင်ဘက်မှ လိုက်နာခြင်းမရှိဘဲ အလုပ်သမားတွေအပေါ်မှာ အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံပြုလုပ်လာတာလို့ ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာလည်း အမျိုးသမီးဝန်ထမ်းအလုပ်သမားများအပေါ်  နိုင်ငံခြားသား အလုပ်ရှင်တွေက အော်ဟစ်ပြီး ခိုင်းစေတာတွေ  ပြောဆိုတာကိုယ်ထိလက်ရောက်ကျူးလွန်တာတွေခံနေရတယ်လို့လည်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ် -FGWM ဖော်ပြချက်အရ   သိရပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026