NEWS

အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်

CoverLogo
1K Views
 
တောင်ကိုရီးယားနိုင်ငံသို့ အမျိုးသမီး လုပ်သားများပါသွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် ဖြေဆိုရမယ့် ၁၆ ကြိမ်မြောက် EPS-TOPIK စာမေးပွဲကို ဧပြီ ၃၀ ရက်မှာ စတင်ဖြေဆိုရမှာဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်အချက်အရ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ငန်းရေးလုပ်ငန်းများအတွက်ဖြေဆိုရက်ကို ဧပြီ ၃၀ ရက်မှ မေ ၁၀ ရက်အထိ သတ်မှတ်ထားကာ ဝင်ရောက်ဖြေဆိုမည့်သူဦးရေ ၄၇၇၉ ဦးရှိတယ်လို့သိရပါတယ်။
 
အမျိုးသမီးအများစုပါဝင်ဖြေဆိုမဲ့ဝန်ဆောင်မှုလုပ်ငန်းအုပ်စု ၁၊ ၂ ကိုတော့ မေ ၁၀ ရက်မှ မေ ၂၉ ရက်အထိ ဖြေဆိုရန်သတ်မှတ်ထားပြီး ဖြေဆိုမည့်သူဦးရေ ၈၄၈၁ ဦးရှိတယ်လို့ POEA ရဲ့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ စာရင်းကြေညာချက်အရသိရပါတယ်။
" ဝန်​ဆောင်မှုလုပ်ငန်းအတွက် ဖြေဆိုမဲ့သူတွေက ရှစ်ထောင်ကျော်ကိုးထောင်လောက်မှာ မိန်းကလေးတွေကိုက သုံးပုံနှစ်ပုံလောက်ပါတယ်။ အမျိုးသမီးတွေကို ပထမဆုံးခွင့်ပြုတာဆိုတော့စိတ်ဝင်စားကြတယ်။ လျှောက်တဲ့သူတွေများတယ် " လို့ ကိုရီးယားဘာသာသင်တန်းကျောင်းဆရာတစ်ဦးက ပြောပါတယ်။
 
ဝန်ဆောင်မှုလုပ်ငန်းအတွက် အောင်မြင်မှုပေးဖို့လျာထားသူဦးရေဟာ ၃,၀၀၀ ကျော်သာရှိပေမဲ့ ဝင်ရောက်ဖြေဆိုဖို့ လျှောက် ထားသူဦးရေတစ်သောင်းကျော်အထိရှိပြီး ဖြေဆိုခွင့်ရရှိသူ ဦးရေက ကိုးထောင်နီးပါးအထိရှိနေတာပဲဖြစ်ပါတယ်။
 
အဆိုပါ EPS-TOPIK စာမေးပွဲဖြေဆိုမယ့်သူတွေအနေနဲ့ စာမေးပွဲဖြေဆိုရမယ့်နေ့ရက် နေရာနှင့် အချိန်တို့ကို သေချာစွာမှတ်သားပြီး နိုင်ငံကူးလက်မှတ်နှင့် မှတ်ပုံတင်မူရင်း ယူဆောင်လာရန် စာမေးပွဲ ဖြေဆိုမည့် အချိန်မတိုင်ခင် တနာရီကြို့တင် လာရောက်ရန် အသိပေးထားပါတယ်။
 
စာမေးပွဲကျင်းပမဲ့နေရာကတော့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီရုံး ပင်လုံခန်းမ ၄၃ ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်ဖြစ်ပြီး ဖြေဆိုမယ့် အမျိုးသားတွေအနေနဲ့ ရှပ်အင်္ကျီနဲ့ ပုဆိုးဝတ်ဆင်လာရန် အမျိုးသမီးတွေအနေနဲ့ မြန်မာဝတ်စုံဝတ်ဆင်လာရန်လည်း အေဂျင်စီက အသိပေးထားပါတယ်။
 

Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025