NEWS

အများပြည်သူအလုပ်ပိတ်ရက်တွင် ခိုင်းစေမှုတွေ ရှိနေ

CoverLogo
553 Views
 
တပေါင်းလပြည့်နေ့ အများပြည်သူရုံးပိတ်ရက် အပါအဝင် ပိတ်ရက် ၅ ရက်အဖြစ် အာဏာသိမ်းစစ်ကောင်စီက သတ်မှတ်ထားပေမဲ့ စက်ရုံလုပ်ငန်းရှင်တွေကတော့ လိုက်နာမှု မရှိဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။
 
"ကျွန်မတို့ စက်ရုံဆိုရင် လပြည့်နေ့ကိုတောင် မပိတ်ပေးပါ ဘူး။ ဒီလို မပိတ်တာတွေ ရွှေပြည်သာ၊ လှိုင်သာယာ ဘက်တွေမှာ ပါတယ်။ အချိုစက်ရုံတွေကတော့ အလုပ်သမားတွေ နဲ့ ညှိနှိုင်းပြီး အချိန်ပိုကြေး ပြန်ပေးကြ ပါတယ်"လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
ဒဂုံမြိုသစ်(တောာင်ပိုင်း)စက်မှုဇုန်၁ ၊ကျန်စစ်သားလမ်းမကြီးပေါ်က Golden Storage Eagle (PVC Door Joy Fiber Glasses) စက်ရုံက အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ မတ်လ ၁၃ရက် တပေါင်း လပြည့်နေ့ကို စက်ရုံ မပိတ် ဘဲ မဆင်းမနေရ အတင်းအဓမ္မ လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ မင်းသိဒ္ဒိကျော်စွာလမ်းက Myanmar Jick Young ဆေးထိုးအပ် စက်ရုံမှာလည်း အလုပ်သမားတွေကို မတ် ၁၃ရက် တရက်တည်းပိတ်ပြီး ကျန်တဲ့ရက်တွေ စက်ရုံမပိတ်ဘဲ အတင်း အဓမ္မ အလုပ် ဆင်းခိုင်းနေတယ် လို့ အလုပ်သမားတွေက ပါတယ်။
 
" မဆင်း မနေရ ၊ ဆင်းခိုင်းတဲ့ စက်ရုံတွေ ရှိပါတယ်။ ၃ရက် ပိတ်တဲ့ စက်ရုံတွေက စနေနေ့တစ်ပိုင်းကို အချိန်ပို သတ်မှတ်ပေးပါတယ်" လို ဆိုပါတယ်။
 
အများပြည်သူရုံးပိတ်ရက်တပေါင်းလပြည့် အပါအဝင် အစိုးရ ရုံးပိတ်ဆိုပြီး ကြေညာထားပေမဲ့ စက်ရုံအများစုက မတ်လ ၁၂ရက်က မတ်လ ၁၄ရက်အထိ ပိတ်ပေးထားပါတယ်။ တချို့စက်ရုံတွေက မတ်လ ၁၅ရက် စနေနေ့မှာ မူလအတိုင်း နေ့တဝက် အချိန်ပို လုပ်ခပေးထားပြီး မတ်လ ၁၆ရက် တနင်္ဂနွေနေ့ကိုတော့ အချိန်ပိုနေ့အဖြစ် သတ်မှတ်ပေးထားတာတွေ ရှိပါတယ်။ အချိုစက်ရုံတွေကတော့ မတ်လ ၁၃ ရက် တစ်ရက်တည်းပိတ်ပြီး ကျန်ရက်တွေကိုတော့ အချိန်ပို မဖြစ်အနေဆင်းခိုင်းတာတွေ ရှိသလို ရက်အစားဆင်းခိုင်းလို့ အလုပ်သမားတွေ နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026