NEWS

အများပြည်သူရုံးပိတ်ရက်ကိုပြက္ခဒိန် မှာ မှားယွင်းဖော်ပြတဲ့ ထုတ်ဝေသူတွေကိုစစ်‌ကောင်စီက‌ ခေါ်ယူသတိပေးဟုဆို

CoverLogo
1.8K Views

ယခု၂၀၂၄ ခုနှစ် အတွက် နဲ့ လာမယ့်၂၀၂၅ ခုနှစ်‌ အတွက်ထုတ်ဝေထားတဲ့ပြက္ခဒိန်များအနက် အများပြည်သူရုံးပိတ်ရက်များ မှားယွင်းဖော်ပြထားတဲ့ပြက္ခဒိန်ထုတ်‌ဝေသူများအား စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာန ကဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းကာခေါ်ယူသတိပေးထားတယ်လို့သိရပါတယ်။ 

ဒါကြောင့်အများပြည်သူရုံးပိတ်ရက်ကို မှားယွင်းဖော်ပြထားသော ထုတ်ဝေသူများဖြစ်တဲ့  (ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေး)၊  (ရွှေဝါဝင်းစာပေ)၊  (အောင်မျိုးစာပေ)၊  (အစ္စလာမ့်မီးအိမ်စာပေတိုက်)၊  (မြတ်သဇင်စာပေ)၊  (ဆွေမ ဟာစာပေ) တို့ကိုပြန်ကြားရေးဌာနက အများပြည်သူ ရုံးပိတ်ရက်များကို မှန်ကန်စွာ ဖော်ပြထုတ်ဝေရန် ခေါ်ယူသတိပေးမှတ်တမ်းတင်ကာဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့တာလို့ဆိုပါတယ်။


ပြက္ခဒိန် မှာ မှားယွင်းတဲ့အများပြည်သူရုံးပိတ်ရက်‌ တွေအနေနဲ့၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ၂၀၂၅ ခုနှစ် ဇွန်လ (၁၀)ရက်၊ စက်တင်ဘာလ (၂၉) ရက်၊ ဒီဇင်ဘာလ (၄)ရက်နဲ့ ဒီဇင်ဘာလ (၂၉) ရက်များဖြစ်‌နေပြီး  ယင်းရက်တွေဟာ အများပြည်သူ ရုံးပိတ်ရက် မဟုတ်ကြောင်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကနေပြန်လည်အသိပေးထုတ်ပြန်ထားပါတယ်။ 

ပြက္ခဒိန်ထုတ်ဝေသူ‌တွေအ‌နေနဲ့ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ပညာရှင်များက ရေးဆွဲထားတဲ့ မြန်မာ - ရခိုင် - အင်္ဂလိပ် မူမှန်ပြက္ခဒိန်ပါ ရုံးပိတ်ရက်များနဲ့စစ်ကောင်စီက အမိန့်ကြော်ငြာစာနဲ့ထုတ်ပြန်တဲ့ အများပြည်သူတို့ရဲ့ ရုံးပိတ်ရက်များအတိုင်း ဖော်ပြထုတ်ဝေရမယ်လို့အသိပေးထားပါတယ်။


တန်ဆောင်တိုင်ရုံးပိတ်ရက်များထဲတွင်လည်း အများပြည်သူတွေအနေနဲ့ နိုဝင်ဘာ ၁၄ ရက်ကို အစိုရရုံးပိတ်ရက်ဖြစ်ကြောင်း  ပြီးခဲ့တဲ့ရက်ပိုင်းများအတွင်းက လူမှုကွန်ယက်များအပေါ်မှာဖော်ပြပါရှိနေခဲ့ရာယင်းပိတ်ရက်များအတွင်း အားလပ်ရက်ခရီးများကိုကြိုတင်စီစဉ်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026