NEWS

အမေရိကန်နှင့် EU ပိတ်ဆို့ အရေးယူခံတားရသည့် အလုပ်သမားဝန်ကြီးအား စစ်ကောင်စီ အနားပေး

CoverLogo
670 Views

ဥပရောပသမဂ္ဂ EU ရဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းနဲ့ တခြား ဝန်ကြီးတွေကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ကနေ အနားပေးလိုက်ပါတယ်။ 

 

စစ်ကောင်စီက အလုပ်သမား ဝန်ကြီး ဒေါက်တာပွင့်ဆန်းနဲ့ အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကို၊လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး စတဲ့ဝန်ကြီး လေးဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ တို့ကိုလည်း စစ်ကောင်စီက အနားပေးလိုက်တယ်လို့ ဩဂုတ် ၂ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။ 

 

စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ်သက်တမ်း ၆ လတိုးပြီးနောက် ရက်ပိုင်းအတွင်း ဝန်ကြီးတွေကို အနားပေးခဲ့သလိုစစ်ကောင်စီ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးမောင်ကိုနဲ့ ဒေါက်တာအောင်ကျော်မင်း တို့ ကိုလည်း အနားပေးခဲ့ ပါတယ်။  

 

အလုပ်သမားဝန်ကြီးဌာနကို ဒေါက်တာပွင့်ဆန်း တာဝန်ယူစဉ် ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာရရှိဖို့ တောင်းဆိုကြတဲ့ စက်ရုံနှစ်ရုံက အလုပ်သမား ရှစ် ဦးနဲ့ ကူညီရေးအဖွဲ့ဝင် နှစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ ပါတယ်။ ဒီလိုဖမ်းဆီးထားတာ ၂ လ နီးပါးကြာ ရှိလာပေမဲ့ အလုပ်သမားဝန်ကြီးဌာနကတော့ လုပ်ခတိုးမြှင့်ရေးတောင်းဆိုလို့ ဖမ်းဆီးတာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

 

ဇူလိုင်အတွင်း နောက်ထပ် ကူညီရေးအဖွဲ့ဝင် နှစ်ဦးလည်း ဖမ်ဆီးခံခဲ့ရပြီး နောက်ထပ် အလုပ်သမား ၁၀ ဦးမက ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

 

ဒါ့အပြင် အလုပ်သမားအဖွဲ့ချုပ်တခုဖြစ်တဲ့ MICs ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကိုလည်း ထောင်လွတ်ရက် စေ့ပြီ ဖြစ်ပေမဲ့ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားပါတယ်။  

 

ဒေါက်တာပွင့်ဆန်းဟာအလုပ်သမားဝန်ကြီးအဖြစ် ပြီခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်မှာ စတင် တာဝန် ယူခဲ့တာဖြစ်တာကြောင့် တာဝန်ထမ်းကာလ တနှစ်ပြည့်ဖို့ရက်ပိုင်းအလိုမှာ အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စီးပွားကူးသန်းဝန်ကြီးအဖြစ် ၁၈ လကြာ တာဝန်ယူခဲ့သူဖြစ်ပြီး အဲ့ဒီကာလအတွင်း မှာပဲ အမေရိကန်ပြည်တောင်စုရဲ့ ပိတ်ဆို့ အရေးယူမှု ခံခဲ့ရပါတယ်။

 

 #MyanmarLabourNews


Related posts

Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025