NEWS

အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံမှာ မြန်မာပြည်သူတွေသတ်ဖြတ်ခံနေ ရမှု၊ အလုပ်သမားတွေ သင်းပင်းဖွဲ့စည်းခွင့်ချိုးဖောက်ခံရမှုနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့  ပူး ပေါင်းတိုက် ပွဲဝင် နေတဲ့ အခြေအနေတွေ ဆွေးနွေးတင်ပြခဲ့

CoverLogo
1.2K Views

ITUC အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရဲ့ ညီလာခံက နို၀င်ဘာ ၁၇ ရက်ကနေ  နိုဝင်ဘာလ ၂၂ ရက်နေ့အထိ သြစတေးလျနိုင်ငံ မဲဘုန်းမြို့မှာ ကျင်းပခဲ့ပါတယ်။  

ညီလာခံကိုနိုင်ငံပေါင်း ၁၂၀ကျော်ကနေ ကိုယ်စားလှယ်တွေနဲ့ လေ့လာ သူစုစုပေါင်း  တစ်ထောင်ကျော်တက်ရောက်ပြီး  တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့  ငြိမ်းချမ်းရေး ၊ စစ်ပွဲတွေ ၊ အလုပ်သမားအခွင့်အရေး  လူ့ အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေတင်ပြကြတယ်လို့ သိရပါတယ်။ 

"မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ရင်တော့  အားလုံးပါ၀င်တဲ့မျက်နှာစုံညီအစည်း အဝေးမှာ  ပါ၀င်ဆွေနွေးတာကတော့  စစ်တပ်ကနေအာဏာသိမ်းပြီးတော့ သတ်ဖြတ်နေတာတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်နေပြီးတော့  လွတ်လပ်စွာသင်ပင်းဖွဲ့စည်းခွင့်တွေ မရှိအောင်ဆောင် ရွက်နေတဲ့အခြေအနေအတွေပေါ်မှာ  ချိုးဖောက်မှုတွေကပြင်းထန်နေတယ်။ ဒေသတွင်းမှာလည်း အာရှပစိဖိတ်ဒေသတွင်းမှာလည်း ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ အန္တရာယ်ကြီးကြီးမားမားကျရောက်နေတယ်ပေါ့။ တကမ္ဘာလုံးမှာ ပြသနာတွေဖြစ်နေတော့ တော်တော် များများကိုယ်စားလှယ်တွေကတော့  မြန်မာနိုင်ငံကိစ္စကိုထည့် သွင်းပြောကြားတာရှိတယ်။ ညီလာခံမှာကလည်း  မြန်မာနိုင်ငံအပါအ၀င်  ဒီမိုက ရေစီမရှိဘဲ ငြိမ်းချမ်းမှုမရှိစစ်ပွဲဖြစ်နေတဲ့နေရာတွေ  အာဏာရှင်တွေကနေ ပြည်သူကိုထိန်းချုပ်ပြီး  အာဏာတည်မြဲရေးလုပ်ဆောင်တာတွေနဲ့ပတ်သက်ပြီး  ထုတ်ပြန်ချက်တွေထုတ်ပြန်တာလည်းရှိတယ်"လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။ 

အဆိုပါ မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေအပြင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေတွေ ဆွေးနွေးပြောဆိုရာမှာလည်း
ပြည်သူတွေသတ်ဖြတ်ခံရတာ  ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ နဲ့ အလုပ်သမား ရေးရာကဏ္ဍမှာ ပြင်းပြင်းထန်ထန်ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ မလျှော့သောစိတ်ဓါတ်နဲ့ ပူးပေါင်းတိုက်ပွဲဝင်တဲ့အခြေအနေတွေကို ရှင်းလင်းပြောပြနိုင်ခဲ့တယ်လို့ ဒေါ်ခိုင်ဇာအောင်ကဆိုပါတယ်။ 

"လက်ရှိမြန်မာ နိုင်ငံမှာ ဘယ်လောက်အထိသတ်ဖြတ်မှုတွေခံနေရတယ် ကျေးရွာတွေမီးရှို့ခံနေရတဲ့အခြေအနေ။ အထူးသဖြင့် အလုပ်သမားသမဂ္ဂညီလာခံဖြစ်တဲ့အတွက်  အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ  စက်ရုံအဆင့်ကနေ နိုင်ငံအဆင့်ဘယ်လောက်အထိ  ဖိနှိပ်ခံနေရတယ် ဆိုတဲ့ကိစ္စတွေ တင်ပြတယ်။  ရုံးတွေအထိ စစ်ဆေးခံရတယ်။  သမဂ္ဂခေါင်းဆောင်တွေလည်း ဆန္ဒပြမှုမှာ ပစ်သတ်ခံရတယ်။ မတရားဖမ်းဆီးခံနေရတယ် အသက်ရှင်လျက်နဲ့တောင် မီးရှို့ခံရတာတွေရှိတယ်။ အဖွဲ့၀င်တွေရဲ့အိမ်တွေလည်း  မီးရှို့ခံရတာတွေရှိတယ်။  ဒီမိုကရေစီအရဖွဲ့စည်းထားတဲ့ အဖွဲ့ချုပ်တွေအနေနဲ့  အာဏာရှင်တွေကို မလျှော့ဘဲနဲ့ ဆက်ပြီးတိုက်ပွဲ၀င်နေတယ်။  တိုက်ပွဲ၀င်တဲ့အခါမှာလည်း လည်း ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးတွဲပြီးတော့  GSCB တို့ NUCC တို့မှာ လုပ်နေတဲ့ဟာတွေကို ရှင်းပြနိုင်ခဲ့တယ်။ ဘာတွေလိုအပ်တယ် ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း  ပြောနိုင်ခဲ့တယ်" လို့ ယင်းကပြောဆိုပါတယ်။ 

ညီလာခံမှာ နိုင်ငံပေါင်းစုံက လာတဲ့ သမဂ္ဂအဖွဲ့အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးတာရှိသလို အထူးသဖြင့် ပြင်သစ် ကနေဒါစတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာ့အရေး အတွက် ကူညီ အားပေးဖို့နဲ့ ဖိတ်ခေါ်မှူတွေရှိခဲ့တယ်လို့ဆိုပါတယ်။ 

ညီလာခံကိုတက်ေရာက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေအနေနဲ့လည်း  မြန်မာပြည်သူတွေနဲ့တသားတည်းရှိ နေကြောင်း အားပေးပြောဆိုမှုနဲ့ ပြည်ပမှ ဖိအားပေးလုပ်ဆောင်တဲ့လုပ်ငန်းစဥ်တွေ လုပ်ဆောင်ပေးဖို့ ပြောဆိုတာတွေရှိတယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026