NEWS

အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာပြည်တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလထုတ်ပြန်

CoverLogo
700 Views

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာပြည်တွင်းမှာစက်တင်ဘာလ (၂၁) ရက်ကနေ (၂၅) ရက်တွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ စက်တင်ဘာလ (၁၇) ရက်မှာ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

သတင်းထုတ်ပြန်ချက်မှာတော့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနိုင်ပြီး စက်တင်ဘာလ (၂၀)ရက်မှာတော့ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ကာ စက်တင်ဘာလ (၂၁)ရက်မှာတော့ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို စတင်ဖြတ်ကျော် ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ 

ဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာလ (၂၁) ရက်ကနေ (၂၅) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်း(၉) ခုမှာရှိနဲ့ မြို့နယ် (၅၉) မြို့နယ်မှာ စက်တင်ဘာ ၁၀ ရက်ကစတင်တဲ့ ရာဂိမုန်တိုင်း နောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်ပြီး လူဦးရေပေါင်း ၆၃၁၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး သေဆုံး၊ပျောက်ဆုံးနဲ့ဒဏ်ရာရ ရှိသူတွေရာနဲ့ချီရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး OCHA Myanmar က သတင်းထုတ်ပြန်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဆိုပါ အင်အားကြီး တိုင်ဖွန်း မုန်တိုင်း ရာဂိအရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ ရှိတဲ့ မြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦးပျောက်ဆုံးခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026