NEWS

အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်ပြည့်မီအောင်မပေးတဲ့စက်ရုံကိုတိုင်ကြားထားပေမဲ့ ဖြေရှင်းမှုမရှိ

CoverLogo
804 Views

အနိမ့်ဆုံးလုပ်ခ တစ်နေ့၄၈၀၀ကျပ်ပြည့်မီအောင်မပေးတဲ့ စက်ရုံကို တိုင်ကြားထားပေမဲ့ ဖြေရှင်းမှုမရှိဘူးလို့ သိရပါတယ်။ 

"ဘယ်လောက်ပဲ လုပ်ငန်းရှင်က ၄,၈၀၀ နဲ့ ရှင်းပေးတယ်ပြော​နေပါစေ၊ လုပ်ခလစာ စာရွက်မှာ အခြေခံ လစာ နေရာမှာ ၁၃၀,၀၀၀ ကျပ်လို့ ရေးထားတာက အနည်းဆုံးလုပ်ခလစာပြည့်မီအောင် မပေးထားဘူးဆိုတာ ထင်ရှားနေတာ။ အလုပ်သမားတွေက မသိဘူး။ သူတို့ရဲ့အိုတီတွေ အခြားဘာကြေးညာ​ကြေးတွေပေါင်းလို့သာ လစာက၂သိန်းကျော်လောက်ဖြစ်နေတာ။ အခြေခံလစာနေရာမှာ ၁၄၄၀၀၀ ပေးထားရင်တော့ ၄၈၀၀ ပြည့်တယ်။ အခြေခံလစာ ၁၃၀၀၀၀ ဆိုတာကတော့ အပြည့်မပေးထားဘူး။ ဒါကိုတိုင်ထားတာ ဖြေရှင်းတာမရှိဘူး။ တော်ဝင်သစ်စက် ဆိုတစ်လကျော်ပြီ ဒီအတိုင်းပဲရှိသေးတယ်" လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူက ဆိုပါတယ်။ 

ရွှေပြည်သာမြို့နယ် အလညရုံး မှာလည်း  အနိမ့်ဆုံးအခကြေးငွေ တစ်နေ့လုပ်ခကျပ် ၄၈၀၀ ပြည့်မှီအောင်မရတဲ့ အလုပ်သမား ဝန်ထမ်းတွေရဲ့ တိုင်ကြားချက် ၂ စောင် ရှိတယ်လို့ STUM ထံမှ သိရပါတယ်။ 

ရွှေပြည်သာမြို့နယ်   တော်ဝင်သစ်စက်က အလုပ်သမားဟာ၊ အခြေ ခံလစာ ၁၃၀,၀၀၀ ကျပ်သာရရှိထားတာကြောင့် မြို့နယ်အလညရုံးမှာတိုင်ကြားခဲ့တာဖြစ်သလို   Hong Miao အထည်ချုပ်စက်ရုံကလည်း 
အခြေခံ လစာ ၁၃၀,၀၀၀ ကျပ်ပဲရရှိထားတာကြောင့် မြို့နယ်အလညရုံးမှာ အလုပ်သမားတွေက တိုင်ကြားခဲ့တာလို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာကာ အလုပ်သမားတစ်ဦးရဲ့တစ်နေ့ကုန်ကျစရိတ်ဟာ ကျပ်တစ်သောင်းရှိမှသာ လုံလောက်မှုရှိနိုင်တာကြောင့် လက်ရှိတစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကို တစ်နေ့လုပ်ခကျပ် ၁၀၀၀၀ သို့  တိုးမြှင့်ပြောင်းလဲသတ်မှတ်ဖို့ တောင်းဆိုမှုတွေရှိခဲ့သလို ကုန်စျေးနှုန်းနဲ့ဒေါ်လာစျေးအရ တစ်နေ့လုပ်ခကျပ်တစ်သောင်းရသင့်တယ်ဆိုတဲ့ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။ 

"ဟုတ်တယ်ဗျ အနိမ့်ဆုံးလုပ်ခလစာတိုးပေးဖို့တောင်းဆိုနေကြတာတွေရှ်ိခဲ့တာတောင်မှ ဒီလက်ရှိ၄၈၀၀ကိုတောင်အပြည့်မပေးတာတွေရှိနေပါသေးတယ်။ တစ်ချို့စက်ရုံတွေက အလုပ်သမားကို၄၈၀၀ တောင်မပေးချင်လို့ နေ့စားအဖြစ်ပဲခန့်တာတွေ အသက်မပြည့်သေးတဲ့ကလေးတွေခေါ်ခိုင်းပြီး ၃၆၀၀ပဲ ပေးတာတွေရှိနေပါသေးတယ်" လို့အလုပ်သမားအရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

လက်ရှိကာလမှာ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေအပေါ်လစာပေး ချေရာမှာ တစ်နေ့ ၄၈၀၀ ကျပ်ပေးသော်လည်း တနင်္ဂနွေနေ့ရဲ့ လုပ်ခတွေကိုနှုတ်ပြီးပေးတာတွေရှိလာသလို နေ့စားလရှင်းခန့်ကာ ပိတ်ရက်မပေးခြင်း၊ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်မပေးဘဲ ၃၆၀၀ကျပ်နဲ့သာ ခိုင်းစေခြင်းစတဲ့ချိုးဖောက်မှုတွေပြုလုပ်လာကြတယ်လို့ သိရပါတယ်။ 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026