NEWS

အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်ပင် ပြည့်မီအောင်မပေးတဲ့ လုပ်ငန်းခွင်တွေရှိပေမဲ့ အရေးယူမှုအားနည်းနေ

CoverLogo
804 Views

ကုန်စျေးနှုန်းမြင့်တက်မှု တွေကြောင့် အနိမ့်ဆုံးလုပ်ခတစ်နေ့ ၄၈၀၀ ကျပ်ဟာ လုံလောက်မှုမရှိဘူးလို့ပြောဆိုနေစဥ်မှာပဲ အနိမ့်ဆုံးလုပ်ခ တစ်နေ့ ၄၈၀၀ ကျပ်ပြည့်မီအောင်မပေးတဲ့ စက်ရုံ အလုပ်ရုံ အချို့ရှိနေသေးတယ်လို့ သိရပါတယ်။ 

 

လက်ရှိအချိန်မှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာကာ အလုပ်သမားတစ်ဦးရဲ့တစ်နေ့ကုန်ကျစရိတ်ဟာ ကျပ်တစ်သောင်းရှိမှသာ လုံးလောက်မှုရှိနိုင်တာကြောင့် လက်ရှိတစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကို တစ်နေ့လုပ်ခကျပ် ၁၀၀၀၀ သို့ တိုးမြှင့်ပြောင်းလဲသတ်မှတ်ဖို့ တောင်းဆိုမှုတွေရှိခဲ့သလို ဝေဖန်ထောက်ပြပြောဆိုမှုတွေလည်း မြင့်တက်နေပါတယ်။ 

 

"ဟုတ်တယ်ဗျ အနိမ့်ဆုံးလုပ်ခလစာတိုးပေးဖို့တောင်းဆိုနေကြတာတွေရှ်ိခဲ့တာတောင်မှ ဒီလက်ရှိ၄၈၀၀ကိုတောင်အပြည့်မပေးတာတွေရှိနေပါသေးတယ်။ တစ်ချို့စက်ရုံတွေက အလုပ်သမားကို၄၈၀၀တောင်မပေးချင်လို့ နေ့စားအဖြစ်ပဲခန့်တာတွေ အသက်မပြည့်သေးတဲ့ကလေးတွေခေါ်ခိုင်းပြီး ၃၆၀၀ ပဲ ပေးတာတွေရှိနေပါသေးတယ်။ တိုးပြီးမပေးရင်တောင် အပြည့်ရသင့်ပါတယ်။ ခုချိန်က ဒေးကြေး ၅၆၀၀ တောင်ပေးနေတာတွေရှိနေပါပြီ။ ၃၆၀၀ ပေးနေတာတွေကမဖြစ်သင့်ဘူး။ အလုပ်သမားကို ဖိနှိပ်တာတွေဖမ်းဆီးတာတွေလုပ်လာလို့သာ မတိုင်ကြတော့တာပါ" လို့အလုပ်သမားအရေးကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

 

ဒါ့အပြင်ရွှေပြည်သာ အလည ရုံး မှာလည်း အနိမ့်ဆုံးအခကြေးငွေ ပြည့်မှီအောင်မရတဲ့ အလုပ်သမား ဝန်ထမ်းတွေရဲ့ တိုင်ကြားချက် ၂ စောင် ရှိတယ်လို့ STUM ထံမှ သိရပါတယ်။ 

 

တိုင်ကြားစာတစ်စောင်ဟာ တော်ဝင်သစ်စက်က အလုပ်သမားဟာ၊ အခြေ ခံလစာ ၁၃၀,၀၀၀ ကျပ်သာရရှိထားတာဖြစ်ပြီး ဒုတိယတိုင်ကြားစာ

တစ်စောင်ကတော့ Hong Miao အထည်ချုပ်မှာ 

အခြေခံ လစာ ၁၃၀,၀၀၀ ကျပ်ပဲရရှိထားတာလို့ သိရပါတယ်။ 

 

"ဘယ်လောက်ဘဲ လုပ်ငန်းရှင်က ၄,၈၀၀ နဲ့ ရှင်းပေးတယ်ပြော​ နေပါစေ၊ လုပ်ခလစာ စာရွက်မှာ အခြေခံ လစာ နေရာမှာ ၁၃၀,၀၀၀ ကျပ်လို့ ရေးထားတာက အနည်းဆုံးလုပ်ခလစာပြည့်မှီအောင် မပေးထားဘူးဆိုတာ ထင်ရှားနေတာပါဘဲလို့ STUM ကဆိုထားပါတယ်။ 

 

အလုပ်ရှင်အများစုက လုပ်ခလစာတိုးပေးဖို့ ငြင်းဆန်မှုတွေရှိခဲ့သလို အချို့သောစက်ရုံလုပ်ငန်းရှင်တွေက တစ်နေ့လုပ်ခ ၄၈၀၀ကျပ်ပင်မပေးဘဲ နေ့စားအဖြစ်ခန့်အပ်ကာတစ်နေ့လုပ်ခ ၃၆၀၀ကျပ် နဲ့သာ ခိုင်းစေမှုတွေရှိနေသေးတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

#MyanmarLabourNews 

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026