NEWS

အနိမ့်ဆုံးလုပ်ခလစာတိုးမပေးဘဲ တစ်နေ့လုပ်ခကျပ် ၅၀၀၀ ကျော် ပေးခေါ်နေတဲ့ စက်ရုံအချို့ပေါ်လာ

CoverLogo
862 Views

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာခဲ့ပေမဲ့ အခြေခံအလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခကတော့ ကျပ်၄၈၀၀ နဲ့သာရရှိနေခဲ့ပြီး ယခုစက်ရုံအချို့က တစ်နေ့လုပ်ခကျပ်ငါးထောင်ကျော်နှုန်းဖြင့် လုပ်သားခေါ်ယူမှုတွေရှိလာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူအချို့က ဆိုပါတယ်။

" တနေ့လုပ်ခ ၄,၈၀၀ ကျပ်ထက်စာရင်တော့ ၅,၆၀၀ကျပ်ကို သာတယ်လို့ထင်ရတာပေါ့နော်။ ဒါပေမဲ့ အနိမ့်ဆုံးလုပ်ခလစာ ကို တနေ့ ၁၀,၀၀၀ ကျပ်ဖြစ်သင့်တယ်လို့ ပြောနေချိန်မျိုးမှာ လုပ်ငန်းရှင်တွေညှိပီး ၅,၆၀၀ တိုးပေးသွားရင် ဒီနှုန်းထားအတည်ဖြစ်မှာစိုးမိတယ်။ တချို့ရုံတွေ ၅,၆၀၀ ကို မနှစ်ထဲကပေးနေတာရှိတယ်နော်။ ၃,၆၀၀ ပေးခဲ့တဲ့စဉ်းစားချက်က OT မရှိတဲ့သူတွေ လကုန် တလ ၁၀၀,၀၀၀ အိမ်အပြန်ပါဖို့။ ၄,၈၀၀ စဉ်းစားချက်က တလ ၂၀၀,၀၀၀အိမ်အပြန်ပါဖို့။ ခု ၁၀,၀၀၀စဉ်းစားချက်က တလ ၃၀၀,၀၀၀အိမ်အပြန်ပါဖို့ပါ။ကုန်ဈေးနှုန်း ကို ကြည့်မယ်ဆိုရင် ဆန်ဈေးက ၃,၆၀၀ တုန်းက တပြည် ၁,၀၀၀ ကျပ်။ ခုဆန်တပြည်ဘယ်နှစ်ဆ တက်သွားလဲမှန်းကြည့်ရင် အနိမ့်ဆုံးလုပ်ခလစာ ကို အကြမ်းဖျင်းစဉ်းစားနိုင်မဲ့ ငွေပမာဏ တခု ထွက်လာမှာပါ။ လုပ်သားထု ကျေနပ်နိုင်မဲ့အဖြေ ရရှိပါစေ" လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူက ဆိုပါတယ်။

လက်ရှိမှာ အခြေ ခံအလုပ်သမားတစ်ဦးရဲ့ တစ်နေ့အနည်းဆုံးကုန်ကျငွေဟာ ကျပ် ၇၀၀၀ ခန့် ဖြစ်နေပေမဲ့ အလုပ်သမားတွေကတော့တစ်နေ့လုပ်ခ ကျပ်၄၈၀၀ သာရရှိတာကြောင့် ငွေကြေးမလုံလောက်မှုများကြောင့် မိသားစုထံပေးပို့နိုင်ခြင်းမရှိတဲ့အပြင် မိမိတစ်ယောက်စာမျှပင်အကြွေးမတင်ယုံမျှ ရုန်းကန်နေရလို့ တစ်နေ့လုပ်ခကျပ်၈၀၀၀သို့ တိုးမြှင့်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်ကြတာတွေလည်းရှိခဲ့လို့ အလုပ်ကရပ်နားခံရတာတွေလည်းရှိခဲ့ပါတယ်။

အနိမ့်ဆုံးလုပ်ခလစာတိုးပေးနိုင်ရေးနဲ့ပတ်သက်လို့ အချို့သောလုပ်ငန်းရှင်များနဲ့အလုပ်သမားရေးအဖွဲ့တစ်ချို့က စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူများနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေရှိတယ်လို့ သတင်းထွက်​​​ပေါ်ခဲ့တာရှိသလို အလုပ်ရှင်များကလည်း၅၂၀၀၊ ၅၄၀၀နဲ့ ၅၆၀၀ သို့တိုးပေးဖို့ပြောဆိုထားတယ်ဆိုတဲ့သတင်းထွက်ပေါ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

" လက်ရှိတိုးတာတော့မရှိသေးဘူး။  ကျွန်မတို့ဒီ၅လပိုင်းကုန်တဲ့အထိတော့စောင့်ကြည့်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့အလုပ်ရှင်တွေက  ၅၂၀၀၊ ၅၄၀၀တို့ ၅၆၀၀ တို့အစားစားတိုးပေးမယ်လို့ပြောနေတာတွေ တော့ ကြားနေရတာတွေရှိနေပါတယ်။ အခုချိန်မှာတော့ ကျွန်မတို့ဘာမှလုပ်လို့မရသေးပါဘူး။  အာဏာသိမ်းစဉ်ကာလဖြစ်နေတဲ့အတွက်ပါ။ အလုပ်ရှင်တွေကတော့ သူတို့အကျိုးအမြတ်ရရေးအတွက်  အလုပ်သမားတွေကိုတစ်ကျပ်မှပေးချင်ကြမှာမဟုတ်ပါဘူး" လို့ ၎င်းကဆိုပါတယ်။

အဲ့ဒီလိုမျိုး အလုပ်သမားသစ်ခေါ်ယူရာမှာ ဒေးကြေး၅၂၀၀ကျပ်၊ ၅၄၀၀ကျပ်နဲ့ ၅၆၀၀ ကျပ်သို့ တိုးမြှင်းပေးဆောင်ခေါ်ယူလာတာတွေကြောင့်  အလုပ်သမားတွေရဲ့လုပ်ခလစာတိုးမြှင့်ပေးရေးမျှော်လင့်ချက်မှာလည်း အလုပ်သမားတစ်ယောက်တစ်နေ့ကုန်ကျစရိတ်ရဲ့တစ်ဝက်လောက်သာရှိတဲ့  ကျပ်ငါးထောင်​ ကျော်ဖြင့်သာ ဖြစ်သွားမည်ကိုစိုးရိမ်စရာဖြစ်လာတယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာဟာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ကအမြင့်ဆုံးဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ  ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ  စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ  ၃၆၀၀ကျပ် သာပေးနေကြတာတွေလည်းရှိနေပါတယ်။

၄၈၀၀ကျပ်ပြဌာန်းမှု နှစ်နှစ်ပြည့်ခဲ့ပြီး  ထပ်မံတိုးမြှင့်ပြန်ဌာန်းပေးရန် ပျက်ကွက်ခဲ့တာကြောင့် လက်ရှိအလုပ်သမားတွေဟာ Double Charges နှစ်ခုနစ်နာခဲ့တာပါ။ 
အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီးနှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်မယ်လို့  မျှော်လင့်ခဲ့ပေမဲ့ ငါးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ဖြစ်နေတာကြောင့်  သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာပါ။

ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာလည်း  လစာတစ်၀က်ပဲရရှိခြင်း  အလုပ်ရပ်နားရတာတွေကို ဖြတ်သန်းခဲ့ရပြီးနောက်   အာဏာသိမ်းလိုက်တဲ့ အခါမှာလည်း အလုပ်ရှင်တွေက အကြောင်းပြပြီး အလုပ်ခလစာလည်းမတိုးပေးတဲ့အပြင် အနိမ့်ဆုံးလုပ်ခလစာလည်းမပြဌာန်းတော့တာတွေနဲ့  လခစားအဖြစ်မှ နေ့စားလရှင်းအဖြစ်ရောက်ရှိခြင်းတွေကြောင့်  အလုပ်သမားတွေက နှစ်ကြိမ်နှစ်ခါနစ်နာနေရတာဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026