NEWS

အနည်းဆုံးအခကြေးငွေ ကျပ် ၈၀၀၀ အထက်သတ်မှတ်ဖို့ အလုပ်သမားများ တောင်းဆို

CoverLogo
712 Views
 
အလုပ်သမားဝန်ကြီးဌာနက တရက်လုပ်ခ ကျပ် ၄၈၀၀ ရရှိနေတဲ့ အလုပ်သမားတွေကို ထောက်ပံ့ကြေးဆိုပြီး တရက် ကျပ် တထောင် တိုးမြှင့်သတ်မှတ်ပေမဲ့ လုံလောက်မှု မရှိတာကြောင့် တရက် ၈နာရီ အတွက် အနည်းဆုံး လုပ်ခအတွက် ကျပ် ၈၀၀၀ ရရှိဖို့ကို အလုပ်သမားတွေက တောင်းဆိုနေပါတယ်။
 
“တနေ့ ၈ နာရီ လုပ်အားခ ၈၀၀၀ လိုချင်ပါတယ်။ တရက် လုပ်အားခ ကျပ် ၄၈၀၀ ကို ထောက်ပံ့ကြေး ဆိုပြီး ကျပ် ၁၀၀၀ ပေါင်းထည့်ပေးတယ်ဆိုပြီး အောက်တိုဘာ ၅ ရက်က ကြေညာထားတယ်။ အိုတီတွက်တော့ အခြေခံ လုပ်ခ ကျပ် ၄၈၀၀ ပေါ်မှာ တွက်ချက်တော့ အိုတီ ကြေးဟာ လုံးဝ မတိုးတော့ဘူး ။ အလုပ်သမားတွေအနေ နဲ့လည်း ဒီ ကျပ် တထောင်က တစ်ရက်အတွက်တောင် ဘယ်လိုမှ မလောက်ငှနိုင်ဘူး။ အချိန်ပိုကြေးကို ၅၈၀၀ အပေါ်မှာ တွက်ချက်မယ်ဆိုရင်တောင် လောက်ငှတဲ့ ပမာဏ မဟုတ်ဘူး။ ဒီတိုးမြှင့် ပေးလိုက်တဲ့နှုန်းက လက်ရှိ ကုန်စျေးနှုန်းတွေနဲ့ဆို ဘယ်လိုမှ လုံလောက်မှု မရှိပါဘူး”လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
အဆောင်နဲ့ အိမ်ငှားရမ်းခတွေ မြင့်တက်နေတာ၊ လျှပ်စစ်မီးအတွက် ကုန်ကျမှု ပိုများတာတွေနဲ့ ကုန်စျေးနှုန်း မြင့်တက်မှုတွေကြောင့် အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်ဟာ အလုပ်သမားတွေအတွက် အဆင်မပြေနိုင်တာ ကြောင့် တရက်လုပ်ခ ကျပ် ၈၀၀၀ အထိ တိုးပေးဖို့ စက်ရုံအလုပ်သမားတွေက တောင်းဆိုနေတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ထောက်ပံ့ကြေး ကျပ် ထောင် တိုးမြှင့်ပေးတာဟာ ငါးနှစ်ကြာမှ တိုးမြှင့် ပေးတာ ဖြစ်တဲ့အပြင် အဲဒီပမာဏဟာလည်း လက်ရှိကုန်စျေးနှုန်း အခြေအနေအရ အလုပ်သမားတွေ မျှော်လင့်တဲ့ နှုန်းထားနဲ့လည်း ကွာခြားနေတယ်လို့ စက်မှုဇုန် အလုပ်သမားတွေက ပြောပါတယ်။
 
နောက်ဆုံး အနည်းဆုံးအခကြေး ငွေ ကို ၂၀၁၈ ခုနှစ်က ကျပ် ၄၈၀၀ တိုးမြှင့်ပေးခဲပြီး ဥပဒေအရ နှစ် နှစ် တကြိမ် ခေတ်နဲ့ လျော်ညီတဲ့နှုန်းထားဖြစ်အောင် ပြန်လည် ပြင်ဆင်ရမယ်လို့ ပြဌာန်းထားပါတယ်။
 
"အခု ကြေညာထားတာက အချိန်ပိုကြေးကို အခြေခံလစာ ကျပ် ၄၈၀၀နဲ့ ပဲတွက်ပေးတာ။ အခြေခံလစာထက် ပို တိုးပေးမှ အချိန်ပိုကြေး တိုးရမှာ ။ အခုတော့ ရှုပ်ထွေးနေတယ်။ တကယ်ဆိုရင် အနည်းဆုံး အခကြေးငွေကို ခေတ်ရဲ့ ကုန်စျေးနှုန်းတွေအရ တရက် ကျပ်တစ်သောင်း ပေးဖို့ပဲ ပြောချင်ပါတယ်"လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ အလုပ်သမားတဦးက ပြောဆိုထားပါတယ်။
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း မြင့်တက်လာပြီး လုပ်ခလစာ နည်းပါးမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကို ပြည်သူအများ ခံစားနေရပြီး ဝင်ငွေနိမ့် မိသားစုတွေမှာလည်း စားဝတ် နေရေး လုံလောက်မှုမရှိဘဲ ပိုမိုကျပ်တည်းလာတယ်လို့ ဆန်းစစ်ချက်တွေ အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေရှ် နိုင်ငံက အထည်ချုပ်အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာကို ၅၀ ရာခိုင်နှုန်းကျော်အထိ အစိုးရက တိုးမြှင့်ပေးတာကြောင့် လုပ်ခလစာ ၁၁၄ ဒေါ်လာအထိ ရရှိလာမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် လုပ်ခလစာကို နှစ်စဉ် ၅ ရာခိုင်းနှုန်း တိုးမြှင့်ပေးဖို့ကိုလည်း အစိုးရက အာမခံထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026