NEWS

အနည်းဆုံးအခကြေးငွေတိုးမြှင့်ဖို့ နိုင်ငံတကာ အမှတ်တံဆိပ်တွေဆီတောင်းဆိုမယ်

CoverLogo
970 Views

မြန်မာနိုင်ငံရဲ့အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သတ်မှတ်ချက်ဟာ လက်ရှိကုန်စျေးနှုန်းမြင့် တက်မှုနဲ့လုပ်အားခနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အနည်းဆုံးအခကြေးငွေတိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတကာအမှတ်တံဆိပ်တွေဆီမှာ တောင်းဆိုဖို့ရှိတယ်လို့ သိရပါတယ်။  

“ကျွန်တော်တို့ကတော့ အစိုးရကိုဘာမှတောင်းဆိုမှာလုပ်မှာမဟုတ်ဘူး။ အောက်ရုံးတွေမှာတောင် အလုပ်သမားတွေမတရားခံနေရလို့  စကစယန္တရားမှာဖြေရှင်းနေရတာ။ အမှန်တကယ်ဆို ဒါတွေတောင်မှ မဖြေရှင်းချင်ဘူး။ ဘာလို့လဲဆို စကစနဲ့မပူးပေါင်းဘူး။ ပူးပေါင်းပြီးတော့ လုပ်သလိုဖြစ်မှာစိုးလို့ မလုပ်ချင်ဘူး။ မလွှဲသာလို့လုပ်နေရတာလေ။ ဒါကြောင့်အနည်းဆုံးခကြေးငွေတိုးမြှင့်ဖို့  စကစဆီတောင်းဆိုမှာတော့မမဟုတ်ဘူး၊ ဒါပေမဲ့ မေဒေးမှာတော့ အနည်းဆုံးအခကြေးငွေနဲ့ပတ်သက်ပြီး စတိတ်မန့်တွေစာတွေတော့ထုတ်မယ်။ ဘရမ်းတွေဘာတွေဘာတွေနဲ့ဒီလိုမျိုး မြန်မာနိုင်ငံရဲ့အနည်းဆုံးအခကြေးငွေက လုပ်အားခနဲ့မညီဘူးဆိုတာကိုတော့  စတိတ်မန့်တွေဘာတွေထုတ်မယ်။ ဆန္ဒပြတောင်းဆိုတာမျိုးတွေတော့မလုပ်ဘူး”  လို့ အလုပ်သမားအဖွဲ့အစည်းတစ်ခုကဆိုပါတယ်။  

မြန်မာနိုင်ငံရဲ့အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ ကျပ်သတ်မှတ်ထားတာဟာ ရှေ့လမေလထဲမှာ ၅နှစ်တိတိပြည့်ပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမဲ့နှုန်းထား မပြင်ဆင်ပေးတဲ့အပေါ်အလုပ်သမားများနဲ့အလုပ်သမားအဖွဲ့အစည်းတွေဟာ ထောက်ပြဝေဖန်ပြောဆို မှုတွေရှိနေတာဖြစ်ရာ  အလုပ်ရှင်များကလည်းတိုးမြှင့်သတ်မှတ်ပေးရန်ငြင်းဆိုထားသလို  လက်ရှ်ိစစ်ကောင်စီကတိုးမြှင့်ပေးဖို့သတ်မှတ်ပေးမှသာ တိုးပေးမယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်။  

စစ်ကောင်စီကလည်း နိုင်ငံံ့၀န်ထမ်းများကိုပင်လုပ်ခလစာတွေတိုးမြှင့်ပေးရန်မရှိသေးဘူးလို့ ထုတ်ပြန်လိုက်တဲ့အတွက်  အလုပ်သမားအဖွဲ့အစည်းအချို့ဟာ  အနည်းဆုံးလုပ်ခသတ်မှတ်မှု ၅နှစ်ပြည့်ရက်မရောက်ခင် လုပ်ခပြင်ဆင်သတ်မှတ်ရေးတောင်းဆိုမှုတွေပြုလုပ်ဖို့ရှိနေတယ်လို့ သိရသလို အချို့သောအဖွဲ့အစည်းတွေကလည်း  အလုပ်ရှင်တွေကအလုပ်သမားတွေအတွက် လုပ်ခလစာတွေတိုးမြှင့်ပေးဖို့ ကုန်အမှတ်တံဆိပ်တွေနဲ့ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့   မြန်မာနိုင်ငံရဲ့တစ်နေ့လုပ်ခနဲ့ကုန်စျေးနှုန်းနဲ့မျှတမှုမရှိတာကို  ထောက်ပြပြောဆိုမှု တွေပြုလုပ်မယ်လို့ သိရပါတယ်။ 

“ကျွန်မတို့ကို အစိုးရကတိုးပေးရင်တိုးပေးမယ်လို့ပြောထားတာ။ အစိုးရကလည်းမတိုးပေးတော့ သူတို့အလုပ်ရှင်တွေစိတ်တိုင်းကျဖြစ်သွားတယ်။ ဒီအပေါ်ကိုအခွင့်ကောင်းယူပြီး  တိုးပေးမှာမဟုတ်ဘူး။  ကျွန်မတို့မှာတစ်နေ့ ၄၈၀၀ကျပ်ပဲ အခြားခံစားခွင့်တွေဆိုတာလည်းရတာမဟုတ်ဘူး။လွန်ခဲ့တဲ့လေးနှစ်ကျော်ငါးနှစ်လောက်ကတည်းက တစ်နေ့၄၈၀၀ တစ်လလုံးမှ  တစ်သိန်းခွဲလောက်ပဲရတာက ခုထိလက်ရှိကုန်စျေးနှုန်းနဲ့တစ်ကယ်အဆင်မပြေပါဘူး။အခြားကျွမ်းကျင်ကြေးနဲ့နှစ်ကြေးတွေမှာလည်းတိုးပေးသင့်ပါတယ်”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

အလုပ်သမားတွေဘက်က အနည်းဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စက်ရုံတွေကတော့ လုပ်ခတိုးမပေးတဲ့အပြင် လုပ်အားတွေကိုတစ်နေ့၄၈၀၀ ကျပ်အပြည့်မပေးတဲ့စက်ရုံတွေကအများအပြားရှိနေသလို အလုပ်သမားတွေကို နေ့စားလရှင်းပုံစံနဲ့စေခိုင်းတာတွေကိုပါ  စက်ရုံအများစုကကျင့်သုံးလာတာကြောင့် အလုပ်သမားတွေရဲ့ လစာရရှိမှုတွေကိုပါညှစ်ထုတ်စေခိုင်းတာတွေပဲ ခံနေရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ 

အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့နဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့၅နှစ်ကဆန်တစ်ပြည်ရဲ့နှုန်းထားနဲ့လက်ရှိဆန်တစ်ပြည်ရဲ့နှုန်းထားနဲ့သုံးဆအထိကွာခြားလာတာဖြစ်သလို  အလုပ်သမားတွေရရှိတဲ့ကျပ်၄၈၀၀ဟာ ဆန်တစ်ပြည်သာသာသာရှိနေပြီး လက်ရှိဒေါ်လာစျေးအရ နှစ်ဒေါ်လာသာရှိတဲ့အတွက် ဒေါ်လာဖြင့်တွက်သော်လည်းကောင်း ကုန်စျေးနှုန်းအရသော်လည်းကောင်း ဖြစ်သင့်တဲ့နှုန်းထားတစ်ခုဖြစ်လာဖို့ တွေ့ဆုံညှိနှိုင်းမှုအချို့ပြုလုပ်လျှက်ရှိနေတယ်လို့လည်း သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026