NEWS

အနည်းဆုံးအခကြေးငွေတိုးမြင့်ပေးရန်ညှိနှိုင်းမှု မအောင်မြင်ပါကစုပေါင်းတောင်းဆိုမှုပြုလုပ်သွားမည်

CoverLogo
1K Views

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်မှာရှိတဲ့  မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ စက်ရုံလုပ်သားတွေဟာ ကုန်ဈေးနှုန်းမြင့်တက်လာမှုတာကြောင့်   တစ်နေ့လုပ်ခအနည်းဆုံးအခကြေးငွေကို  သင့်တင့်မျှတတဲ့လစာအဖြစ် တိုးပေးရန်တောင်းဆိုထားမှုအပေါ် ညှိနှိုင်းမှုမအောင် မြင်ပါက  စုပေါင်းတောင်းဆိုမှုပြုလုပ်သွားမယ်လို့ သိရပါတယ်။

"ညှိနှိုင်းမှုပြုလုပ်ပေးဖို့ကို သန်ဘက်ခါတောင်းဆိုမှာပါ။  ဆွေးနွေးညှိနှိုင်းမှုမအောင်မြင်ဘူးဆိုရင်တော့  ကျွန်မတို့အနေနဲ့ အငြင်းပွားမှုဖြေရှင်းရေဥပဒေအတိုင်း စုပေါင်းတောင်းဆိုမှုလုပ်သွားမှာပါ"လို့ ယင်းစက်ရုံမှ  အလုပ်သမားတစ်ဦးက ဆိုပါတယ်။

၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့သည့် အနည်းဆုံးအခကြေးငွေ ဥပေဒဟာ  သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်အားခ အောက်လျော့နည်းပေးခြင်းကို တားမြစ်ထားခြင်းသာဖြစ်ပြီး  ဥပဒေဖြင့် သတ်မှတ်ထားတဲ့ လုပ်အားခ ထက် ကျော်လွန်ပေးခြင်းကို ခွင့်ပြုပေးထားတဲ့ဥပဒေဖြစ်နေပေမဲ့ အလုပ်သမားများရဲ့ လုပ်အားခ တိုးမြှင့်တောင်းဆိုမူတိုင်းကို လုပ်ငန်းရှင်များက အစိုးရက တိုးမြှင့်ပေးဖို့ပြောင်းလဲသတ်မှတ်ပေးမှသာ တိုးမြှင့်ပေးမယ်လို့ ပြောဆိုနေကြတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် မွာ ပြဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ဟာ  အနိမ့်ဆုံးပေးရမဲ့နှုန်းထားကိုသာ  သတ်မှတ်ပေးထားတာဖြစ်ကာ  ၄၈၀၀ထက် ပိုပေးခြင်းကြောင့် ဥပေဒ ချိုးဖောက်တာ မဟုတ်တဲ့အတွက်  လုပ်အားခ တိုးမြှင့် ရရှိဖို့အတွက် ညှိနိုင်းမူတဆင့်အဖြစ် အောက်တိုဘာလအတွင်း မှာ လုပ်ဆောင်သွားဖို့ကိုလည်း ဆုံးဖြတ်ထားပြီး အကယ်၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပါက  အငြင်းပွားမှု ဖြေရှင်းရေး ဥပေဒက ခွင့်ပြု ပေးထားတဲ့ စုပေါင်းတောင်းဆိုမှု ကို လုပ်ဆောင်သွားဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံမှအလုပ်သမားတွေဟာ  လက်ရှိမှာအနည်းဆုံးအခကြေးငွေတစ်နေ့၄၈၀၀ကျပ်ရရှိနေပေမဲ့  ရက်မှန်ကြေးလည်းကျပ်တစ်သောင်းသာရရှိတဲ့အပြင် အလုပ်ရှင်ဘက်က စံချ်ိန်တွေကိုသတ်မှတ်နှုန်းထက် တိုးတိုးပြီးတောင်း လာခဲ့ပေမဲ့  လုပ်ခလစာတ်ိုးပေးတာမျိုးမရှိတာကြောင့်  စက်ရုံလုပ်သားတွေဟာ  လက်ရှ်ိရနေတဲ့တစ်နေ့ လုပ်ခ၄၈၀၀အစား  ကုန်ဈေးနှုန်းမြင့်တက်မှုအရ သင့်တင့်မျှတတဲ့ နှုန်းထားတစ်အဖြစ်သို့ တိုးမြှင့်ပေးဖို့  စက်ရုံတွင်းတောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။  

အဆိုပါတောင်းဆိုထားခြင်းကြောင့် အလုပ်ရှင်အနေဖြင့်  လုပ်ခလစာတိုးပေးဖို့ အစိုးရထံမှာတောင်းဆိုဖို့နဲ့ အစိုးရကတိုးမြှင့်ပေးဖို့သတ်မှတ်မှသာ  တိုးမြှင့်ပေးမှာလို့ပြောဆိုကာ   Orange ဈေး၀ယ်စင်တာကြီးမှသာ ၀ယ်ယူလို့ရနိုင်မဲ့ ကျပ်တစ်သောင်းတစ်ထောင်တန်ဈေး၀ယ်ကူပွန်ကတ်ကိုသာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။  

အဆိုပါစက်ရုံအလုပ်သမားတွေဟာ  ပြီးခဲ့တဲ့စက်တင်ဘာလကလည်း တစ်နေ့လုပ်ခလစာကို ကျပ်၈၀၀၀ အဖြစ်တိုးမြှင့်ပေးဖို့  စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်ခဲ့ပြီး  ယခင်ကတောင်းဆိုမှုတွေပြုလုပ်ရာမှာ သမဂ္ဂအဖွဲ့၀င်နှစ်ရာကျော်ပဲရှိခဲ့ပေမဲ့  ယခုအချိန်မှာပူးပေါင်းတောင်းဆိုလိုတဲ့ အလုပ်သမားတွေဟာ ပူးပေါင်းပါ၀င်လာမှုအရ  တစ်ထောင်ကျော်ထိရှိလာတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတွင် အလုပ်သမားများ  တစ်နေ့လုပ်ခအနည်းဆုံးအခကြေးငွေ ၄၈၀၀ကျပ်အဖြစ်၂၀၁၈ခုနှစ်က သတ်မှတ်ထားတာဖြစ်ပြီး ၂၀၁၈ခုနှစ်ရဲ့ကုန်ဈေးနှုန်းနှင့်  လက်ရှိမြင့်တက်နေတဲ့ကုန်ဈေးနှုန်း တွေမှာ  အဆမတန်ပြောင်းလဲနေတာကြောင့်   လက်ရှ်အလုပ်သမားများရင်ဆိုင်နေရတဲ့  အကြပ်အတည်းများအပေါ်  တိုးမြှင့်သတ်မှတ်ပေးရန်လိုအပ်တာဖြစ်ပြီး  ၂၀၁၈ခုနှစ်သတ်မှတ်လိုက်တဲ့ အနည်းဆုံးအခကြေးငွေ ဥပေဒအရ  နှစ်နှစ်တစ်ကြိမ်ပြောင်းလဲပြုပြင်ပေးရမည်ဆိုတဲ့အပေါ်လည်း  ပြောင်းလဲတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတယ်လို့ အလုပ်သမားတစ်ဦးက  ဆိုပါတယ်။

အဆိုပါစက်ရုံဟာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် Adidas ချုပ်နေတာဖြစ်ပြီး  ၎င်းတို့အနေဖြင့်  ကုန်ဈေးနှုးမြင့်မားမှုအကြပ်အတည်းဖြစ်နေတဲ့ မြန်မာလုပ်သားတွေအပေါ်  သင့်တင့်မျှတတဲ့ လုပ်ခလစာကိုတိုးမြှင့်ပေးဖို့  လိုအပ်နေတယ်လို့ အလုပ်သမား
တွေထံကသိရပါတယ်။

MyanmarLabourNews
MinimumWage


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026