ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ် ရှိ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ စက်ရုံလုပ်သားတွေဟာ ကုန်ဈေးနှုန်းမြင့်တက်လာမှုတာကြောင့် တစ်နေ့လုပ်ခအနည်းဆုံးအခကြေးငွေကို သင့်တင့်မျှတတဲ့လစာအဖြစ် တိုးပေးရန်တောင်းဆိုထားမှုအပေါ် ညှိနှိုင်းမှုပြုလုပ်ရန်လက်မခံတာကြောင့် စက်ရုံလုပ်သားအားလုံးစုပေါင်းတောင်းဆိုမှု့တစ်ခုစတင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“ညှိနှိုင်းမှုတောင်းဆိုတာဘာမှမထူးခြားလာပါဘူး။ အလညကိုစာတင်တာလည်းမထူးခြားပါဘူး။ မထူးခြားလို့လှုပ်ရှားမှုတစ်ခုပြုလုပ်ပါမယ်။ ဟုတ်ကဲ့ စက်ရုံထဲကအလုပ်သမားအားလုံးပါ”လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 
"လုပ်အားခခိုးယူတယ်ဆိုတာက အမှန်တကယ်ရရှိရမယ့် လုပ်အားခကို မပေးပဲထားခြင်းကို ဆိုလိုတာဖြစ်တယ်။ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းလို့လည်း ပြောလို့ရတယ်။ ခေါင်းပုံဖြတ်ခံထားရတဲ့ မိမိလုပ်အားခကို ပြန်လည်တောင်းဆိုခြင်းဟာ အလုပ်သမားတိုင်း မှာပါရှိပြီး အခွင့်အရေးတခုဖြစ်တယ်။ မိမိ၏ အခွင့်အရေးကို ကာကွယ်တာလဲဖြစ်တယ်။ လုပ်အားခ တိုးမြှင့်ဖို့တောင်းဆိုတာမဟုတ်ဘူး။ မိမိ၏ လုပ်အားခနဲ့ကိုက်ညီတဲ့ လုပ်ခ လစာပေးရန်အတွက် ဆွေးနွေးညှိနိုင်းဖို့ ကမ်းလှမ်းတာကို ငြင်းပယ်ခြင်းဖြင့် တုံ့ပြန်ခဲ့တာမို့လို့ မြန်မာပေါင်ချိန် အလုပ်သမားတို့ရဲ့ လိုလားချက်အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်အောင် လုပ်ဖို့အတွက် အသံကျယ်ကျယ်နဲ့ အားလုံးကြားအောင် လုပ်ရမယ့် အချိန်ရောက်ပြီ"လို့ မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂ ကဆိုထားပါတယ်။
၂၀၁၃ ခုနှစ် မှာ ပြဌာန်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ကျပ်၄၈၀၀ဟာ အနိမ့်ဆုံးပေးရမဲ့နှုန်းထားကိုသာ သတ်မှတ်ပေးထားတာဖြစ်ကာ ၄၈၀၀ထက် ပိုပေးခြင်းကြောင့် ဥပဒေ ချိုးဖောက်တာ မဟုတ်တဲ့အတွက် အဆိုပါစက်ရုံအလုပ်သမားတွေက တစ်နေ့လုပ်ခကျပ်၄၈၀၀အစား ကျပ်၈၀၀၀သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုရရှိရန် ညှိနိုင်းမူတဆင့်အဖြစ်ဆောင်ရွက်ပေးရန်နဲ့ ညှိနှိုင်းမှုကို အလညကကြားဝင်ဆောင်ရွက်ပေးရန် စာဖြင့်တင်ပြတောင်းဆိုထားတာလည်း ထူးခြားမှုမရှိတာကြောင့် အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေက ခွင့်ပြု ပေးထားတဲ့ စုပေါင်းတောင်းဆိုမှု ကို စက်ရုံအလုပ်သမားတွေက စုပေါင်းလုပ်ဆောင်သွားဖို့ ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံမှအလုပ်သမားတွေဟာ လက်ရှိမှာအနည်းဆုံးအခကြေးငွေတစ်နေ့၄၈၀၀ကျပ်ရရှိနေပေမဲ့ ရက်မှန်ကြေးလည်းကျပ်တစ်သောင်းသာရရှိတဲ့အပြင် အလုပ်ရှင်ဘက်က စံချိန်တွေကိုသတ်မှတ်နှုန်းထက် တိုးတိုးပြီးတောင်း လာခဲ့ပေမဲ့ လုပ်ခလစာတိုးပေးတာမျိုးမရှိတာကြောင့် စက်ရုံလုပ်သားတွေဟာ လက်ရှိရနေတဲ့တစ်နေ့ လုပ်ခ၄၈၀၀အစား ကုန်ဈေးနှုန်းမြင့်တက်မှုအရ သင့်တင့်မျှတတဲ့ နှုန်းထားတစ်အဖြစ်သို့ တိုးမြှင့်ပေးဖို့ စက်ရုံတွင်းတောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။
အဆိုပါတောင်းဆိုထားခြင်းကြောင့် အလုပ်ရှင်အနေဖြင့် လုပ်ခလစာတိုးပေးဖို့အစိုးရထံမှာတောင်းဆိုဖို့နဲ့ အစိုးရကတိုးမြှင့်ပေးဖို့သတ်မှတ်မှသာ တိုးမြှင့်ပေးမှာလို့ပြောဆိုကာ Orrange ဈေးဝယ်စင်တာကြီးမှသာ ဝယ်ယူုလို့ရနိုင်မဲ့ ကျပ်တစ်သောင်းတစ်ထောင်တန်ဈေးဝယ်ကူပွန်ကတ်ကိုသာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစက်ရုံအလုပ်သမားတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလကလည်း တစ်နေ့လုပ်ခလစာကို ကျပ်၈၀၀၀ အဖြစ်တိုးမြှင့်ပေးဖို့ စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်ခဲ့ပြီး ယခင်ကတောင်းဆိုမှုတွေပြုလုပ်ရာမှာ သမဂ္ဂအဖွဲ့ဝင်နှစ်ရာကျော်ပဲရှိခဲ့ပေမဲ့ ယခုအချိန်မှာပူးပေါင်းတောင်းဆိုလိုတဲ့ အလုပ်သမားတွေဟာ ပူးပေါင်းပါဝင်လာမှုအရ တစ်ထောင်ကျော်ထိရှိလာတယ်လို့လည်း သိရပါတယ်။
အဆိုပါစက်ရုံဟာ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် Adidas ချုပ်နေတာဖြစ်ပြီး ထိုင်ဝမ် နိုင်ငံ Taichung မြို့ မှာ ရှိတဲ့ စက်ရုံကို ပိုင်ဆိုင်တဲ့ company ရုံးချုပ်ကြီးဖြစ်တာကြောင့် ဒေါ်လာဈေးတက်နေတာနဲ့အညီ ၎င်းတို့အနေဖြင့် ကုန်ဈေးနှုန်းမြင့်မားမှုအကြပ်အတည်းဖြစ်နေတဲ့ မြန်မာလုပ်သားတွေအပေါ် သင့်တင့်မျှတတဲ့ လုပ်ခလစာကိုတိုးမြှင့်ပေးဖို့ လိုအပ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။
MyanmarLabourNews
LabourUnion
NEWS
အနည်းဆုံးအခကြေးငွေတိုးမြင့်ပေးရန်ညှိနှိုင်းမှုလက်မခံတာကြောင့် စက်ရုံလုပ်သားများ လှုပ်ရှားတစ်ခုစတင်

940 Views
Related posts

အမျိုးသမီးများကို ငွေကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026

Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026

Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026

T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026

Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026

Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026

Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
