NEWS

အနည်းဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်မယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ သဘောထားကိုမေးမြန်းထားပါတယ်။

CoverLogo
778 Views

အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခဖြစ်တဲ့  အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့  စကစရဲ့ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်ကထုတ်ပြန်ပါတယ်။ 

အနည်းဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်မယ်လို့ ထုတ်ပြန်ထားတဲ့အပေါ် အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတွေရဲ့ သဘောထားကိုမေးမြန်းထားပါတယ်။ 

ဒေါ်ဖြိုစန္ဒာစိုး- လက်ထောက်အထွေထွေအတွင်းရေးမှူး CTUM 

"အကြမ်းဖက်စစ်တပ်ကဘာတွေပြောပြောလေနော်  ကျွန်မတို့လိုချင်တာက ကျွန်မတို့ဘာကြောင့်တော်လှန်ရေးဆင်နွှဲနေကြတာလဲဆိုရင် အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းလို့ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တော်လှန်နေကြတာဖြစ်တယ်။ 

အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို ပြည်သူ့ထံပြန်ပေးဖို့လိုတယ်။ အဲ့တာကရည်ရွယ်ချက်ဖြစ်တယ်။ ပြီးရင် အကြမ်းဖက်စစ်တပ်ကို မြန်မာ့တော်လှန် ရေးပြီးရင် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍကနေ လုံး၀ကိုအပြီးတိုင်ဖယ်ရှားပစ်ဖို့ရှိတယ်။ ဒါကကျွန်မတို့တော်လှန်ရေးအင်အားစုတွေရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။  ဘာလို့လဲဆိုရင် အကြမ်းဖက်စစ်တပ်အောက်မှာ ဒီမိုကရေစီ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးရှိမယ်လို့လည်း ယုံကြည်မှုမရှိပါဘူး။ ဒီမိုကရေစီကို တစ်ကယ်လေးစားလိုက်နာတယ်ဆိုရင် အာဏာသိမ်းစရာလည်းမလိုဘူး။ အာဏာသိမ်းတဲ့သူကို ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခဲ့တဲ့ပြည်သူလူထုတွေကိုလည်း သတ်ဖြတ်စရာအကြောင်းမရှိဘူး။  ဒီမိုကရေစီကိုအမှန်လိုလားတယ် အလုပ်သမားအခွင့်အရေးကို အမှန်လိုလားတယ်။ လူ့အခွင့်အရေးကိုအမှန်လိုလားတဲ့သူဆိုရင် အဲဒီလိုမျိုးလုပ်ရပ်တွေ လုပ်ခဲ့မှာမဟုတ်ဘူး။ ဆိုတော့ ဒီလိုမျိုးအနည်းဆုံးအခကြေးငွေတိုးတာတို့ အလုပ်သမားအခွင့်အရေးဘာဖြစ်တာတို့ဆိုတာတွေ ဒါက အပြည်ပြည်ဆိုင်ရာမျက်နှာပြင်မှာ လူမြင်ကောင်းအောင်လုပ်တဲ့လုပ်ရပ်သာဖြစ်တယ်။ 

တစ်ကယ့်နောက်ကွယ် မှာက ဒီမိုကရေစီ အလုပ်သမားအခွင့်အရေး လူ့အခွင့်အရေးကို တစ်ကယ်လိုလားတဲ့သူမဟုတ်ဘူးဆိုတာကို လည်း ကျွန်မတို့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေကို ကြည့်ရင်သိရှိနိုင်တယ်။ 

လက်ရှိ မှာလည်း ပြည်သူတွေကိုသတ်နေတာပဲ ဒီလိုလုပ်ရပ်တွေကို သက်သေတွေကပြထားပြီးလည်းဖြစ်တယ်။ ဆိုတော့ ကျွန်မတို့ကရှင်းတယ်။ သူတို့ဘာသာသူတို့ ဘာလုပ်လုပ် အကြမ်းဖက်စစ်တပ်ကို  မြန်မာ့နိုင်ငံရေးက နေဖယ်ရှားပြီးတော့ ဖက်ထရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကိုသွားချင်ပါတယ်။  ဒါကိုပဲပြောချင်ပါတယ်။ နောက်ပြီးတော့တစ်ခုထပ်ဖြည့်ပြောချင်တာက အကြမ်းဖက်စစ်တပ်က သူတို့ကတစ်ကယ်ဆိုရင် သူတို့ကိုဘယ်သူကမှဘယ်ပြည်သူကမှ ရွေးကောက်ပွဲကို ကျင်းပပိုင်ခွင့် အခွင့်အရေး ပေးထားတာလည်းမဟုတ်ဘူး။ သူတို့ကပြည်သူကအပ်နှင်းထားတဲ့ တရား၀င်မှုရှိတဲ့သူတွေလည်းမဟုတ်ဘူး။ သူတို့ကတရားမ၀င်တဲ့ရွေးကောက်ပွဲကိုကျင်းပတဲ့ကြိုးစားတယ်။  အနည်းဆုံးအခကြေးငွေဆိုတာကိုနိုင်ငံရေး လက်နက်တစ်ခုအဖြစ် အသုံးပြုကြခြင်းသာဖြစ်တယ်။ အဲ့လိုနိုင်ငံတွေလည်းရှိကြတယ်။ အနည်းဆုံးအခကြေးငွေကိစ္စကို နိုင်ငံရေးသမားတွေကကစားကြတာဖြစ်တယ်။ ဒီတရားမ၀င်ရွေးကောက်ပွဲကို ကျင်းပဖို့ကိစ္စကို ဒါကိုလက်နက်သဖွယ် အသုံးပြုတဲ့ကိစ္စရပ်ဖြစ်တယ်။  တိုင်းပြည်အတွက်တကယ်စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုမဟုတ်ဘူးဆိုတာ ကိုတော့ ပြောချင်တယ်။
#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026