NEWS

အနည်းဆုံးလုပ်ခလစာတိုးမြှင့်သတ်မှတ်မည်ကို လုပ်ငန်းရှင်များဘက်မှကန့်ကွက်

CoverLogo
1.5K Views

မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်မှာနဲ့ပတ်သက်ပြီး  တိုးမြှင့်သတ်မှတ်မည့်အပေါ်  အလုပ်ရှင်တချို့က ကန့်ကွက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

“အလုပ်ရှင်တွေက  မလွယ်ကူတဲ့ကြားထဲကနေ  ဆက်လုပ်နေကြရတာ။ ကိုဗစ်မှာပဲတော်တော်ထိထားတာ။ အရှုံးတွေနဲ့ကနေ  ပြန်စထားကြရတာဆိုတော့  လတ်တလောတိုးမြှင့်ပေးမှာကိုတော့  သဘောမတူ ဘူးလို့ပဲ ပြောရမှာ။ ဒါကကျွန်တော့်တစ်ယောက်တည်းရဲ့ဆန္ဒပါပဲ။ အခြားလုပ်ငန်းရှင်တွေလည်း ဒီလိုပဲလို့ထင်ပါတယ်။ အားလုံးကအရှိန်ပြန်ယူနေကြရတာဆိုတော့ အချိန်အတိုင်းအတာ တစ်ခုတော့စောင့် ဆိုင်းပေးဖို့ဆိုကြမှာပဲ  ဒီအပေါ်တာ၀န်ရှိသူတွေကလည်း  စောင့်ဆိုင်းပေးမယ်လို့ထင်ပါတယ်။  ခုဟာကလည်းကျွန်တော်ထင်တယ်  သတင်းမှားပါပဲ ကျွန်တော်တို့လည်း  ဘာမှမသိရသေးပါဘူး”လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် စက်မှုဇုန်ရှိ စက်ရုံလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ  အလုပ်သမားဝန်ကြီးဌာနက ၎င်းတို့ရဲ့ခြောက်လပတ်အစည်းဝေးမှာ  ပြောကြားထားပေမယ့်  ဘယ်နေ့ဘယ်ရက်မှာ  ဘယ်လိုပုံစံမျိုးနဲ့  ပြင်ဆင်သတ်မှတ်မယ်ဆိုတဲ့   အသေးစိတ်ဖြေရှင်းချက်တော့  ပြောဆိုထားတာမရှိသေးဘဲ    အမှန်တစ်ကယ်သာ  ယခုချိန်တိုးမြှင့်သတ်မှတ်မည်ဆိုပါက   အလုပ်ရှင်များရဲ့ကန့်ကွက်မှုကြောင့်    ပြင်ဆင်သတ်မှတ်ဖို့ကြန့်ကြာနိုင်မယ်လို့လည်း  ၎င်းကဆိုပါတယ်။

အလုပ်ရှင်တချို့က အနည်းဆုံးလုပ်ခကို တိုးပေးလိုစိတ်မရှိသေးဘဲ  လက်ရှိအချိန်မှာလည်း   စံချိန်တိုးတောင်းမှုတွေပြုလုပ်ကာ   သတ်မှတ်စံချိန်မမီတဲ့အကြောင်းပြချက်နဲ့   အချိန်ပိုကြေးမပေးဘဲ ခိုင်းစေမှုတွေ လုပ်နေကြတယ်လို့လည်း  အလုပ်သမားတွေက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာ အလုပ်သမားတွေက တစ်ရက်လုပ်ခ ၈၀၀၀ ကျပ်ထက်မနည်း သတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေရှိနေပြီး  ပြင်ဆင်သတ်မှတ်မယ်ဆိုတဲ့ သတင်းအရ   အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ကို ၇၂၀၀ ကျပ်သတ်မှတ်မယ်လို့လည်း သတင်းတွေတပြိုင်နက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။   
အဲ့ဒီလိုသတင်းတွေထွက်ပေါ်လာခဲ့ပြီး   လက်ရှိနိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ အနိမ့်ဆုံးလုပ်ခစာပြင်ဆင်သတ်မှတ်မည်ကို  ဆိုင်းငံ့ထားပေးဖို့အလုပ်ရှင်တွေဘက်က ပြောဆိုမှုတွေရှိနေတာကြောင့်  အဲဒါတွေကိုထည့်သွင်းစဉ်းစားမယ့် အခြေအနေရှိတယ်လို့လည်း  တာ၀န်ရှိသူတစ်ဦးကဆိုထားပါသေးတယ်။  

လက်ရှိမှာ အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရရှိနေတာဖြစ်ပြီး အချိန်ပိုကြေးတွေနဲ့  ကျွမ်းကျင်ကြေးတွေ  gradeကြေးတွေအပြင် အခြားသောခံစားခွင့်တွေမရှိတော့ဘဲ  တစ်နေ့ကျပ်၄၈၀၀နှုန်းသာ  ရရှိတာကြောင့် လက်ရှိကုန်စျေးနှုန်းမြင့်တက်မှုတွေအရ  စား၀တ်နေရေးလုံလောက်မှုမရှိဘဲ  အခက်အခဲတွေဖြစ်နေရတာတွေကြောင့်  အနည်းဆုံးအခကြေးငွေတိုးမြှင့်သတ်မှတ်ပေးဖို့  လိုလားနေကြတာဖြစ်ပါတယ်။  

အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လျှင် ကျပ်၄၈၀၀ နှုန်းကို ၂၀၁၈ကသတ်မှတ်ခဲ့တာဖြစ်ပြီး  နှစ်နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်မယ်လို့ ဆိုထားပေမဲ့ အလုပ်သမားတွေဟာ  ကိုဗစ်၁၉ရောဂါဖြစ်ပွားမှုအပြင်  စစ်အာဏာသိမ်းခြင်းကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်  ယခုလက်ရှိအချိန်ထိ တစ်နေ့လုပ်ခကျပ်၄၈၀၀နှုန်းသာ  ရရှိလုပ်ကိုင်နေရတာဖြစ်ပါတယ်။

#MyanmarLabourNews 
#MinimumWage 
Photo-၂၀၂၀ ခုနှစ်ကပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေဆိုင်ရာ ညှိနှိုင်းအစည်းအဝေး။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026