NEWS

အဓမ္မစစ်သားစုဆောင်းခံရသောလူငယ် လူရွယ်များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ကြိုတင်ချိတ်ဆက်ကာ ဘက်ပြောင်း ခိုလှုံဖို့ NUG တိုက်တွန်း

CoverLogo
256 Views
 
အဓမ္မစစ်သားစုဆောင်းခံရ တဲ့ လူငယ် လူရွယ် တွေ အနေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စတဲ့ အဖွဲ့ တွေ နဲ့ ကြိုတင်ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန မှ ဖေဖေါ်ဝါရီ ၁၁ရက် မှာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
NUG ရဲ့ တိုက်တွန်းနှိုးဆော်ချက် မှာ
အဓမ္မစစ်သားစုဆောင်းခံရသူတွေ အနေနဲ့ ပြည်သူ့ကာကွယ်ရေတပ်မတော်(PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များရဲ့ လူမှုစာမျက်နှာများနှင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople သို့ ကြိုတင်ချိတ်ဆက်ထားရန်၊စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများ (PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ) တို့ထံ ဆက်သွယ်၍ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြရန် ပြောကြားထားပါတယ်။
ဒါ့အပြင်ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို အကောင်းဆုံး တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်သွားမယ်လို့ အသိပေး နှိုးဆော် ထားပါတယ်။
လက်ရှိစစ်ဆင်ရေးအခြေအနေအရ အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ခုခံ တွန်းလှန်စစ်အတွင်း ၎င်းတို့ရဲ့ အင်အားအဆမတန် ပြုန်းတီးလျက်ရှိခြင်း၊ ထောက်/ပို့ဆက်ကြောင်း ပြတ်တောက်နေခြင်းကြောင့် မြေပြင်မှ ထောက်ပို့လုပ်ဆောင်ရန် မတတ်နိုင်တော့ဘဲ လေကြောင်း မှသာ ထောက်ပို့ဆောင်ရွက်နေရခြင်း၊ နိုင်ငံအနှံ့ တပ်ဖြန့်ချထား၍ ပြည်သူ့တော်လှန်ရေးကို ဟန့်တားရန် မဖြစ်နိုင်တော့ခြင်း၊ တန်ပြန်ထိုးစစ် မဆင်နိုင်ခြင်း၊ တော်လှန်ရေးအင်အားစုများ သိမ်းယူ ထားသည့် မည်သည့်မြို့၊ စခန်းတခုကိုမျှ ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ခြင်း၊ ခဲယမ်း၊ မီးကျောက် မလုံမလောက် ဖြစ်နေခြင်း စသောအားနည်းချက်များ ကြုံတွေ့နေရသည်ကို ထင်ထင်ရှားရှား မြင်တွေ့လာရသလို ၎င်းရဲ့ လူအင်အားချို့တဲ့ သည့် ပြဿနာကို ဖြေရှင်းရန် အဓမ္မ စစ်သားစုဆောင်းသည့်နည်းကို မိုက်မဲစွာ ကျင့်သုံးနေတယ်လို့ NUGရဲ့ ထုတ်ပြတ်ချက်မှာဖေါ်ပြထားပါတယ်။
လက်တလောမှာလည်း စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ ပြဌာန်း ပြီး အသက်၁၈နှစ် ၃၅နှစ် အတွင်းရှိ အမျိုးသားများ၊အသက်၁၈နှစ် ၂၇နှစ် အထိ အမျိုးသမီးတွေ ကို စစ်မှုထမ်းဖို့ အတွက် စာရင်းကောက်ယူကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတဲ့ အတွက် လူငယ်၊လူရွယ်တွေ စိုးရိမ်ကြောက်ရွံ စွာ နေထိုင်သွားလာနေရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026