NEWS

အဓမ္မခိုင်းစေခံရပါက တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
509 Views

အဓမ္မခိုင်းစေ ခံရပါက  စစ်ကောင်စီရဲ့ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားရေးယန္တရားကို တိုင်ကြားနိုင်တယ် လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် လ ၂၁ရက်မှာ အသိပေးကြေညာထားပါတယ်။

မည်သူမဆို အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှု ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်၊ ILO ဆက်သွယ်ရေးရုံး(ရန်ကုန်)နဲ့ အခြားအဖွဲ့အစည်းများက တစ်ဆင့်လည်းကောင်း အလုပ်သမားဝန်ကြီးဌာန ရုံးအမှတ် ၅၁ နေပြည်တော်ကို လူကိုယ်တိုင် သို့မဟုတ် စာဖြင့်လည်းကောင်း ဖုန်းနံပတ် ၀၆၇-၃၄၃၀၁၈၄၊၀၆၇-၃၄၃၀၂၂၉ နဲ့ E-mail လိပ်စာ directorgeneral.dol@gmail.com ,research .org.dol.mm@gmail.com သို့လည်းကောင်း တိုင်ကြားသူနဲ့ အဓမ္မခိုင်းစေခံရသူတို့ လုံခြုံစိတ်ချစွာဆက်သွယ်တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံဝန်ကြီးဌာနက အခုလိုကြေညာပေမဲ့ လက်တွေ့မှာတော့ စက်မှုလုပ်ငန်းတွေဖြစ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေ ညလုံးပေါက် အချိန်ပိုတွေ မဖြစ်မနေဆင်းပေးနေရတာတွေ၊ ဖိအားပေးခြိမ်းခြောက်ခိုင်းစေခံနေရတာတွေ၊ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အရွယ်ရောက် အမျိုသားတွေကို အဓမ္မစစ်မှုထမ်းခိုင်းတာတွေ ဖြစ်ပေါ်နေတာပါ။

"ခုကာလ မဟုတ်ဘူး ၊ ဟိုးတုန်းကတောင် ဒီအစီအစဥ်က အသက်မဝင်ခဲ့ဘူး ခုတော့ ပိုတောင် မှဘဲ ခက်မယ် အောင်မြင်တယ်ဆိုတာကအသုံးပြုမှ အောင်မြင်တယ်လို့ပြောရမှာ ခုက ဒီယန္တရားကိုဘယ်သူမှအသုံးမပြုဘူး
မတရား ဖိအားပေးစေခိုင်းတယ်ဆိုတာ OT ညလုံးပေါက်ခေါ်တာတွေအကျုံးဝင်တယ် ဝန်ကြီးဌာနကိုယ်တိုင် ဒါကိုမကြီးကြပ်ထားဘူး လွှတ်ပေးထားတာ အဲ့တော့ ချိုးဖောက်တဲ့အထဲ ဦးစီးတွေလဲပါတယ် အရေးမယူဘဲနဲ့တော့ ဘာ်သူ့မှတိုင်ခိုင်းမနေနဲ့တော့ ILO က ဘာမှ လုပ်တာမဟုတ်ဘူး ကလေးအထာ နဲ့ပြောရရင်တော့ သူတို့အလုပ်လုပ်နေပါတယ်ပေါ့ကွာ တကယ်တော့ ဘယ်အလုပ်သမားကမှစိတ်မဝင်စားတာပါ ဘာမှလဲအားကိုးရတာမဟုတ်ဘူး"လို့ အလုပ်သမားအရေးဆောင်ရွက်သူက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်ကြာလာချိန်မှာ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာအလုပ်သမားရုံးတွေကို သွားရောက်တိုင်ကြားပေမဲ့ ဦးစီးဌာနတွေက ငြင်းပယ်တာ၊ အလုပ်သမားကို ပြန်လည်ခြိမ်းခြောက်တာနဲ့ တိုင်ကြားတဲ့အလုပ်သမားကို အလုပ်ထုတ်တာတွေကျူးလွန်နေတယ်လို့ လည်း အလုပ်သမားတွေ က ပြောဆိုထားပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026