NEWS

အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ ဦး အဖမ်းခံရ

CoverLogo
426 Views
 
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် အတွင်း နယ်စပ်ဖြတ်ကျော်ကာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၀ ဦး ထပ်မံ အဖမ်းခံရတယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရသိရပါတယ်။
 
မတ်လ ၄ ရက်နေ့က ကန်ချနာပူရီခရိုင် ဟွေချိုင်ရိုင်ဖွန်ဝါသန ကျေးရွာအနီးမှာ ကန်ချနပူရီ လူဝင်မှုကြီးကြပ်ရေး အဖွဲ့က ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ဟာ ဘုရားသုံးဆူလမ်းကြောင်းကတစ်ဆင့် ထိုင်းနိုင်ငံ အတွင်း ကို ဝင်ရောက်ခဲ့တာ ဖြစ်ပြီး အဖမ်းခံရသူတွေ မှာ အသက်၁၈နှစ်မှ ၄၀နှစ် ဝန်းကျင် သာရှိပြီး အများစုမှာ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း ကန်ချနပူရီခရိုင် အတွင်းစစ်ဆေးရေးများနဲ့ တွေ့စဉ် ယာဉ်မောင်းသူထွက်ပြေးသွားတဲ့အတွက် ကားနောက်ခန်း မှာ လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံခဲ့ရပါသေးတယ်။
 
""အခု ဒီ လမ်းကြောမှာ က အဖမ်းဆီး ခံရတာတွေ အတော်များတယ် ပို့ပေးတဲ့ ပွဲစားတွေကလည်း မပိုင်ဘဲ နဲ့ ပို့ကြတယ် ဖြစ်လာရင် သူတို့ကကိုယ်လွတ်ရုန်းပြေး ခံစရာရှိတော့ အလုပ်သမားတွေက ပိုက်ဆံလည်းဆုံး လူလည်း အဖမ်းခံရ ဖမ်းမိလို့ ပြန်ပို့ရင်လည်း စစ်မှုထမ်းဖို့ အဓမ္မအခေါ်ခံရ တာတွေ ရှိသေးတယ် ဒီတော့ ပြည်တွင်းမှာ လုံးဝ နေလို့မရ တော့တဲ့ အခြေနေ မှ ဒီဘက်ကို လာစေချင်တယ် ထိုင်းဘက်မှာကလည်း အလုပ်အကိုင် ရှာရခက်လာသလို အထောက်အထားမပြည့်စုံရင် အဖမ်းဆီးက ကြောက်ရသေးတယ် အဲ့တော့ စစ်မှုထမ်းကို ကြောက်လို့ လာမှ ပိုက်ဆံလည်းကုန် အဖမ်းခံရ စစ်မှုလဲထမ်းရတာမျိုး မဖြစ်စေချင်ဘူး ""လို့
 
ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီနေသူတစ်ဦးကပြောပါတယ်။ ယခု အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၃၀ ဦး ကို (Sangkhalaburi) ဆန်ခလာဘူရီ ရဲစခန်း ကို ပို့ဆောင် ထားပြီး ဥပဒေပရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Ref-Kachanaburi News
 
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026