NEWS

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာလုပ်သား၁၂ဦး အဖမ်းခံရ

CoverLogo
212 Views
 
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား၁၂ဦး ကို ဇူလိုင် ၁ရက် နေ့ ကဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရသိရပါတယ်။
 
အဆိုပါ မြန်မာလုပ်သား တွေကို ကန်ချနဘူရီခရိုင် ဆန်ခလာဘူရီ အနီးကမြစ်ကမ်းနဘေး တောအုပ်အတွင်း တနေရာမှာ ဒေသခံအာဏာပိုင်တွေက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သားတွေဟာ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်ပြီး ဖါသွန်စုခရိုင် မှ ဘန်ဘိုရီပန် သဘာဝလမ်းအတိုင်း ခြေကျင် ဖြင့် ဝင်ရောက်လာကာ ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင် ဖို့ အတွက် ဖြစ်တယ်လို့ စစ်ဆေးမေးမြန်းချက်အရသိရပါတယ်။
 
အခုလို လာရောက်ဖို့ အတွက် ပို့ဆောင်ပေးတဲ့ ပွဲစား ကို တစ်ဦးလျင် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ ပေးဆောင်ခဲ့သော်လည်း အလုပ်နေရာမရောက်ရှိခင် ပင် အဖမ်းခံခဲ့ရတယ်လို့မြန်မာလုပ်သားတွေက ပြောကြောင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
ပြစ်မှုကျူးလွန်သူတွေကို စံခလဘူရီရဲစခန်း ကို ပို့ဆောင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ကာ ပြစ်ဒဏ်ကျခံပြီးပါက နေရပ်ကိုပြန်ပို့မယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေ မကြာခ ဏ အဖမ်းခံနေရပြီး ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာတင် မြန်မာလုပ်သား ၂၀၀ဦးခန့် အဖမ်းခံခဲ့ရကြောင်း သိရပါတယ်။
Ref-Kanchanaburi News

Related posts

Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025