NEWS

အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာလုပ်သား ၈၀ ကျော် အဖမ်းခံရ

CoverLogo
567 Views
 
ထိုင်းနိုင်ငံ နဲ့ မလေးရှား နိုင်ငံ မှာ အလုပ်လုပ်ကိုင်ဖို့ အတွက် ထိုင်းနိုင်ငံ အတွင်းနယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာ လုပ်သား တစ်ရက်ထဲ အယောက် ၈၀ ကျော် အဖမ်းခံရတယ်လို့ ထိုင်းသတင်းတွေ အရသိရပါတယ်။
 
မေလ ၆ရက် နံနက်ပိုင်း က ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်၊ အမှတ် (၉)၊ နောင်လူကျေးရွာ အနီး တောထဲ မှာ ပုန်းအောင်းနေတဲ့ မြန်မာလုပ်သား ၇၁ ဦး ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
၎င်း အလုပ်သမား ၇၀ကျော် မှာ ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ မလေးရှား နိုင်ငံ တို့ မှာ အလုပ်လုပ်ကိုင် လိုတဲ့ အတွက် ပွဲစားတစ်ဦး ကို ဘတ် ၁၈၀၀၀ မှ ၃၅၀၀၀ အထိ ပေးဆောင်ခဲ့ရ တယ်လို့ ဖမ်းမိသူ မြန်မာလုပ်သားတွေက ထွက်ဆိုခဲ့တယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
မြန်မာလုပ်သား ၇၁ ဦး တွင် အမျိုးသား ၃၂ဦး နဲ့ အမျိုးသမီး ၃၉ ဦး ပါဝင်ကာ ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဖြင့် ဆန်ခလာဘူရီရဲစခန်းမှာ အရေးယူထားတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မေလ ၆ရက်နေ့ မှာလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာမြို့ ရှိ အဝေးပြေးလမ်းမကြီး ပေါ်ရှိ စစ်ဆေးရေးဂိတ် မှာ လည်း ကားနှစ်စီး ပေါ် တွင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၂ဦး နဲ့ ပို့ဆောင်ပေးတဲ့ မြန်မာ နိုင်ငံသား ၂ဦး ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သား ၁၂ ဦးမှာမေလ ၄ရက် နေ့ မှ ကန်ချနဘူရီ နယ်စပ်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး ဆုန်ခလာခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခုတွင် လုပ်ကိုင်ဖို့ လာရောက်တာဖြစ်ပြီး လုပ်သားတစ်ဦးလျှင် ပို့ဆောင်ခ ဘတ် ၁၅၀၀ ပေးရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရသိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား၁၂ဦး နဲ့ ပို့ဆောင်ပေးတဲ့ မြန်မာနိုင်ငံသား၂ဦး ကို ထိုင်းလဝက ဥပဒေအရ အ​ရေးယူ သွားမှာဖြစ်ပြီး မူလနိုင်ငံကို ပြန်ပို့ဆောင်သွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
Ref-NaewnaNews,7HD

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026