NEWS

အထည်အရည်အတွက်ပြည့်မီရန် ရေသောက်၊ အပေါ့သွားနိုင်ရေး ခက်ခဲလာသည့် အပြင် WCC ရဲ့ တစ်ဖက်သတ် လုပ်ရပ်များကြောင့် အလုပ်သမားများ အခက်တွေ့နေ

CoverLogo
539 Views

တရုတ်နိုင်ငံသားပိုင် DIXINDA Garment Co.,ltd မှာ လူဦးရေ(၃၀)ရှိတဲ့ စက်တန်းတစ်တန်းမှာ တစ်နာရီကို အထည် (၁၂၀) ရရှိရေး တောင်းခံတာကြောင့် အလုပ်သမားတွေဟာ ရေသောက်၊အပေါ့သွားဖို့ကို ခက်ခဲလာတဲ့အပြင် စက်ရုံ ရဲ့ WCC ကော်မတီကလည်း အလုပ်ရှင်ဘက်ကို ဘက်လိုက်တာတွေ လုပ်ဆောင်နေတာကြောင့် အလုပ်သမားတွေ အခက်တွေ့နေပါတယ်။

ဒီစက်ရုံကတော့ DISHANG GAROUP ကဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ 

နေရာကတော့  (၆) ရုံတွဲဝင်းထဲမှာ (၄) ရုံ ဖွင့်လှစ်လုပ်ဆောင်နေတာဖြစ်ပြီး အခွင့်အရေး ချိုးဖောက် တာတွေ လုပ်ဆောင်နေတဲ့စက်ရုံကတော့ အလုပ်သမား (၁၄၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ DIXINDA Garment Co.,ltd ဖြစ်ပါတယ်။ 

စက်ရုံမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘဲနဲ့ DEO၊ Slazenger စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

“အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန် တောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ စူပါ၊ ဟက်ပါ၊ စက်သမား (၃၀) ဦး ရှိတာကို အထည်စံချိန် (၁၂၀) တောင်းပါတယ်။ သူတို့တစ်ဖက်သတ်တောင်းခံတဲ့ အထည်စံချိန် ပြည့်မီဖို့ အိမ်သာလည်း မသွားရပါဘူး။ ရေလည်းထမသောက်ဘဲ ချုပ်ပေးရပါတယ်။ နောက်ဘယ်လောက်ပဲ အရေးကြီး ကိစ္စရှိရှိ ဂိတ်ပတ်တောင်းရင် စံချိန်ထိမှာစိုးလို့ လုံးဝမပေးပါဘူး။ အလုပ်ထဲမှာ မန်နေဂျာ ---က အလုပ်သမား တွေ အခြေအနေကို လုံးဝမကြည့်ဘဲနဲ့ တရုတ်ကအိုတီဆင်းရမယ်ဆိုရင် သူကအကုန် လိုက်လုပ်ပေးပါတယ်။ ဥပဒေနဲ့ ညီ၊ မညီဆိုတာ လုံးဝမကြည့်ဘဲနဲ့ စက်ရုံမှုးပြောသလို အကုန်လိုက်လုပ်ပါတယ်။ နောက်ရက်စားဆင်းပေး ရမယ့်ရက်တွေကိုလည်း အလုပ်သမားတွေကိုကော၊ WCC ကိုကော မပြောပါဘူး။ အဲဒီလိုနေ့တွေအတွက် လက်မှတ် ထိုးဖို့ကို အလုပ်သမားတွေကို မထိုးခိုင်းဘဲတဲ့ စာရေးမတွေက အလုပ်သမားလက်မှတ်အတုထိုးပြီး မန်နေဂျာ ခိုင်းသလို လုပ်ရပါတယ်”လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။ 

အလုပ်ချိန်ကို အချိန်ပိုခေါ်ရာမှာလည်း ကြိုတင်အသိပေးတာ မရှိဘဲ ချက်ချင်းပြောပြီး ချက်ချင်းဆင်းခိုင်းပါတယ်။ 

အချိန်ပိုနာရီတွေကို ဖိအားပေးပြီး ခေါ်ယူနေသလို တနင်္ဂနွေနေ့တွေကိုလည်း ပိတ်ရက်မပေးဘဲ ခေါ်ယူနေတာလို့ ဆိုပါတယ်။။ 

Parking ဌာနကတော့ အမြဲတမ်း မိုးလင်းပေါက် အချိန်ပိုအိုတီဆင်းရသလို အလုပ်ချိန်ကိုလည်း နံနက် (၈) နာရီ ကနေ နေ့လည် (၁၂) အထိ ခိုင်းစေကာ (၁၂) နာရီနောက်ပိုင်းနာရီဝက်ကိုသာ ထမင်းစားနားချိန်ပေးပြီး ကြားနားချိန် မပေးဘဲ အချိန်ပိုတွေ ဆက်လက်လုပ်ကိုင်ခိုင်းတာ ဖြစ်ပါတယ်။ 

“စက်ရုံထဲမှာ သောက်ရေကအစ အဆင်မပြေပါဘူး။ ရေတွေက ငန်နေတယ်ပြောလိုက်ရင် အပြင်က ရေဝယ်ပေးပါတယ်။ အဲဒီအပြင်က ဝယ်တဲ့သောက်ရေဆိုတာကလည်း ရေသန့်မဟုတ်ပါဘူး။ သုံးဘီးနဲ့တင်လာတဲ့ စက်ရေပါ။ နောက်ပြီး လုပ်ငန်းခွင်ညှိနှိုင်း ရေးကော်မတီ WCC အဖွဲ့ဝင်တွေကို အလုပ်ရှင်ဘက်ကစိတ်ကြိုက် သူတို့ထားချင်တဲ့သူကို ရွေးချယ်ခန့်ထားပြီး WCCက ဘယ်သူတွေလဲဆိုတာ အလုပ်သမားတွေကမသိသလို လုပ်ငန်းခွင်အခက်အခဲတွေကိုလည်း ဘယ်သူကို တိုင်ကြားရမှန်း မသိပါဘူး’လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

လက်ရှိမှာစက်ရုံအလုပ်သမားတွေက ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်  (IWFM) ကို ဆက်သွယ်အကူအညီ တောင်းခံထားပါတယ်။  

အလုပ်သမား တွေအနေနဲ့ အချိန်ပိုတွေကို ဖိအားပေး မခိုင်းဖို့။ တနင်္ဂနွေ ပိတ်ရက်တွေကို နားရက်မပေးဘဲ အချိန်ပို မခိုင်းဖို့၊ အချိန်ပိုအိုတီတွေကို ညလုံးပေါက် မဆင်းခိုင်းဖို့၊ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ရက်စားမဆင်းခိုင်းဖို့နဲ့ WCC ကော်မတီမှာ အလုပ်သမားကိုယ်စားလှယ်ကို အလုပ်သမားတွေက ရွေးချယ်ခွင့်ရဖို့ လိုလားနေတာ ဖြစ်ပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026