NEWS

အထည်ဆုကြေးကို လီတာ၊ စူပါနှင့် အောစူပါများက ခေါင်းပုံ ဖြတ်နေ

CoverLogo
559 Views
 
တရုတ်နိုင်ငံသားပိုင် SunMe (Myanmar) INDUSTRIAL LIMITED မှာ အလုပ်သမားတွေ ချုပ်လုပ်ရာက ရရှိလာတဲ့ အထည်ဆုကြေးတွေကို လီတာ၊ စူပါနဲ့ အောစူပါတွေက လုပ်အားခခေါင်းပုံဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက MLN ကို ပြောပါတယ်။
ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃) ၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သား အင်အား (၅၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒီမှာ TopTex၊ NEXT စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပဲ ဖြစ်ပါ တယ်။
“ဝယ်လွန်အင်္ကျီတွေကို ချုပ်ပြီး ဂျပန်နိုင်ငံကိုပို့တာပါ။ စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေ လည်း လုပ်ဆောင်နေပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ မချုပ်နိုင်တဲ့အထည်စံချိန်ကို တောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူက (၃၅) ယောက်လောက်ပဲ ရှိပါတယ်။ အထည်စံချိန်ကျတော့ ဝယ်လွန်သားတွေကို ချုပ်ရပြီး တစ်နာရီကို (၃၅) ထည်ပေးရပါတယ်။ အလုပ်သမားတွေက ရေမသောက်၊ သေးမပေါက်ဘဲ အသည်းအ သန်ချုပ်လို့ (၃၅) ထည်ပြည့်သွားရင် အထည် (၄၀) တိုးတောင်းပါတယ်။ ပြောမယ်ဆို အလုပ်သမားတွေက ထမင်း မစား၊ ရေမသောက်ဘဲ ချုပ်ပေးနေတာပါ၊ အဲဒီလို ချုပ်ပေးနေတော့ တစ်ရက်ကို ထုတ်လုပ်မှုဆုကြေးဆိုပြီး စက်လိုင်းတစ်လိုင်းကို (၁) သိန်းပေးပါတယ်။ တစ်ပတ်ကို ဆုကြေးက (၆) သိန်းရပါတယ်။ အဲဒါကို အလုပ်သမားက (၃၅) ယောက်ပဲ ရှိပေမယ့် တစ်ယောက်ကို (၉၀၀၀)၊ (၁၀၀၀၀) လောက်ပဲ ရပါတယ်။ လီတာ၊ စူပါနဲ့ အောစူပါတွေက ကျန်တဲ့ပိုက်ဆံကိုဖြတ်စားကြပါတယ်။ ဖြစ်နေတာက စက်လိုင်းထဲက အလုပ်သမားတွေက သေအောင်ချုပ်ရပေမယ့် သူတို့ကပိုက်ဆံပိုယူနေပါတယ်။ အဲဒီလိုလုပ်နေတာကို အလုပ်ရှင်ဘက်ကလည်း သိပေမယ့် မဖြေရှင်းပေးပါဘူး။ သူတို့က ပိုက်ဆံက ခေါင်းပုံဖြတ်လို့ရနေတော့ ဆုကြေးရအောင် အလုပ်သမားတွေကို ဖိအားပေးပါတယ်။ အထည်စံချိန်တောင်းရင် ရိုင်းရိုင်းစိုင်းစိုင်းပြောတာ၊ ဆဲဆိုတာတွေလည်း လုပ်ပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံမှာ ဥပဒေမှာ ခွင့်ရက်တွေကို ခံစားခွင့်မပေးဘဲ လူမှုဖူလုံရေး ဆရာဝန်ပေးတဲ့ ခွင့်စာရွက်နဲ့ ခွင့်တိုင်ပေမယ့် လည်း ခွင့်မပေးတာပဲ ဖြစ်ပါတယ်။
ဒီလိုခွင့်မပေးတာကြောင့် ဒေးကြေးလည်း မရသလို ခွင့်စာရွက်နဲ့ ရက်ပျက်တာ ကို သုံးရက်ပြည့်ပါက အလုပ်က ဥပဒေမဲ့ ထုတ်ခံနေရတာ ဖြစ်ပါတယ်။
“ရှောင်တခင်ခွင့်ဆိုတာလည်း ကျွန်တော်တို့ မကြားဖူးပါဘူး။ လူမှုဖူလုံရေးခွင့်ဆိုတာလည်း လစဉ်ကြေးတော့ ဆောင်ရပေမယ့် ခွင့်ခံစားခွင့် မရပါဘူး။ ပြောမယ်ဆို ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေါင်းပြိး (၇၈၀၀) ကျပ်နဲ့ ရက်မှန်ကြေး (၅၀၀၀၀) ကျပ်ပေးပေမယ့် ခွင့်တွေမရတော့ တစ်ရက်ပျက်ရင် အကုန်အဖြတ်ခံရပြီး အလုပ်သမား တွေ နစ်နာပါတယ်။ အလုပ်လုပ်နေရင်း ကိုက်ခဲဖျားနာချင်သလိုဖြစ်လို့ စက်ရုံထဲက ဆေးခန်းသွားရင် လျှက်ဆား ကလွဲပြီး အခြေခံထားရမယ့်ဆေးတွေ ဘာမှမရှိပါဘူး။ အိမ်သာတွေကလည်း ညစ်ပတ်ပြီး အနံ့အသက် မကောင်းပါဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လုပ်ငန်းခွင်ထဲမှာ လုပ်သားရှားပါးတဲ့အတွက် အသက်မပြည့်သေးတဲ့ (၁၄)၊ (၁၅)၊ (၁၆) အရွယ် လူငယ် အလုပ် သမားတွေကို ဆရာဝန်ထောက်ခံချက်မရှိဘဲ လူကြီးအလုပ်သမားတွေတန်းတူ ခိုင်းစေနေပြီး နေ့စားအလုပ်သမား အလုပ်အော်ဒါရရှိမှုနည်းချိန်မှာ အလုပ်ဖြုတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ည (၈) နာရီ၊ (၉) နာရီ အထိ အချိန်ပိုတွေ ခေါ်နေသလို တနင်္ဂနွေနေ့တွေကိုလည်း ပိတ်ရက်မပေးဘဲ ခိုင်းစေနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ ချိုးဖောက်မှုတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှု လက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။
စက်ရုံအလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ အလုပ်သမားတွေ ခံစားခွင့်ရှိတဲ့ ခွင့်တွေကို ခံစားခွင့်ပေးဖို့နဲ့ ဥပဒေမဲ့ အလုပ်မထုတ်ဖို့၊ လူငယ်၊ လူရွယ် အလုပ်သမားတွေကို လူကြီးအလုပ်သမား တွေနဲ့တန်းတူ မခိုင်းဖို့၊ လူမှုဖူလုံရေးဆရာဝန်ကပေးတဲ့ ခွင့်စာရွက်နဲ့ ခွင့်တိုင်ပါက ခွင့်မဲ့မလုပ်ဖို့၊ အချိန်ပိုအိုတီတွေ အလွန်အကျွံမခေါ်ဖို့နဲ့ တနင်္ဂပိတ်ရက်တွေကို အနားပေးဖို့၊ အလုပ်သမားတွေ ပင်ပင်ပန်းပန်း ချုပ်လုပ်ထားတဲ့ ဆုကြေးတွေကို မှန်ကန်စွာ တွက်ချက်ပေးဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026
Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026