NEWS

အထည်စံချိန် ၃ ဆထိတိုးမြှင့်တောင်းဆိုလာပြီး နားရက်မပေးဘဲ ခိုင်းစေခံနေရတယ်လို့ Myanmar Efforts Garment အလုပ်သမားတွေပြော

CoverLogo
1.9K Views

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ပန်တိုင်းခြုံရွာအနီးမှာရှိတဲ့ Myanmar Efforts Garment စက်ရုံမှာ လူဦးရေ(၁၀၀၀)ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး ဝန်ထမ်းတွေကို စစ်အာဏာသိမ်းပြီး ၄ လခန့်အကြာမှာ နို့တစ်ကြေး တစ်လစာပေးပြီး အမြဲတမ်းဝန်ထမ်းကနေ နေ့စားဝန်ထမ်းအဖြစ်ပြောင်းလဲ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ ဘော်လီ၊ ဘောင်းဘီ စတာတွေချုပ်လုပ်တာ ဖြစ်ပြီး ယခင်ကစံချိန်အထည်ဘော်လီကို(၃၀၀)မှ(၄၀၀)အထိပေးရပြီး လက်ရှိမှာ အထည်(၁၀၀၀)ကျော်အထိပေးနေရခြင်း၊ ယခင်ကဘောင်းဘီစံချိ န်ဆိုရင် (၅၀၀)မှ(၇၀၀)အထိသာပေးရပြီး၊ ယခုအချိန်မှာစံချိန်(၁၅၀၀)အထိတောင်းခံနေတာကြောင့် အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ ပမာဏထိ တိုးမြှင့်တောင်းဆိုနေတာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

အဆိုပါ တောင်းခံတဲ့စံချိန် မပြည်မီဘူးဆိုပါက ကြီးကြပ်သူများမှ ကြမ်းတမ်းစွာဆဲဆိုတာတွေ ပြုလုပ်ပြီး တရုတ်လူမျိုးများကပါ လာရောက် အော်ဟစ်တာတွေ အလုပ်မှထုတ်ပစ်တာမျိုးတွေလုပ်ဆောင်နေလို့ လုပ်ငန်းခွင်ထဲမှာ စိတ်ဆင်းရဲစွာနဲ့ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။

နေ့စားအဖြစ်ပြောင်းလဲလိုက်တဲ့ ဝန်ထမ်းတွေကိုအ တည်ပြုဝန်ထမ်းအဖြစ်ခန့်အပ်တာတွေလည်း မရှိလို့ ၃ လနဲ့အထက်ဝန်ထမ်းတွေကို အတည်ပြုဝန်ထမ်းအဖြစ်ခန့်အပ်ပေးဖို့ အလုပ်သမားတွေက လိုလားနေကတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အချိန်ပိုဆင်းရန် ငြင်းဆန်ပါက အလုပ်မှ ထုတ်ပယ်ပစ်တာတွေ လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစာဆဲဆိုခိုင်းစေတာတွေကို ရပ်တန့်ပေးဖို့လည်း အလုပ်သမားတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။

အလုပ်သမားများသဘောဆန္ဒမကောက်ခံဘဲ အလုပ်ရှင်မှအချိန်ပို အိုတီတစ်နေ့(၃နာရီနေ့စဥ်မပျက်ခေါ် ယူနေတာ  တနင်္ဂနွေနေ့များတွင်လည်းအလုပ်သမား တွေကို အနားမပေးဘဲ အချိန်ပိုအိုတီများ အလုပ်ရှင်ဘက်မှအ ပတ်စဥ်ခေါ်ယူနေတာနဲ့  မဆင်းလျှင်လည်းအမျိုးမျိုးဖိအားပေးစေခိုင်းခြင်းများပြုလုပ်ပါတယ်လို့ Myanmar Efforts Garment အလုပ်သမားတစ်ဦးကပြောပါတယ်။

Myanmar Efforts Garment စက်ရုံမှာ  hunkemoller ၊ mister ၊ lady စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026