NEWS

အထည်စံချိန်အလွန်အကျွံသတ်မှတ် တောင်းဆိုလို့ အလုပ်သမားတွေအခက်အခဲဖြစ်နေ

CoverLogo
673 Views

တရုတ်နိုင်ငံ ရင်ကျန်းစက်မှုဇုန်မှာ တည်ရှိပြီး မြန်မာအထည်ချုပ်အလုပ်သမား ၁၀၀၀ ကျော် သွားရောက်လုပ်ကိုင်နေကြတဲ့ ဖူးချန် အထည်ချုပ်စက်ရုံမှာ အထည်စံချိန်အလွန်အကျွံသတ်မှတ်ချုပ်လုပ်ခိုင်းတာကြောင့် စံချိန်မပြည်လျှင် ည ၁၀ နာရီအထိ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေနေတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ မြန်မာအလုပ်သမားတွေကပြောပါတယ်။

ပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး ချုပ်လုပ်တဲ့အမှတ်တံဆိပ်ကတော့ SPYDER ACTIVE တံဆိပ် အနွေးထည်တွေ ချုပ်လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အထည်စံချိန်သတ်မှတ်ရာမှာ အလုပ်သမား ၂၅ ဦး ရှိတဲ့ စက်လိုင်းတစ်လိုင်းလျှင် တနာရီကို လိုင်းပေါက်အထည် ၇၀၀ ထိ ချုပ်လုပ်ရန် ခိုင်းစေနေပြီး စံချိန်မပြည့်ပါက ည ၁၀ နာရီအထိ ပြည့်အောင်ချုပ်လုပ်ပေးရတာလို့ ပြောပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့ပါ အနားမရဘဲ စံချိန်ပြည့်အောင် ချုပ်လုပ်ပေးနေရလို့ နားရက်မရသလို အခကြေးငွေမရဘဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာလို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ ဖူးချန် စက်ရုံက မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေနဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံကုန်ထုတ် နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်((IWFM) ထံအကူအညီတောင်းခံထားတယ်လို့ ပြောပါတယ်။

"စံချိန်မတရားတောင်းလို့ အလုပ်သမားတွေက အထည်ရရေးအတွက် အလုပ်ချိန်မှာဆို အပေါ့အပါးတောင်မသွားဘဲ ချုပ်နေရတာပါ အဲ့လောက်ထိ ချုပ်လည်း အောစူပါ စူပါတွေက စံချိန်မပြည့်လို့ အော်ဟစ်ဆဲဆိုတာ မခံနိုင်ကြတော့လို့ အလုပ်သမားတွေက ပြန်ကုန်ကြတယ် အမြဲတမ်းလိုလိုစံချိန်မပြည့်တာ အကြောင်းပြပြီး အချိန်ပိုအိုတီ အလကားဆင်းပေးရလို့ ပင်ပန်းပြီး ပိုက်ဆံလဲမရဘူး အဆဲအဆိုလည်းခံရသေးတယ် ၉ လပိုင်းတုန်းက အလုပ်သမားတွေ ရုံးခန်းထဲသွားပြီး အလုပ်မလုပ်နိုင်တော့ဘူး မြန်မာပြည်ပြန်မယ်ပြောတော့ အလုပ်ရှင်က စံချိန်ပြန်ညှိပေးမယ် ပြန်ရင် လျော်ကြေးပေးရမယ်လို့ ပြောတယ် "လို့ အလုပ်သမားက ပြောပါတယ်။

လုပ်ငန်းခွင်ထဲက မြန်မာအလုပ်သမားတွေမနေနဲ့ လုပ်ခလစာ တစ်လစာကို ရက်ပေါင်ကြေးအဖြစ်ပေးထားရပြီး လုပ်သက်တစ်နှစ်ပြည့်ချိန် ထွက်စာတင်ပြီးပြန်ပါက ရက်ပေါင်တစ်လစာပြန်ပေးမယ်ဆိုတာ ခွင့်ခံစားခွင့်မပေးဘဲခိုင်းစေနေတာလို့ ပြောပါတယ်။

"ခွင့်လည်းမပေးဘူး ပိတ်ရက်လည်းမပေးဘူး တရက်နားရင် နားတဲ့ရက်ကို ပိုက်ဆံဖြတ်ထားတယ် အလုပ်သမားတွေက ဒေးကြေး ဘယ်လောက်ရလဲမသိရဘူး လက်ရှိပေးနေတာက အထည်ထွက်တာကိုကြည့်ပြီး လစာရှင်းပေးတာလို့ပြောတယ် အလုပ်သမားတစ်ယောက်ကို တစ်လ ၇ သိန်းအများဆုံးရတာ အရမ်းပင်ပန်းတယ် အိုတီကြေးလဲမပေးဘူး ခွင့်လဲမပေးဘူး"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်၊
၂။ အလုပ်ရှင်ဘက်မှ ညဘက်၉နာရီအထိ အချိန်ပိုအလကားဆင်းခိုင်ခြင်း၊ တနင်္ဂနွေနေ့များအချိန်ပိုအလကား ဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အချိန်ပိုအိုတီဆင်းခိုင်းပြီး အချိန်ပိုကြေးပေးရန်။
၃။ အလုပ်ရှင်ဘက်မှ အောစူပါ၊ စူပါများမှ အလုပ်သမားများကို ဆဲဆိုခြင်းမျာမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ လုပ်ခလစာကို ရှင်းလင်းစွာလုပ်ဆောင်ပေးရန်တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026