NEWS

အထည်စံချိန်အလွန်အကျွံတောင်းခံပြီး မပြည့်ပါက အချိန်ပို အလကားဆင်းပေးနေရ

CoverLogo
1.1K Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်းမှာဖွင့်လှစ်ထားတဲ့  Myanmar Bestex အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေချုပ်လုပ်တဲ့ အထည်စံချိန်ကို ချုပ်လုပ်နိုင်တာထက်ပိုမိုတောင်းခံထားပြီး အလုပ်ရှင်ဘက်က သတ်မှတ်ထားတဲ့စံချိန်မပြည့်ပါက အချိန်ပိုဆင်းပြီး ချုပ်လုပ်ပေးရတာဖြစ်ပြီးအဲ့ဒီအတွက် အချိန်ပိုကြေးရှင်းပေးတာမျိုးမရှိဘူးလို့ အဲဒီစက်ရုံမှာအလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါစက်ရုံမှာအလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေပြီး    Sinsay  အမှတ်တံဆိပ်ဂျာကင်ထည်တွေချုပ်လုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းရေးကိစ္စရပ်တွေလုပ်ဆောင်ဖို့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာ မရှိဘူးလို့ လည်းအလုပ်သမားကပြောပါတယ်။အများပြည်သူရုံးပိတ်ရက်တွေမှာလည်း နားရက်မရဘဲ အချိန်ပိုဖိအားပေးခိုင်းစေနေတာတွေ ပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံတကာအမှတ်တံဆိပ်အထည်တွေချုပ်လုပ်နေရပေမဲ့ ဒေးကြေး ၄၈၀၀ ကျပ် နဲ့ ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရရှိပြီး ကျွမ်းကျင်ကြေးကို အေ ၁၅၀၀၀ ကျပ် ဘီ ၁၀၀၀၀ ကျပ် စီ ၅၀၀၀ ကျပ် သတ်မှတ်ထားတာလို့ အလုပ်သမားကပြောဆိုပါတယ်။

"အလုပ်သမားတွေမထုတ်နိုင်တဲ့ စံချိန်ကို မတရားတောင်းခံပြီး စံချိန်မပြည့်ရင် လိုင်းစူပါတွေက ဆဲဆိုတာ ဝမ်တိမ်လက်မှတ်အတင်းထိုးခိုင်းတယ် အိုတီ ၂ နာရီဆင်းပေးရပြီး အိုတီကြေးမရဘူး တလကို ၁၀ နာရီကနေ နာရီ ၂၀ အထိ ဆင်းပေးနေရတာ၊  "လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာကလေးလုပ်သားခိုင်းစေတာရှိပြီး အလုပ်သမားတွေအနေနဲ့  ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တွေမရဘဲ လူမှုဖူလုံရေးဆေးခွင့်ယူပါကလည်း အခက်အခဲတွေ ကြုံနေရပြီး လုပ်ငန်းခွင်အတွင်း အပူအအေးမမျှတဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်သောစံချိန်ကိုသာတောင်းခံရန် လုပ်ငန်းခွင်အတွင်း စူပါများမှ ဆဲဆိုခြင်းမပြုလုပ်ရန် အချိန်ပိုခေါ်ပါက အလုပ်သမားတွေရဲ့ သဘောတူခွင့်ပြုချက်ဖြင့်သာလုပ်ဆောင်ရန် အိုတီကြေးတွေ အပြည့်အဝ ပြန်လည်ပေးချေရန် နဲ့ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့်ညီညွတ်မှုရှိအောင် စီမံပေးရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026