NEWS

အထည်စံချိန်မပြည့်ဟုဆိုကာ အချိန်ပိုကြေးမပေးဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် ညဘက်ထိအိုတီဆင်းပေးနေရ

CoverLogo
1.1K Views

ရန်ကုန်တိုင်း လှိုင်​သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်မှာ ရှိတဲ့  မြန်မာစင်းစီးတီး အထည်ချုပ်စက်ရုံက အထည်စံချိန်မပြည့်လို့ ဆိုပြီး အချိန်ပိုကြေးမပေးဘဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် ည အိုတီ ဆင်းပေးနေရတယ်လို့ စက်ရုံ အလုပ်သမားတွေက မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ကို လာရောက်ပြော ကြားထားတယ်လို့ သိရပါတယ်။

“ အများပြည်သူ ရုံးပိတ်ရက်တွေ အခါကြီးရက်ကြီးတွေမှာ အချိန်ပိုဆင်းပေးနေရပါတယ်။ အထည်စံချိန် မပြည့်တဲ့ စက်လိုင်းဆိုရင် အိုတီကြေးမပေးပါဘူး။ အထည်စံချိန်ပြည့်တဲ့ စက်လိုင်းဆိုရင် အိုတီကြေးပေး ပါတယ်။ အချိန်ပိုဆင်းပေးရတာခြင်း တူတာတောင် ခွဲခြားဆက်ဆံပြီး ပြုလုပ်နေပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင် မညှာမတာခိုင်းတာတွေရှိပြီး၊ အိုတီဆိုလည်း ဆင်းပေးရတယ်။ အခြားဌာနတွေကို အလုပ် လိုက်လုပ် ခိုင်းတာတွေရှိပါတယ်။  ဘဲမွှေး၊ဝလ်လွန် အမွှေးတွေထည့်ခိုင်းတာတွေ ရှိပါတယ်။  ငြင်းဆိုခွင့် မရှိပါဘူး။” လို့ အလုပ်သမားတွေက လာရောက် ပြောကြားထားတာကို FGWM ရဲ့ လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘွက်မှာ ရေးသားထားပါတယ်။

စက်ရုံ မန်နေဂျာ ဒေါ်အေးသီတာက စူပါတွေကို ခေါ်ပြီး  အိုတီမဆင်းတဲ့အလုပ်သမားတွေကို ကျွမ်းကျင် ကြေး (ဂရိတ်)ချမယ်ဆိိုပြီးလည်း စူပါတွေက တရားဝင် ကြေညာထားပါတယ်လို့လည်း မြန်မာစင်းစီးတီး အလုပ်သမားတွေ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ကို ပြောကြားထားတာ ဖြစ်ပါတယ်။

မြန်မာစင်းစီးတီး အထည်ချုပ် စက်ရုံဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ ဆိပ်ကမ်းလမ်းမှာ ရှိပြီး လုပ်သား လူဦးရေ ၈၅၀ ၊  စက်လိုင်း ၁၂ လိုင်းနဲ့ လည်ပတ်နေကာ AMBRICAN HOLIC  ကုန်အမှတ်တံဆိပ်ကို ချုပ်လုပ်တာ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့လတည်းက တောက်လျှောက် အိုတီကြေးမရဘဲ အလုပ်ဆင်းပေးနေရတယ်၊ ဒီနေ့ တနင်္ဂနွေနေ့မှာ လည်း  အိုတီဆင်းပေးနေရတယ်” လို့ ကာယကံရှင် အလုပ်သမား ပြောကြားပါတယ်။

အလုပ်သမားတွေ မတရားခိုင်းစေခံနေရတာ၊ ကိုယ်ဝန်ဆောင်တွေကို အဓမ္မခိုင်းစေနေတာတွေကို အများပြည်သူ သိရှိဖို့နဲ့ သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ် ပိုင်ရှင်တွေက တာဝန်ယူဖြေရှင်းပေးဖို့ FGWM  ကို လာရောက် အကူညီတောင်း ခဲ့ကြတာလို့ သိရပါတယ်။

MyanmarLabourNews 
FGWM


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026