NEWS

အထည်ချုပ် စက်ရုံဝန်းထဲ ကတ္တရာကျိုနေလို့ အလုပ်သမားအချို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရ

CoverLogo
1.5K Views

ဧရာဝတီတိုင်း ၊ပုသိမ်မြို့က Amava Apparel အထည်ချုပ်စက်ရုံတွင် လုပ်ငန်းလိုအပ်ချက်အရဆိုပြီး စက်ရုံဝန်းထဲ

ကတ္တရာကျိုနေတာကြောင့် အလုပ်သမားအချို့ ကတ္တရာ ညှော်နံ့ ကြောင့် ခေါင်းကိုက်တာ မူးဝေတာစတဲ့ ဝေဒနာများခံစားနေရတယ်လို့သိရပါတယ်။

လုပ်ငန်းလိုအပ်ချက်အရ ကတ္တရာကျိုနေတာလို့ပြောပေမဲ့ တစ်လနီးပါးကြာမြင့်လာပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေနဲ့ မူးဝေတာ ခေါင်းကိုက်တာတွေထိဖြစ်လို့ အလုပ်လုပ်ရာမှာ အခက်တွေ့တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

" စက်ရုံအမိုးတွေပေါက်နေလို့ဖာဖို့ဆိုပြီး ကတ္တရာတွေကျိုနေတာ တစ်လနီးပါးလောက်ရှိနေပြီ စည်းကြပ်ဌာနတွေကိုတိုင်တော့လည်း လုပ်ငန်းလိုအပ်ချက်အရမို့ ပြောလို့မရဘူးပြောတယ် ။ သောကြာနေ့ နေ့လည်နှစ်နာရီလောက်က လာစစ်တော့လည်း သိပ်မညော်ပါဘူးပဲပြောသွားတယ် ဘာမှ လုပ်ဆောင်ပေးတာမရှိဘူး" လို့အလုပ်သမားကပြောပါတယ်။

"ဒီညှော်နံ့တွေကြောင့် အလုပ်သမားတွေမူးဝေတာတွေ ၊ရောင်ရမ်းတာတွေ ၊ ခေါင်းကိုက်တာတွေ၊ အသက်ရှုမဝတာတွေ ၊ သွားဖုံးရောင်သူတွေ ထိခိုက်အနာရှိသူတွေဆို ရောင်ရမ်းတာတွေဖြစ်ပြီး ဗိုက်ခွဲ ကလေးမီးဖွားထားတဲ့သူတွေဆို ချုပ်ရိုးယောင်တာတွေဖြစ်နေတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

"ညီမတို့အလုပ်သမားတွေ ဆန္ဒအရတော့ ကတ္တရာကျိုချင်ရင် အလုပ်ပိတ်ရက်မှာကျို ဒါမှမဟုတ် အလုပ်ဆင်းတဲ့အချိန်မှာကျိုပဲ ကျိုစေချင်တယ် အခုဆို သွားဖုံးရောင်ကိုင်းနေတာတွေ ကလေးမီးဖွားပြီစ အလုပ်သမားတွေဆိုချုပ်ရိုးတွေ ရောင်ပြီး ခေါင်းပိုက်တာတွေပါ ဖြစ်နေတယ် "လို့

ထပ်မံပြောဆိုပါတယ်။

အဆိုပါစက်ရုံသည် သီရိလကာ်နိုင်ငံသားပိုင်ဖြစ်ပြီး

လုပ်သား တစ်ထောင်ဝန်းကျင်နဲ့ Blakladerbrand ကို ချုပ်လုပ်နေတာဖြစ်ပါတယ်။

MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026