NEWS

အထည်ချုပ်လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ ဒေးကြေးတိုးမြှင့်ပေးရန် အလုပ်သမားတွေတောင်းဆို

CoverLogo
967 Views

အလုပ်သမား ဦးရေ ၂၇၀ ကျော်နဲ့ လုပ်ကိုင်နေတဲ့ Zuyuan  Edenweiss Sanwa Co,Ltd  စက်ရုံမှာ အလုပ်သမားတွေကို ခွင့်ခံစားခွင့်ပေးဖို့ ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ပေးဖို့နဲ့ ဒေးကြေး အိုတီကြေးများ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၂ ဒီပဲယင်းဝန်ထောက်ဦးမြဲလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်တတဲ့ အဆိုပါစက်ရုံမှာ Belta attrice၊ Fairy Knit  စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းမှာလည်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်မရရှိဘဲ ခွင့်တစ်ရက်ယူပါက ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ဖြတ်တောက်ခံရလို့ အလုပ်တစ်ရက်ပျက်ပါက  ၄ ရက်စာနီးပါး ဖြတ်တောက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ ရှောင်တခင်ခွင့် လုပ်သက်ခွင့် ဆေးခွင့် စတာတွေ ခံစားခွင့်မရရှိတဲ့အတွက် ဖြေရှင်းပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဆက်လက်ပြီး လုပ်ငန်းခွင်အတွင်း ဆေးပေးခန်းနဲ့ ဆေးတွေ မထားရှိတာကြောင့် လုပ်ငန်းခွင်အတွင်း တစုံတရာဖြစ်ပွားပါက ကိုယ့်စရိတ်နဲ့ကိုယ် ဝယ်ယူကုသနေရတာ အိမ်သာသန့်ရှင်းမှုမရှိတာ အမိုးမလုံတာတွေကိုလည်း ပြင်ပေးစေချင်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ လက်ရှိကုန်ဈေးနှုန်းမြင့်တက်လျက်ရှိတာကြောင့် အချိန်ပြည့်အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေအနေနဲ့ လုပ်ခလစာနဲ့ ကုန်ကျစရိတ် လောက်ငှမှုမရှိတာကြောင့် လက်ရှိပေးချေနေတဲ့ ၄၈၀၀ အစား ၅၆၀၀ ပြောင်းလဲပေးဖို့ အိုတီကြေး တိုးမြှင့်ပေးဖို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

စက်ရုံသည် (၂၀၂ဝ မေလမှ ဧပြီလ၂၀၂၁) အထိ ယာယီပိတ်ထားခဲ့ပြီး ယခင်က သတ်မှတ်ထားတဲ့ အလုပ်သမားများ အတွက် နှစ်ကြေး  လုပ်သက် ၁နှစ်လျှင် (၇၄၀၀)ကျပ်၊ ၂နှစ်လျှင်( ၁၂၂၀၀)ကျပ်၊ ၃နှစ်လျှင် (၂၀၇၀၀) ကျပ်၊ ၄နှစ်လျှင် (၃၁၃၀၀)ကျပ်၊ ၅နှစ်လျှင် (၄၄၆၀၀) ကျပ် ကို ကိုဗစ်ကာလ အကြောင်းပြပြီး တဖက်သက်ဖြုတ်ချခဲ့ပြီး အချိန်ပို ဘောနပ် ၅၀၀၀ ကျပ်ကို ပါ ဖြုတ်ချလိုက်တာကြောင့် ဝင်ငွေလျော့နည်းသွားတယ်လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားတွေကပြောပါတယ်။

လက်ရှိမှာ စက်ရုံပြန်လည် လည်ပတ်တာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ တစ်ကတ်ကြေးနဲ့ပေးချေတာ ရှိသလို စံချိန်အရေအတွက် မတူညီတဲ့ တောင်းခံမှုမျိုးတွေရှိပြီး စံချိန်မရပါက အောစူပါ စူပါတွေကဖိအားပေးတာတွေ ပြုလုပ်တာ ငွေကြေးဖြတ်တောက်တာတွေ ပြုလုပ်လျှက်ရှိတယ်လို့ လည်း ဆိုပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026