NEWS

အထည်ချုပ်စက်ရုံ အောစူပါမှ အလုပ်သမားများအား ခြိမ်းခြောက် ပြောဆို

CoverLogo
1K Views

Eslite အထည်ချုပ်စက်ရုံက အောစူပါ တဦးဟာ လက်အောက်ဝန်ထမ်းတွေကို ခြိမ်းခြောက် ပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

စက်ရုံအတွင်း စက်လိုင်းပေါင်း ၄၃ လိုင်းရှိပြီး အဲဒီ အောစူပါ ဆိုသူကတော့ လိုင်း ၃၉ ကနေ လိုင်း ၄၃ အထိ ကြီးကြပ်နေသူ ဖြစ်တယ်လို့ အလုပ်သမား တစ်ဦး ဖြစ်တဲ့ မဇင်ဇင် (အမည်လွှဲ) က ပြောပါတယ်။  

 

“အလုပ်သမားတွေကို ဂိတ်ပါ့စ် gate pass နဲ့ပြန်ရင် ဂရိတ်ချမယ်၊ ဝိမ်တိန် warning ၃ ခါထိုးခိုင်းမယ် ၊ ဝမ်တိန် အကြိမ်ပြည့်ရင် အလုပ်က ထုတ်ပစ်မယ် ဆိုပြီး ပြောတာကို ကြားနေရတယ်” လို့ မဇင်ဇင် က ပြောပါတယ်။   

ဆေးခွင့်၊ ရှောင်တခင်ခွင့်တွေကို စက်ရုံဘက်က အပြည့်အဝပေးထားသလို တခြားစက်လိုင်းတွေက အလုပ်သမား တွေလည်း ရရှိခံစားရပေမဲ့ လိုင်း ၃၉ ကနေ ၄၃လိုင်းအတွင်းက လက်အောက်ဝန်ထမ်းတွေ ကတော့ မလွှဲမရှောင်သာ ခွင့်တောင်းတဲ့ အခါ အဲဒီ အောစူပါက မပေးဘဲ ထိန်းချုပ်ထားတယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။ 

 

“ ဥပဒေပါ ခွင့် ခံစားခွင့်တွေယူရင်လည်း ခေါ်ဆူတယ် ။ စံချိန် အရမ်းတောင်းတယ် ။ တောင်းတဲ့ စံချိန်မပေး နိုင်ရင်လည်း ကျွမ်းကျင်ကြေး(ဂရိတ်) ချမယ်၊ လိုင်းဖျက်မယ် ။ အလုပ်ထုတ်မယ် လို့ အမြဲ ခြိမ်းခြောက် ခံရတယ်။” ဆိုပြီး အမျိုးသမီး အလုပ်သမားတဦး က ပြောပါတယ် ။

 

အောစူပါဆိုသူက အော်ဟစ်ပြောဆိုတာကို စက်ရုံ HRတွေ၊ အခြားလိုင်းတွေက ဝန်ထမ်း တွေ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့မြင့်ကြပေမဲ့ တိုင်တန်းမှုဟာ အရာ မရောက် ခဲ့ဘူးလို့ အဲဒီ အလုပ်သမားက ဆက်ပြောပါတယ်။  

 

“ရုံးပေါ်ကို တိုင်လို့ရတယ်။ တိုင်လည်း တိုင်တဲ့သူပဲက အရေးယူခံရတာ။ ဂရိတ်ချတာတို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်တာက အလုပ်နဲ့လစာကို ထိခိုက်မှာ စိုးရိမ်ကြတယ်။ နောက် အော်ကြီးဟစ်ကျယ် ပြောတာက အရမ်း ရှက်ဖို့ကောင်းတာ" လို့ အမျိုးသမီးအလုပ်သမား က ဆက်ပြောပါတယ်။

 

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကို လူပါး ဝတယ် ဆိုပြီး အကြိမ်ကြိမ် အော်ဟစ်ပြောဆိုခဲ့တဲ့ အပြင် “ကောင်မ” ဆိုပြီးတာ သုံးနှုန်းတာ ကြောင့် ပြောဆိုခံရတဲ့ အလုပ်သမားအနေနဲ့ အရှက်တကွဲဖြစ်ရတယ် လို့ စက်ရုံ အလုပ်သမား တဦးဖြစ်တဲ့ မဇင်ဇင် က ပြောပါတယ်။

 

“သူ့ခေါင်းဆောင်တဲ့ စက်လိုင်းထဲက အလုပ်သမားလေး နှစ်ယောက်လောက် ဂိတ်ပတ်စ် တောင်းတဲ့ ကိစ္စရယ်၊ ခွင့်တိုင်တဲ့ ကိစ္စရယ်ကို ပြောဆိုနေတာ ကြားမကောင်းဘူး။ ခံနေရသူတွေတော့ မသိဘူး ။ ကြားရတဲ့သူတောင် စိတ်မကောင်းဖြစ်ရတယ်” လို့ မဇင်ဇင်က ပြောပါတယ်။ 

 

အဲဒီလို အလုပ်သမားကို ကာအိဒ္ဒြေပျက်အောင် ပြုမူပြောဆိုတာတွေအတွက် စက်ရုံဘက်က တားဆီးတာမရှိဘူးလို့သိရပါတယ်။

 

Eslite Garment Co.Ltd အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၂၇၀၀ ဝန်းကျင်ရှိပြီး နိုင်ငံခြားသားဝန်ထမ်း ၆၀ နီးပါးရှိ တယ်လို့ သိရပါတယ်။ 

 

ပြီးခဲ့နှစ်က စက်ရုံ အတွင်း နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ မန်နေဂျာဆိုသူ အမျိုးသမီး တဦးရဲ့ ဖိနှိပ်မှုတွေကို Myanmar Labour News မှာ ဖော်ပြခံထား ရပါတယ်။ 

 

Eslite Garment စက်ရုံကို ထိုင်ဝမ် နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှု့ဇုန်၊ မောင်ကျန်သီးလမ်းက အဲဒီ စက်ရုံမှာ AIGLE 1853 အမှတ်တံဆိပ် ဂျာကင်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထား ပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026