NEWS

အထည်ချုပ်စက်ရုံများ ကျွမ်းကျင်ကြေး ဖြတ်တောက်မှု ရှိနေ

CoverLogo
596 Views
ရန်ကုန်မြို့က စက်မှုဇုန်တွေက အထည်ချုပ်စက်ရုံတွေမှာ အကျိုးအကြောင်း ပြောဆိုတာတွေ မရှိဘဲ ကျွမ်းကျင် ကြေး ဖြတ်တောက်တာတွေ ရှိနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။၂၀၂၃ ၊ အောက်တိုဘာလ မတိုင်မီကရရှိခဲ့တဲ့ ကျွမ်းကျင်ကြေးထက် များစွာလျှော့ချ ဖြတ်ထောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံဘက်က ကျွမ်းကျင်ကြေးတွေ တဝတ်နီးပါး လျှော့ချထားတယ်။ အဲဒါကြောင့် အလုပ်သမားတဦး စီရဲ့ ဝင်ငွေက ၃ပုံ ၁ပုံလောက် လျော့သွားတယ်။ ၄၈၀၀ ရတုန်းက တော်ပါသေးတယ်။ အခု ထောက်ပံ့ကြေး ဆိုတာ ကြီးရမှ လစာက တော်တော်နည်းရနေတာ ။ စားရတာလည်း မဝဘူး။ ထောက်ပံ့တာတွေလည်း မလုပ် နိုင်တော့ ဘူး။” လို့ Jiashihao(Myanmar) ရဲ့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ ဝါးတရာစက်မှုဇုန်က Gy sen-1 (Myanmar) Apparel Co.,Ltd စက်ရုံမှာ ကျွမ်းကျင်ကြေး ၃၀,၀၀၀ ကျပ် ထိတိုးမြှင့်ရရှိခဲ့ပေမဲ့ လက်ရှိ ကျပ် ၂၅,၀၀၀ ကျပ်အထိ ဖြတ်ထောက်ပြီး ကျွမ်းကျင်ကြေး ကျပ် ၅၀၀၀ သာပေးနေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတဦးက ပြောကြားပါတယ်။
အဲဒီ အလုပ်သမားဟာ Finishing Iron ရာထူးနဲ့ လုပ်ကိုင်နေတာ ၅ နှစ်နီးပါးရှိနေပြီး အလုပ်စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကျွမ်းကျင်ကြေး ၁၅၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ လုပ်သက် ၂နှစ်အကြာမျာ ကျွမ်းကျင်ကြေး ကျပ် ၃၀၀၀၀ အထိရရှိခဲ့ပေမဲ့ နောက် ၅ လအကြာမှာ ကျွမ်းကျင်ကြေး တဝတ်ကို ဖြတ်ထောက်ခံရပြီး ကျပ် ၁၅၀၀၀ သာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အကြောင်းအရင်းမသိရဘဲ ကျွမ်းကျင်ကြေး ကို နောက်ထပ် ကျပ် ၁၀၀၀၀ ထပ်မံဖြတ်တောက်တာကြောင့် ကျပ် ၅၀၀၀ သာ ရရှိနေတယ်လို့ အဲဒီအလုပ်သမား က ပြောပါတယ်။
 
“အလုပ်သမားဥပဒေမှာ အခကြေးငွေ ဖြတ်တောက်မယ်ဆိုရင် ဘာ့ကြောင့် ဖြတ်တောက်တယ်ဆိုတာကို တင်ပြ ထားရပါတယ်။ အလုပ်သမားတဦးအတွက် ရှိပြီး ခံစားခွင့်ကို အကြောင်းမဲ့ ဖြတ်တောက်ခွင့် မရှိပါဘူး။ အလရ ရဲ့ အခကြေးငွေ ပေးချေရေးဥပဒေအရ ပြန်လည် ပေးရမှာ ဖြစ်ပါတယ်။” လို့ STUM အဖွဲ့က ပြောဆိုထားပါတယ်။
 
အောက်တိုဘာလအတွင်း အလုပ်သမားဝန်ကြီးဌာနက ထောက်ပံကြေး ကျပ် ၁၀၀၀ ပေးဖို့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် မူလရရှိနေတဲ့ ကျွမ်းကျင်ကြေးတွေ ပိုမို ဖြတ်ထောက်ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ကျွမ်းကျင်ကြေး ဖြတ်တောက်တာတွေက ငါးထောင်၊ တသောင်းဖြတ်ကြသလို ။ တချို့လုပ်ငန်းရှင်တွေကတော့ လုံး၀ မပေးတော့တဲ့အထိ ရှိလာတယ်” လို့ အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။
 
နိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့ အပြင် အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ ရပိုင်ခွင့် ငွေကြေးတွေကို လျော့ချခဲ့တာကြောင့် ပိုမို ကျပ်တည်း လာနေတယ်လို့ ကျွမ်းကြင်ကြေးဖြတ်တောက်ခံထားရတဲ့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026