NEWS

အထည်ချုပ်စက်ရုံတွင် ရက်စားခေါ်ယူမှုနဲ့ လုပ်ခလစာပေးချေမှုကို တစ်ဖက်သတ်လုပ်ဆောင်နေဟုဆို

CoverLogo
914 Views

Sheng Da Ming Apparel Co, Ltd စိမ့်သာမင်း အထည်ချုပ်စက်ရုံမှာ ပိတ်ရက်တွေအတွက် ရက်စားခေါ်ယူတာနဲ့ လုပ်ခလစာ ပေးချေတာကို အလုပ်သမားတွေ အဆင်ပြေအောင် ညှိနှိုင်းပေးတာမရှိဘဲ တစ်ဖက်သတ် လုပ်ဆောင် နေတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသားက ပိုင်ဆိုင်တာဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၂) ၊ ဦးတရုတ်ကြီးလမ်းမှာ ဖွင့်လှစ်ထားတ ဖြစ်ပါတယ်။ 

စက်ရုံကိုတော့ လူဦးရေ (၆၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး သမဂ္ဂမရှိ ဘဲ အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ WCC ကော်မတီသာ ရှိနေတာ ဖြစ်ပါတယ်။ RESERVED, POLAND စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ ချိုးဖောက်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

“ဒီဇင်ဘာလလစာကို တနင်္ဂနွေနေ့ ပိတ်ရက်မှ ပေးပါတယ်။ တခြားစက်ရုံတွေဆို တနင်္ဂနွေပိတ်ရက်နဲ့ တိုက်ရင်  ၄ ရက်နေ့ထဲက ထုတ်ပေးကြပါတယ်။။ ပိတ်ရက်တွေ ရက်စားတွေကိုလည်း အလုပ်သမားတွေကို သေချာ ပြောတာ မရှိဘဲ စက်ရုံမန်နေဂျာက သူလုပ်ချင်သလိုလုပ်ပြီး ရက်စားတွေကို ဆင်းခိုင်းပါတယ်။ ပုံမှန် လစာပေးရက်တွေဆို လည်း အမြဲလိုလို အချိန်ကို နောက်ကျပြီးမှ ပေးပါတယ်။ အလုပ်သမားတွေအတွက် အဆင်မပြေပါဘူး။ အခုလဲ ၄ ရက်နေ့ ထုတ်ပေးရမှာကို ထုတ်မပေးဘဲနဲ့ ရက်စားဆင်းမှ လစာပေးမယ်လို့ အကျပ်ကိုင်ပြီး လစာကို  ၅ ရက်‌နေ့ တနင်္ဂနွေနေ့မှ ပေးပါတယ်” လို့ အဲ့ဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံမှာ မနက် (၈) နာရီကနေ ညနေ (၆) နာရီ (၃၀) မိနစ်အထိ အလုပ်လုပ်ကိုင်ရတာဖြစ်ပြီး မြန်မာမန်နေဂျာ  အမျိုးသမီး အလုပ်ဝင်ရောက်လာပြီး နောက်မှာတော့ ည (၇) နာရီ (၃၀) အထိ အချိန်တိုး လုပ်ကိုင်နေရပါတယ်။ 

ဒါ့အပြင် အောလင်း၊ အောနိုက်တွေအပြင် စနေနေ့တွေမှာလည်း ကြိုတင်အသိမပေးဘဲ အချိန်ပိုတွေ ခေါ်ယူနေတာ ပဲ ဖြစ်ပါတယ်။

“အချိန်ပိုမဆင်းရင် မန်နေဂျာအမျိုးသမီးက ဆဲဆိုကြိမ်းမောင်းပါတယ်။ နောက်ပြီး တရုတ်သူဌေးရဲ့ ညီမတွေ၊ တူမတွကလည်း စက်ရုံမှာနေရာကြီးကြီးတွေယူပြီး အလုပ်သမားတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောပါတယ်။ ကျွန်မတို့ ကို -သည်မ၊ အောက်တန်း-မတွေ၊  ‌ေ-ာက်ကောင်မတွေလို့ အမြဲတမ်း ဆဲဆိုနေပါတယ်။ ဆဲခံရတာကို မကျေ နပ်ရင် ကြိုက်တဲ့ရုံးကိုသွားတိုင် သူဌေးကပိုက်ဆံပေးလိုက်ရင် ပါးစပ်ပေါက်တွေ အကုန်ပိတ်တယ်လို့ ပြောပါတယ်” လို့ အဆဲခံရသူတစ်ဦးက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ အချိန်ပိုတွေခေါ်ယူရာမှာ အလုပ်သမားတွေ သဘောဆန္ဒကောက်ခံဖို့ ၊ လုပ်ခလစာ ထုတ်ရက်တွေကို အချိန်ပိုမခေါ်ဘဲ ပုံမှန်အလုပ်ချိန်ထက် အနည်းဆုံး မိနစ် (၃၀) စောထုတ်ပေးဖို့၊ စနေနေ့နဲ့ လစာ ထုတ်ရက်တိုက်ပါက အချိန်ပိုမခေါ်ဘဲ လစာထုတ်ပေးဖို့၊ မန်နေဂျာနဲ့ သူဌေးရဲ့ ညီမ၊ တူမတွေက အလုပ်သမား တွေကို မဆဲဖို့၊ ရိုင်းစိုင်းစွာ မဆက်ဆံဖို့ကို လုပ်ငန်းခွင် စည်းမျဉ်းအတိုင်းသူဌေးက တာဝန်ယူဆောင်ရွက်ပေးဖို့၊  WCC ကော်မတီကို ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ အလုပ်ပိတ်ရက်တွေကို အချိန်ပိုခေါ်ယူပါက အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီး  အသိပေးဖို့နဲ့ ပိတ်ရက်သတ်မှတ်ပေးဖို့ စတာတွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားတယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026