NEWS

အထည်ကြေး ၁ သိန်းဖိုးမပြည့်တဲ့အလုပ်သမားကို ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်ဖြတ်တောက်

CoverLogo
1K Views

ဂျပန်အမှတ်တံဆိပ် CINEMA CLUB  အဝတ်အထည်တွေချုပ်လုပ်တဲ့ စက်ရုံမှာ တစ်ကတ်စနစ် (ticket )နဲ့ချုပ်လုပ်နေပြီး တစ်လလျင် အထည်ကြေး ၁ သိန်းဖို့ မပြည့်ပါက အစိုးကသတ်မှတ်ထားတဲ့ ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် ထည့်သွင်းပေးချေတာမရှိဘဲ အထည်စံချိန်အကို အလွန်အကျွံသတ်မှတ်တောင်းခံပြီး ချုပ်လုပ်ရန် ခိုင်းစေခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဝက်မစွပ် ဝန်ထောက်လမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Hanboom(Myanmar)Co.,L.td   အထည်ချုပ်စက်ရုံမှာ အခုလို ခိုင်းစေနေတာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမား ၃၀၀၀ ကျော်ရှိပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ လည်း ဖွဲ့စည်းမထားဘူးလို့သိရပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်ချိန် နံနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲသတ်မှတ်ထားပြီး အချိန်ပိုရှိပါက ည ၆ နာရီ ၄၀ ထိ အလုပ်လုပ်ကိုင်ရတာလို့ အလုပ်သမားကပြောပါတယ်။

ပေးချေနေတဲ့ လုပ်ခနှုန်းထားကတော့ ဒေးကြေး ၄၈၀၀ ကျပ်နှုန်း  ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် (တစ်လလျှင်)၊ ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ( တစ်လလျှင်) ၊ တစ်ကတ်ကြေး စနစ်နဲ့ လုပ်ကိုင်နေရတာဖြစ်ပြီး တစ်ကတ်ကြေး အထည်ဖိုး ၁ သိန်းမပြည့်ပါက ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အလုပ်ရှင်ဘက်က တစ်ကတ်ကြေးဆိုပြီး အလုပ်သမားတွေမချုပ်နိုင်တဲ့ စံချိန်တွေ အဓမ္မတောင်းခံပါတယ် အထည်စံချိန်ကို တစ်ရက်ထက် တစ်ရက် မတူဘူး တိုးတောင်းတာ ပထမနေ့မှာ အထည် ၃၀၀ တောင်းရင် နောက်နေ့မှာ ၅၀၀ ထိတောင်းတယ် စံချိန်မရရင် စူပါ တွေက အော်ဟစ်ဆဲဆိုပြီးတောင်းတာ ပွိုင့်သေးတဲ့လူတွေဆိုရင် အထည်ကြေး တစ်သိန်းဖိုးကဘယ်လိုမှ မပြည့်နိုင်ဘူး"လို့ အလုပ်သမားကပြောပါတယ်။

လက်ရှိလုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ အထည်ကြေး ၁ သိန်းကျော်မှသာ ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် ထည့်သွင်းပေးတာဖြစ်လို့ အလုပ်သမားအများစုက အဆိုပါ ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် မရရှိဘဲ ဒေးကြေး ၄၈၀၀ နှုန်းနဲ့သာ ရရှိတယ်လို့ ပြောဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေအထည်ချုပ်လုပ်ရာမှာ နိုင်ငံခြားသားများမှ တိုက်ရိုက် အုပ်ချုပ်ပြီး ခွင့်ယူပါက ရက်မှန်ကြေးတွေဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

"စက်ရုံမှာ အထည်စံချိန်မပြည့်လို့ ပဲထည်များလို့ ဆိုပြီး စူပါတွေက အတင်းဖိအားပေးပြီး တနင်္ဂနွေ နေ့တွေပါ အချိန်ပိုဆင်းခိုင်းပါတယ် အချိန်ပိုကြေးမပေးဘဲ အလကားခိုင်းတာပါ ငြင်းဆန်ခွင့်လည်း မရှိပါဘူး အပြစ်မရှိအပြစ်ရှာပြီး အလုပ်ထုတ်တာ ဝမ်တိမ်လက်မှတ် အတင်းထိုးခိုင်းတာတွေ လည်းလုပ်ပါတယ် စက်ရုံအလုပ်ဆိုပေမဲ့ ရင်တမမနဲ့ လုပ်နေရတာ "လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲကအလုပ်သမားတွေကို ကြီးကြပ်သူတွေ စူပါတွေမှ အော်ဟစ်ဆဲဆိုခိုင်းစေခြင်းမပြုရန်  နိုင်ငံခြားသားများ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုရန် ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်အား အလုပ်သမားတွေတန်းတူခံစားခွင့်ပေးရန် အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ သတ်မှတ်တောင်းခံရန် ဥပဒေပါခွင့်တွေ ယူပါက ရက်မှန်ကြေးမဖြတ်တောက်ရန် နှင့် ဂိတ်ပက်ယူပါက ရက်မှန်ကြေး မဖြတ်တောက်ရန် အချိန်ပိုကို အလုပ်သမားတွေရဲ့ သဘောဆန္ဒဖြင့်သာ ခေါ်ရန်နှင့် အချိန်ပို လုပ်အားခကို ဥပဒေအတိုင်းတွက်ချက်ပေးရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026