နိုင်ငံ့ဝန်ထမ်း တွေ နဲ့ အငြိမ်းစားဝန်ထမ်း တွေ ကို ဩဂုတ် ၁ ရက်မှစ ပြီး အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုမယ်လို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့မှာ အတည်ပြုကြေညာ လိုက်ပါတယ်။
နိုင်ငံ့ဝန်ထမ်း တွေ နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာ မှာ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေဖို အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတိုကို ဆောင်ရွက်ပေးခဲ့တယ်လို ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ပြီး နိုင်ငံ့ဝန်ထမ်း တွေ ကို လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင်တစ်လ ကျပ် ၃၀,၀၀၀/ကို လစဉ်ခံစားခွင့်ပြုခဲ့တယ်လို သိရပါတယ်။
ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင် ထပ်မံပြီး ကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမယ်လို ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြတဲ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ကို လစဉ်ခံစား ခွင့်ပြုမယ်လို သိရပါတယ်။
ယင်း ထောက်ပံ့ကြေး တွေ ကို ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစတင် ခံစားခွင့်ပြုမှာဖြစ်တယ်လို ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။