NEWS

အင်းစိန်အကျဥ်းထောင်မှာ သေဒဏ်ချမှတ်ခံရသူစာရင်းတစ်ရာကျော်ရှိနေပြီး သေဒဏ်အပေါ်ထပ်မံစီရင်မှုတွေရှိနေ

CoverLogo
1.3K Views

အင်းစိန်အကျဥ်းထောင်မှာ အင်းစိန်အကျဥ်းထောင်မှာ သေဒဏ်ချမှတ်ခံရသူစာရင်းတစ်ရာကျော်ရှိနေပြီး ဇူလိုင်၂၅ရက်နောက်ပိုင်း  သေဒဏ်စီရင်မှုတွေ ထပ်မံစီရင်မှုတွေရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းအဖွဲ့မှ သိရပါတယ်။

"အခုက သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားက ရာနဲ့ချီပြီးရှိတယ်။ မျက်ကွယ်ရောမျက်မြင်ရောပေါ့။ ဇူလိုင်၂၅ရက်နောက်မှာတင်ကိုပဲ သေဒဏ်စီရင်မှုတွေရှိနေတယ်ဆိုတာ ထောင်နဲ့နီးစပ်သူတွေဆီကနေ သိရတယ်။ ဘယ်နှစ်ယောက်ကိုစီရင်လိုက်ပြီလဲဆိုတာတော့ အတိအကျမသိရသေးတာပဲရှိတယ်"လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က ပြောပါတယ်။

ဇူလိုင် ၂၃ရက်က အင်းစိန်အကျဥ်းထောင်မှာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အကျဥ်းထောင်အာဏာပိုင်တွေက စီရင်ခဲ့ပြီးနောက်မှာ ထပ်မံ၍ စီရင်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၅ရက်နောက်ပိုင်းမှာ သေဒဏ်စီရင်ခံရတာ ၁၀ယောက်ကျော်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

အခုလို နိုင်ငံရေးအကျဥ်းသားတွေအပေါ် သေဒဏ် ချမှတ်စီရင်ခဲ့တဲ့အတွက် ဇူလိုင် ၂၅ရက်မှာအကျဥ်းထောင်အသီးသီးမှာရှိတဲ့ အကျဥ်းသားတွေက ဆန္ဒပြမှုတွေ ဆူပူမှုတွေ လုပ်ဆောင်ခဲ့တာကြောင့်  ထောင်အာဏာပိုင်တွေက ပစ်ခတ်နှိမ်နှင်းတာ၊  ဝိုင်းရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တာ ကြောင့်  အကျဥ်းသားအချို့အပြင်းထန်ဒဏ်ရာရရှိမှုတွေရှိတယ်လို့လည်း ၎င်းပြောဆိုချက်အရ သိရပါတယ်။

''လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ  တစ်သောင်းကျော်ပါပြီ။ ဒါကလက်လှမ်းမီသလောက်ပါပဲ။ လက်လှမ်းမမီတဲ့ ဖမ်းဆီးသတ်ဖြတ်ညှင်းပန်းနှိပ်စက် အလောင်းဖျောက်ဖျက်လိုက်တာကရော ဘယ်လောက်အထိရှိနေမလဲဆိုတာ သူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်''လို့ဆိုပါတယ်။

လက်ရှိမှာ တရား၀င်အချက်အလက်တွေစုစောင်းထားချက်အရလက်ရှိ AAPP ရဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရသူဦးရေဟာ ၇၂ဦးရှိပြီး  မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၁ဦး၊စုစုပေါင်းသေဒဏ် ၁၁၃ ဦးချမှတ်ခံထားရတာပဲဖြစ်ပါတယ်။

အကျဥ်းထောင်အသီးသီးမှာ ဖမ််းဆီးခံရတဲ့သူများ တစ်သောင်းကျော်ရှိပြီး   အဲ့ဒီဖမ်းဆီးခံထားရတဲ့သူထဲမှာမှ ပုဒ်မအမျိုးမျိုးနဲ့ ဆွဲချက်တင်ဖမ်းဆီး ထောင်ချထားခံရသူက  ထောင်ချီရှိနေပါတယ်။

ယခုလို  လူဖမ်းပွဲတွေ  ကမ္ဘာကျော်လူသတ်ပွဲတွေဆက်လုပ်နေတာဟာ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး ချိုးဖောက်နေခြင်းဖြစ်တဲ့အပြင်   ထောင်အသီးသီးမှာလည်း နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ခေါင်းမထောင်နိုင်အောင်ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ ဦးချိုးနေတဲ့ ယန္တယားသည်လည်း မြန်မာနိုင်ငံမှာရှိတဲ့ထောင်အသီးသီးမှာပဲဖြစ်တယ်လို့ဆိုပါတယ်။


 


Related posts

Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025