NEWS

အခြေခံအလုပ်သမားသမဂ္ဂဥက္ကဌကိုသွင်အောင် (ခ )ကိုရဲရင့်ကိုပုဒ်မ၅၀၅(က) နဲ့စစ်ကောင်စီကထောင် ၃ နှစ်ချ

CoverLogo
347 Views

မတ်လပိုင်းလောက်ကစစ်ကောင်စီတပ်တွေစက်ရုံထဲအထိဝင်ရောက်ဖမ်းစီးရာမှ ထွက်ပြေးတိမ်းရှောင်နေစဥ် စက်တင်ဘာလပိုင်းမှာ ဖမ်းဆီးခြင်းခံထားရတဲ့ GASAN Apparel စက်ရုံအခြေခံလုပ်သားသမဂ္ဂဥက္ကဌ ကိုရဲရင့်(ခေါ်)ကိုသွင်အောင်ကို စစ်ကောင်စီကယခုလက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှု့ပုဒ်မ၅၀၅-ကနဲ့တရားစွဲပြီးနောက်ထောင်ဒဏ်သုံးနှစ်ချလိုက်တယ် လို့နီးစပ်သူတွေက MLN ကိုပြောပါတယ်။

"အောက်တိုဘာ၂၉ရက်နေ့ကပဲအမိန့်ချလိုက်တာ သူကအာဏာသိမ်းစဖေဖော်ဝါရီ၆ရက်အလုပ်သမားသပိတ်ဦးဆောင်သူတွေထဲမှာပါတယ်ဆိုပြီး စကစကစက်ရံထဲအထိဝင်ဖမ်းတာမမိဘဲ၉လပိုင်းကျမှမိတာခုကျတော်တို့သိရသလောက်၅၀၅-ကနဲ့ဆွဲတာ"လို့ကိုရဲရင့်နဲ့နီးစပ်တဲ့အလုပ်သမားအသိုင်းအဝိုင်းကပြောပါတယ်။

စစ်ကောင်စီတပ်တွေကအာဏာသိမ်းပြီးချိန်ကစပြီး အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့နယ်ပယ်အသီးသီးကတတက်ကြွလှုပ်ရှားသူတွေကိုပါနိုင်ငံတော်အကြည်ညိုပျက်စေမှု့အပါအဝင်ပုဒ်မမျိုးစုံနဲ့တရားစွဲဆိုထောင်ချခဲ့တာပါ။


Related posts

Cover
အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု ဖြေရှင်းပေးစေလိုဟုဆို
Aug 18, 2025
Cover
Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025
Cover
Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_
Aug 17, 2025
Cover
Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025
Cover
အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြေရှင်းပေးဖို့ အလုပ်သမားတွေပြော
Aug 17, 2025
Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025