NEWS

အချိန်ပို ဖိအားပေးခိုင်းစေမှုကြောင့် အခက်တွေ့နေဟုဆို

CoverLogo
707 Views
 
လုပ်ငန်းခွင်အတွင်းအချိန်ပို မဆင်းမနေရဖိအားပေးခြိမ်းခြောက်ခိုင်းစေတာအပြင် ဆဲဆိုခိုင်းစေမှုတွေကြောင့် အခက်အခဲဖြစ်ပေါ်နေရတယ်လို့ Lucky Fortune Co.,ltd အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
အလုပ်ချိန် နံနက် ၈ နာရီကနေ ည ၈ နာရီခွဲကနေ ၉ နာရီခွဲအထိ အလုပ်လုပ်ကိုင်ရတာဖြစ်ပြီး အချိန်ပို မဆင်းပါက ရိုင်းစိုင်းစွာဆဲဆိုခိုင်းစေတာတွေ ပြုလုပ်တာကြောင့် ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
"အခုက နိုင်ငံရေးအခြေအနေကြောင့် အဖမ်းအဆီးတွေလည်းရှိနေတယ်၊ မလုံခြုံနေဘူးပေါ့နော်၊ အချိန်ပိုကို ဆင်းချင်တဲ့သူဆင်းခိုင်းရမှာလေ အခုကျတော့ မဆင်းရင် နားမခံနိုင်အောင်ပြောဆိုနေတော့ မဆင်းချင်လည်းဆင်းနေရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
စက်ရုံက အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၄၊ ဆရာဦးထွန်းလမ်းမှာဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်ကာ လုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ AC&CO အမှတ်တံဆိပ် ဝယ်လွန်သား ဘောင်းဘီ၊ ကုတ်အင်္ကျီထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။
 
"အထည်တွေပုံနေတယ်ဆိုပြီး မဆင်းမနေရ ည ၈ ခွဲ၊ ၉ ခွဲထိဆင်းခိုင်းတာပါ၊ ဖိအားပေးတယ်၊ မဆင်းရင် ဂရိတ်ချမယ်ဆိုပြီးပြောတယ်၊ စူပါတွေဆဲတာလည်းခံရသလို အငြိုးအတေးလဲထားခံရတယ်"လို့ နောက်ထပ်အလုပ်သမားတစ်ဦးကပြော
ပါတယ်။
 
အလုပ်သမား ၄၀ ကျော်ရှိတဲ့ စက်လိုင်းတလိုင်းမှာ တနာရီကို အထည်ကောင်း ၄၀ ချုပ်လုပ်ပေးရပြီး အထည်မပြည့်ပါက မိုက်နဲ့ပြောဆိုပြီး အထည်ကြေးမပေးဘူး ဆုကြေးမပေးဘူး စသဖြင့် ပြောဆိုပြီး ကြိုက်တဲ့နေရာသွားတိုင်နိုင်ကြောင်းလည်း လူမိုက်ဆန်ဆန်ပြောဆိုခိုင်းစေနေတာလို့ အလုပ်သမားတွေကပြောထားပါတယ်။
 
လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ မဖြစ်မနေဖွဲ့စည်းရတဲ့ WCC အဖွဲ့ကိုလည်း အလုပ်သမားတွေက မဲပေးရွေးချယ်ထားတာမဟုတ်ဘဲ အလုပ်ရှင်ဘက်က စိတ်ကြိုက်ရွေးချယ်ထားပြီး လွှမ်းမိုးချုပ်ကိုင်ထားတာကြောင့် ညှိနှိုင်းဖြေရှင်းရေးဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ ရှောင်တခင်ခွင့်မရတာ လူမှုဖူလုံရေးဆေးခွင့်ကို အလုပ်သမားတိုင်းခံစားခွင့်မရဘဲ နစ်နာနေရတာတွေရှိိတယ်လို့ ဆိုပါတယ်။
 
ကျန်းမာရေးမကောင်းလို့ ဆေးခွင့်ယူပြီး အလုပ်တရက်ပျက်ပါက ဒေးကြေး၊ ထောက်ပံ့ကြေး ရက်မှန်ကြေး စုစုပေါင်း ၅၀၀၀၀ ဝန်းကျင်ဖြတ်တောက်ခံရတာကြောင့် နစ်နာနေရတယ်လို့ ပြောပါတယ်။
 
အခုလို လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေကို ဖြေရှင်းပေးစေလိုပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ရေးအတွက် 
အောက်ပါအချက်တွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေအနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ လုပ်ငန်းခွင် wccကို အလုပ်သမားများ ရွေးချယ်သော wccကို ပြန်လည်ရွေးချယ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ မချုပ်လုပ်နိုင်သော အထည်စံချိန်များကို မတရားတောင်းခံနေခြင်း မပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီတွေကို ဖိအားပေးပြီးဆင်းခိုင်းခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်က အောစူပါ၊ စူပါများက အထည်စံချိန်တောင်းခံရာတွင် ဆဲဆိုခြင်းမပြုလုပ်ရန် စတာတွေဖြစ်တယ်လို့ Lucky Fortune Co.,ltd အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026