NEWS

အချိန်ပို ကြေးမရရှိဘဲ အလကားဆင်းပေးနေရ

CoverLogo
1.4K Views

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် စက်မူဇုန် (၂) ရှိ Lian Cheng(Myanmar) လျှန်ချန်း အထည်ချုပ် စက်ရုံတွင် အလုပ်ပိတ်ရက်မရှိ အလုပ်ခေါ်တာတွေ ည ၈နာရီခွဲအထိ OT ခေါ် OTကြေး ပိုက်ဆံမရရှိဘဲ အလကားအလုပ်လုပ်ပေးနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

အချိန်ပို ခေါ်ရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကောက်ယူတာမရှိသလို အများပြည်သူရုံးပိတ်ရက်တွေမှာ ပါနားခွင့်မရှိဘဲ အခက်အခဲမျိုးစုံနဲ့လုပ်ကိုင်နေရတယ်လို့အလုပ်ကမားကပြောဆိုပါတယ်။

 

" အလုပ်သမား ဆန္ဒမကောက်ယူဘဲ OT မဆင်းချင်လဲဆင်းရမယ်ဆိုပြီး OT ခေါ်တာ တစ်နှစ်ကျော်ပြီ တနဂ်နွေနေ့တွေဆိုလဲ အတင်းအကြပ်ဆင်းခိုင်းတဲ့အပြင် ည၈ခွဲထိ OT ဆင်းပေးရတယ် OTကြေးမရဘူး ထမင်းစားချိန် မိနစ် ၃၀ကိုလဲအပြည့်မရရှိဘူး ၊Ticket(တစ်ကတ်)ကြေးနဲ့ပေးတယ်ဆိုပြီး OTကြေးလဲမပေးဘူး ဒေးကြေးလဲမပေးဘူး "လို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ဥပဒေပါခွင့်တွေ မရရှိသလို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အလုပ်မှထုတ်ပယ်ပြီး အလုပ်သမားများလည်းမကြာခဏ နှုတ်ထွက်တာရှိနေတယ်လို့ ဆိုပါတယ်။

 

" ဥပဒေပါခွင့် တွေမရရှိဘူး ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတွေဆိုအလုပ်ထုတ်ပြစ်တယ် ၊ ဆဲဆိုတယ်မလုပ်နိုင်ရင်အလုပ်ထွက်ခိုင်းတယ်၊ စက်ရုံမှာ နှစ်ကြီးသမားမရှိဘူး အမြဲ သုံးလ လေးလသမားတွေပဲရှိတယ် ဒဏ်မခံနိုင်လို့ အလုပ်ထွက်ကုန်ကြတာ လို့ " အလုပ်သမားတစ်ဦးကထပ်မံပြောဆိုပါတယ်။

 

ယင်းကဲ့သို့ချိုးဖောက်ခံရမှုတွေကို သက်ဆိုင်ရာ ဌာနတွေက စိစစ်ပြီးအရေးယူတာမရှိဘူးလို့လည်း အလုပ်သမားကပြောပါတယ်။

 

အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်သမား တစ်ထောင်ဝန်းကျင်နဲ့ ZARA brand ကိုချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026
Cover
Costec အထည်ချုပ်အလုပ်သမားများ ဆန္ဒပြ တောင်းဆို
Jan 22, 2026
Cover
COSTEC အထည်ချုပ်စက်ရုံ ဒေးကြေး ကျပ် ငါးရာ တိုးပေးပြီးနောက် အလုပ်သမားခေါင်းဆောင်အား အလုပ်ဖြုတ်
Jan 22, 2026
Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026